စစ်ပြေးဒုက္ခသည်များသတင်း

အင်းတော်နယ်ထဲက စစ်ဘေးရှောင်ကျေးရွာအချို့ နေရပ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်နေတဲ့ကျေးရွာတွေထဲက ပြည်သူအချို့နေရပ်ပြန်ကြပြီလို့သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ဘေးရှောင်နေရတဲ့ မော်တိတ်ရွာ၊အောင်းကုန်းရွာနဲ့ တုံ့တော်ကျေးရွာတွေထဲကပြည်သူတစ်ချို့ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နေရပ်ပြန်လာကြပြီလို့ အောင်းကုန်းကျေးရွာနေပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

ကားလမ်းဘေးနဲ့နီးတဲ့ရွာတွေကတော့သိပ်မပြန်ကြသေးဘူး အခုပြန်ကြတဲ့ရွာတွေက ကားလမ်းနဲ့အလှမ်းဝေးတဲ့ကျေးရွာတွေပြန်ကြတာ တုံ့တော်ဆိုရင်တော့ ကားလမ်းနဲ့ဝေးတော့ အများပိုင်းပြန်သွားကြပြီ အောင်းကုန်းနဲ့မော်တိမ်ကတော့ အဲ့လောက်မပြန်ကြသေးဘူး နည်းသေးတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

မော်တိတ်ဒေသဟာ အင်းတော်ဗန်းမောက် ကားလမ်းပိုင်းပေါ်မှာရှိတာဖြစ်ပြီး မော်တိတ်ဒေသထဲက စစ်ဘေးရှောင်ခဲ့ရတဲ့ရွာပေါင်း ၁၀ ရွာခန့်ထဲက လက်ရှိအင်းတော်ဗန်းမော်ကားလမ်းနဲ့ဝေးတဲ့ကျေးရွာ သုံးရွာ လောက် သာနေရပ်ပြန်ကြတယ်လို့သိရပါတယ်။

 စစ်ရှောင်နေကြရတဲ့ မော်တိတ်ဒေသထဲက ရွာတွေဟာ အောင်းကုန်း၊ အင်ပင်၊ နန့်သာ၊ မော်တိတ်၊ ကျွန်းတော၊ ရွာသာရွာ၊ တုံးပုကျေးနဲ့ တုံ့တော်၊ အင်ပင် စတဲ့ကျေးရွာတွေက ပြည်သူတွေဖြစ်ပြီး လက်ရှိ အောင်းကုန်းကျေးရွာထဲက အိမ် ခြေ ၁၀ အိမ်ကျော်၊ မော်တိတ်ရွာထဲက အိမ်ခြေ ၁၀ လုံးကျော်နဲ့ တုံ့တော်ထဲက အိမ်ခြေ ၁၆၀ လောက်သာနေရပြန်ကြတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မော်တိတ်ဒေသထဲမှာ ၂၀၂၃ ခုနှစ် မတ်ကတည်းက နန့်သာရွာမှာ စစ်ကြောင်းတစ်ကြောင်း မော်တိတ်ရွာထဲကမှာ စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်တပ်စွဲခဲ့ပြီး မော်တိတ်မှာတပ်စွဲခဲ့တဲ့ စစ်ကြောင်းဟာ ၂၀၂၃ စက်တင်ဘာလ က အင်းတော်မြို့ထဲကိုတပ်ဆုတ်သွားပြီးနောက် စစ်ကြောင်းထိုးတာတွေမရှိတော့တဲ့အတွက်ပြည်သူအချို့နေရပ်ပြန်ကြတာလို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကြောင်းမလာတော့ဘူးလေ ကြာပြီ အဲ့ ၉ လနောက်ပိုင်းကနေမလာတော့တာ စစ်ကြောင်း ကအခုနန့်သာရွာဘုန်းကြီး ကျောင်းမှာတစ်ကြောင်းပဲကျန်တော့တယ်သူတို့လည်းမထွက်လာရဲတော့ဘူးလေ စစ်ကြောင်းမထိုးတော့ဘူးဆိုတော့တချို့နေရပ်ပြန်ချင်တဲ့လူပြန်ကြတာပေါ့အခုကတစ်ဖြေးဖြေးချင်းစဝင်နေပါပြီလို့ အထက်မှာဖော်ပြခဲ့တဲ့အောင်းကုန်းကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိနေရပ်ပြန်ကြတဲ့ အောင်းကုန်းကျေးရွာဟာ အိမ်ခြေ ၄၀ဝ ကျော်၊ မော်တိတ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ နဲ့တုံ့တော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိတာလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button