စစ်ဘေးရှောင်

  • Oct- 2023 -
    16 October
    သတင်း

    ခင်ဦးမှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူဟာ ရွှေဘိုနယ် အနောက်တောင်ဘက်ခြမ်းက ညောင်ပင်စုကျေးရွာသား အသက် ၄၅နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ “သူတို့က ၁၅ရက်နေ့မနက်ပိုင်းမှာ ရွာစဥ်ခြေလျင်စစ်ကြောင်းဝင်တာ…

    Read More »
  • 10 October
    သတင်း

    လေကြောင်းပစ်ခတ်မှုမှာ ကျန်ရစ်တဲ့လသားအရွယ်ကလေးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    လိုင်ဇာမြို့ မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရချိန် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်သွားတဲ့အတွက် စစ်ဘေးရှောင် ၂၉ ဦးနဲ့ ကလေးသူငယ်အပါအဝင် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အရပ်သားပြည်သူ ၅၆ ဦးထဲက မိဘသေဆုံးသွားလို့ ကျန်ရစ်ခဲ့တဲ့ကလေးငယ်တွေလည်း ပါဝင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။ “ခုအဲတစ်လသားလေးက သူ့အဒေါ်ရဲ့နို့စို့နေရတာ သူ့အဒေါ်ကလည်း ဒီရက်ပိုင်းဘဲမီးဖွား ထားတော့ သူ့အဒေါ်နို့စို့နေတယ်။လောလောဆယ်တော့ အဲလိုဖြေရှင်းနေရတယ်။အဓိကတော့ ကလေးတွေအတွက် နို့ဗူးတွေ ပြီးတော့ လသားအရွယ်ရဲ့အထက်က ၂ ယောက် ရှိတယ်။ အဲဒီ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်ရထားတယ်။အဲတော့ကလေးတွေအတွက် လိုအပ်တာတော့အများကြီးရှိတယ်။သူတို့အမေက သူတို့ကိုကွယ်ပေးရင်း ပွဲချင်းပြီးသေဆုံးသွားတာ”လို့ ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ သား ၃ ဦးဟာ အသက် ၉ နှစ်အရွယ်တစ်ဦးနဲ့၊အသက် ၄ နှစ်အရွယ် တစ်ဦး၊တစ်လသားအရွယ်တစ်ဦးအပြင် နောက်ထပ်ကလေးသူငယ် ၄ ဦးကတော့ မိဘတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီထဲက အသက် ၄ နှစ်အရွယ်တစ်ဦးက လက်တစ်ဖက်ကျိုးထားတယ်လို့ သိရပြီး အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်နေကာ လက်ရှိဆေးရုံမှာဆေးကုနေသူ ကလေးသူငယ် စုစုပေါင်း ၇ ဦးအထိရှိတယ်လို့ သူက ဆက်ပြောပါတယ်။ “လသားအရွယ်က သူ့အမေရဲ့ခန္ဓာကိုယ်အောက်မှာဖွက်ထားသလိုဖြစ်နေတော့ ဘာမဖြစ်ဘူး။ သားအလတ်ဖြစ်တဲ့ ၄ နှစ်အရွယ်က လက်တစ်ဖက်ကျိုးထားတယ်။ သူတို့အိမ်ကတော့ တစ်စစီဖြစ်သွားပြီ အဲကလေးတွေကို ဘယ်လိုပြောရမလဲ မာတဲ့ဟာတစ်ခုခုက ကာထားလို့အသက်ရှင်တာ”လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။ မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ ညီအစ်ကို ၃ ဦးမှာအဖေရှိတယ်လို့ သိရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်လို့မရသေးဘူးလို့ သိရပါတယ်။ အောက်တိုဘာလ ၉ ရက်ည လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ “ဖြစ်နိုင်ရင် အဲငြင်းနေတဲ့စစ်တပ်က လာကြည့်ပါလို့ဘဲပြောချင်တယ်။ ကျနော်တို့ ထမင်စားတဲသူတွေပါ လက်နက်ကြီးရဲအားက ဒီလောက်ထိမပြင်းဘူးဆိုတာ ကျနော်တို့သိတယ်။ ပြီးတော့ တစ်ချို့ကပြောကြတယ် လေယာဉ်သံမကြားဘူး ဘယ်ကြားမလဲ ညသန်းခေါင်လေ လူတွေအိပ်မောကျနေချိန် ခုအသက်ရှင်ကျန်နေတဲ့သူတွေထဲမှာ လေယာဉ်သံကြားတယ်လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ်”လို့ မုန်လိုင်ခက် စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ရဲ့ ငြင်းဆိုမှုဟာ မမှန်ကန်ကြောင်းနဲ့ ဒါဟာစစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

    Read More »
  • Sep- 2023 -
    20 September
    သတင်း

    ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်များစားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေ

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာ နဲ့ ဟံသာဝတီကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေး ရှောင်ကူညီနေသူ ကိုသူရိန်ဇင်ဆီကသိရပါတယ်။ “ကလေးနယ်ထဲမှာ စစ်ဘေးရှောင်တွေက တော်တော်များတယ် တစ်ချို့တွေဆို ဆန်ပြုတ်ပဲသောက် နေရတာတွေရှိတယ် အခုအရေးပေါ်လိုအပ်တာကတော့…

    Read More »
  • 6 September
    သတင်း

    ကန့်ဘလူမှာ တစ်လအတွင်း စစ်ဘေးရှောင် ၁၁ ယောက်မြွေကိုက်ခံရပြီး ၂ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လအတွင်း မြွေပွေးကိုက်ခံရသူ ၁၁ ယောက်အထိရှိခဲ့ပြီး အဲ့ဒီထဲမှာ ၁၄နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ၂ ယောက်သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။ သေဆုံးခဲ့ရတဲ့သူတွေဟာ ပုဏ္ဏားကြီးရွာက အသက် ၁၄ နှစ်အရွယ် မောင်ပိုင်ဘုန်းခန့်ဆိုသူနဲ့ ပင့်သာကြီးရွာက အသက် ၂၆ နှစ်အရွယ် ကိုရန်လှိုင်ဝင်းဆိုသူတို့ဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။…

    Read More »
  • 4 September
    သတင်း

    မော်တိတ်စစ်ဘေးရှောင်တွေ ရာသီတုပ်ကွေးအဖြစ်များနေ

    စစ်ကိုင်းဒေသကြီး အင်းတော်နယ် မော်တိတ်ဒေသ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေ ရာသီတုပ်ကွေးအဖြစ်များနေလာနေတယ်  မော်တိတ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ ဒီနှစ် မတ်လကတည်းက စစ်ကောင်စီစစ်ကြောင်းတွေ မော်တိတ်ဒေသထဲမှာ ဝင်ရောက်တပ်စွဲလာတာကြောင့် တောတောင်တွေနဲ့ လယ်ခင်း၊ယာခင်းတဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေတာ ၆ လကြာမြင့်လာပြီဖြစ်တယ်လို့ မော်တိတ်ဒေသ အောင်ကုန်းရွာက ဒေသခံအမျိုးသားတစ်ယောက် KNG သတင်းဌာနကို ခုလိုပြောပါတယ်။ “ဖြစ်တာက ကလေးလူကြီးမရွေးအားလုံး ဖြစ်နေကြတာ စဖြစ်တဲ့ချိန်က ဒီသြဂုတ်လ ကုန်ပိုင်းလောက်က စဖြစ်ကြတာ မိုးရွာလိုက် နေပူလိုက်ရာသီဥတုကမမှန်တော တောင်တွေထဲဆိုတော့ဖြစ်ကြတာတစ်ယောက်ပြီးတစ်ယောက်ပါ့…

    Read More »
  • Aug- 2023 -
    23 August
    သတင်း

    ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ထွက်ပြေးရင်း အမျိုးသားတစ်ယောက် အမောဖောက်သေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရင်း အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ခင်ဦးနယ် အရှေ့တောင်ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီအဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “စစ်ကြောင်းလာတဲ့အချိန် သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ် တွေနဲ့ရမ်းသမ်းပစ်တာပေါ့ အဲ့ချိန် ကလေးတွေရော သွေးနုသားနုမိခင်တွေရော ထွက်ပြေးကြရတာပေါ့…

    Read More »
  • 16 August
    သတင်း

    ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး အသက်ကြီးရွယ်အိုတစ်ချို့တွေလည်းလေဖြတ်တဲ့ ရောဂါအဖြစ်များလာနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူဆီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ၂ကြောင်းခွဲပြီးဝင်ရောက်နေတဲ့အတွက် တောထဲထွက်ပြေးတိမ်းရှောင်နေရာကနေ ရာသတီဥတုဆိုးဝါးမှုအပြင် နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ရာသတီတုပ်ကွေးအဖြစ်များလာနေတာဖြစ်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ကျွန်တော်တို့ဘက်ခြမ်းက…

    Read More »
  • Jul- 2023 -
    10 July
    သတင်းPhoto-ပြီးခဲ့တဲ့မေလ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးနေရတဲ့ ဝက်လက်စစ်ဘေးရှောင်များ

    ဝက်လက်မှာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်း ဝက်လက်နယ်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁သောင်းကျော်ဘေးလွှတ်ရာကိုထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်း ၉နာရီလောက်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ကထွက်လာတဲ့ အင်အား၇၀ကျော်ရှိတဲ့ စစ်ကြောင်းဟာ ဝက်လက်နယ်လှတောကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ Wetlet Informational Network မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ဒီနေ့မနက်ခင်းမှာ…

    Read More »
  • 10 July
    သတင်းphoto- ၂၀၂၃ ခုနှစ် ဧပြီလကနေယနေ့ထိ ရွေကူစစ်ရှောင်များခိုလုံနေကြတဲ့ တောတွင်းတစ်နေရာ

    ရွှေကူအရှေ့တောင်ခြမ်းက စစ်ရှောင်ပြည်သူများ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့တောင် ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး ဆေးဝါး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကန သိရပါတယ်။ လွန်ခဲ့တဲ့ မတ်လကတည်းက တောတောင်တွေထဲစစ်ဘေးရှောင်နေရတဲ့မံဝင်း၊စီသာ၊ စီသောင်၊ နောင်လတ်ကြီး၊ နန့်လန်၊ မံနား၊ မံခါး၊ စီမူလေး၊စီမူကြီးနဲ့ အနီးဝန်ကျင်ကကျေးရွာပေါင်း ၁၂ ရွာက…

    Read More »
  • 5 July
    သတင်းမိုးမောက်စစ်ဘေးရှောင်

    အင်းတော်နယ်က စစ်ရှောင်သက်ကြီးရွယ်အိုတွေ ဆေးဝါးမလုံလောက်တဲ့အတွက် အသက်သေဆုံးသူများလာ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူသက်ကြီးရွယ်အိုတွေဟာ ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် သေဆုံးသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့နယ် မော်တိတ်ဒေသက နန့်သာ၊ အောင်းကုန်း၊တုံ့တော်၊ အင်ပင်၊ မော်တိတ်စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်ကာလ ၃ လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး အဲ့ဒီစစ်ရှောင်တွေထဲက အသက် ၆၀…

    Read More »
Back to top button