တိုက်ပွဲ
-
Mar- 2024 -15 Marchသတင်း
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ
ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။
Read More » -
14 Marchသတင်း
ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်
ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀…
Read More » -
14 Marchသတင်း
ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ
မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။
Read More » -
14 Marchသတင်း
ကားမိုင်းမြို့အဝင်အထွက်အားလုံး စစ်တပ်ကပိတ်ဆို့ထား
ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ စီစဉ်နေချိန် စစ်တက်က မြို့အဝင်အထွက်အားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကားစစ်တပ်ဗျူဟာကုန်းကို ရှင်းလင်းဆောင်ရွက်မယ်လို့…
Read More » -
11 Marchသတင်း
တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိ
၁၀ ရက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့် တာမခံကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ သေဆုံးသူ ၇၀ ခန့်အထိရှိခဲ့ပြီးတော့ ဖမ်းဆီးရမိသူ ၂၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ “တာမခံတိုက်ပွဲမှာက စစ်ကောင်စီသား…
Read More » -
11 Marchသတင်း
အောင်မြေ(၂) ဒေသခံပြည်သူရာချီ ပိတ်မိခံထားရဆဲဖြစ်ပြီး အစားအသောက်ပြတ်လပ်၊
တိုက်ပွဲကြေင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်က ကယ်ထုတ်ဖို့ ခွင့်မပြုတာကြောင့် ဒေသခံရာချီပိတ်မိနေဆဲဖြစ်ပြီး ထွက်လာတဲ့ သူတွေပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ မတ်လ ၈ ရက်နေ့ကစပြီး ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို ရွာထဲကနေ ထွက်လာလို့မရအောင်…
Read More » -
9 Marchသတင်း
တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား
မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။ “ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာမနေ့ညကစပြီး သေနတ်သံတွေစကြားရတာပဲ မနေ့ညပိုင်းကနေ လမ်းပိတ်မယ်လို့ ပြောတယ်။ အဲ့ကြောင့် ဒီနေ့တော့ မြစ်ကြီးနားဆင်းမယ့် ကားဆရာတွေကို မဆင်းခိုင်းတော့တာ…
Read More » -
7 Marchသတင်း
မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ အတွက် မြို့ခံပြည်သူအများအပြားဟာ ရိက္ခာတွေပြေးဝယ်နေကြပြီး တစ်ချို့မြို့ပြင်ဘက်ကို တိမ်းရှောင်သွားကြတာတွေရှိတယ်လို့သိရပါတယ်။ ဒီကနေ့ မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာ မြစ်ကြီးနား–ဗန်းမော်ကားလမ်းပိုင်း ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်စစ်ကောင်စီတပ် စခန်းနဲ့ မိုးမောက်နယ်ထဲက နွမ်လန်း၊…
Read More » -
6 Marchသတင်း
ကောလင်းမြို့ပေါ်နဲ့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ကောလင်းတပ်ရင်း ၂ အပါအဝင် ကောလင်းမြို့ပေါ်နဲ့အနောက်ဘက်ခြမ်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။
Read More » -
5 Marchသတင်း
တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မိုးမောက် ပြည်သူများ ကြိုတင်တိမ်းရှောင်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ကျေးရွာနေပြည်သူတွေများဘေးလွတ်ရာကို ကြိုတင်ပြောင်းရွေ့တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မိုးမောက်မြို့နယ်ထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေဖြေဆိုပြီးတာ နဲ့ ကချက်လွတ်လပ်ရေးတပ်မတော် KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မိုးမောက်မြို့နဲ့နီးတဲ့ကျေးရွာအများစုက…
Read More »









