ပူတာအို
-
May- 2024 -13 Mayသတင်း
မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံဖမ်းမိ
ကချင်ပြည််နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူကိုဖမ်းဆီးရမိပြီလို့သိရပြီး တရားခံကို သေဒဏ်စီရင်ပေးဖို့ ဒေသခံ ၅၀၀၀ ဝန်းကျင် ဒီနေ့မှာ လမ်းလျှောက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။ မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့ တရားခံဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကိုဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်း နဲ့ ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ တရားခံကို မေလ ၁၂ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် ဖမ်းဆီးလိုက်ပြီလို့ လေယာဥ်ကွင်းရပ်ကွက်နေရပ်ကျေးတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းမိတာက မနေ့က နေ့လည် ၁ နာရီလောက်မှာဖမ်းမိတာ သူကလေယာဥ်ထဲက သံပန်း၊ ပရိဘောဂတွေလုပ်တဲ့ဆိုင်မှာနေတာ အဲ့သူနေတဲ့နေရာမှာဖမ်းမိလိုက်တာ ဖမ်းပြီးရဲစခန်းထဲတခါတည်းခေါ်သွားတယ်”လို့ ပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ ကိုကျော်သူရကိုဟာ မဂွန်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်တဲ့အပြင် လက်ကိုင်ဖုန်းကိုပါလုယက်သွားတာဖြစ်ပြီး အဲဒီလက်ကိုင်ဖုန်းကို ဖုန်းဆိုင်မှာလာရောင်းရာကနေ တစ်ဆင့်ခြေရာခံမိကာဖမ်းဆီးလိုက်နိုင်တာဖြစ်တယ်လို့ ပူတာအိုမြို့ခံအမျိုးသမိးက ဆက်ပြောပါတယ်။ “လက်တွေဘာတွေချိုးလိုက်ခံထားရတာလို့ သိရတယ်။ နောက်ပြီးတော့ မုဒိန်းပါကျင့်ပြီးသတ်လိုက်တာ ကလေးမဆီကလုသွားတဲ့ဖုန်းကို ဖုန်းSecond ရောင်းတဲ့ဆိုင်မှာရောင်းခဲ့တာ အဲ့ကနေသူ့ကိုတဆင့်မိသွားတာ”လို့ နောက်ထပ် ပူတာအိုမြို့ခံတစ်ဦးက ဆက်ပြောပါတယ်။ မုဒိန်းမှုကျူးတဲ့သူကို မနေ့က ပူတာအိုရဲ၊ ရဝမ်ပြည်သူ့စစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီးဖမ်းဆီးလိုက်တာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ နစ်နာသူမိသားစုဝင်တွေနဲ့အတူ ဒေသခံပြည်သူတွေ စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့်က တရားခံကို သေဒဏ်စီရင်ပေးဖို့နဲ့ မုဒိန်းမှုကင်းစင်အောင်ပူးပေါင်းဆောင်ရွက်ကြဖို့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ “လူကတော့ ၅၀၀၀ လောက်ပါတယ် လေယာဥ်ကွင်းကနေ ကောင်ကထောင်ရပ်ကွက်အထိလမ်းတလျောက်ဟာလူတန်းနဲ့ပြည့်သွားတာ အဓိကသူတို့စာရွက်ကိုင်ပြီးတောင်းဆိုတာတော့အမှုမှန်ပေါ်ပေါက်ဖို့ ၊မှန်မှန်ကန်ကန်ပြစ်ဒဏ်ချပေးဖို့ နောက်နောင်ဒါမျိုးမဖြစ်အောင်ပူးပေါင်းပါဝင်ဖို့ပါတယ် ဒါပေမယ့်ကြွေးကြော်တဲ့နေရာမှာတော့တရားခံကိုသေဒဏ်ပေးဖို့ပိုပြီးတောင်းဆိုကြတယ်”လို့ ဆန္ဒပြမှုမှာပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့ မဂွမ်ရိန်ဒူနော်ဟာ မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ မိခင်ဖြစ်သူနဲ့အတူ မုန့်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန့်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး မဂွန်ရိမ်ဒူနော်က နေအိမ်ကိုတစ်ယောက်တည်း ပြန်လာရာ လူပြတ်တဲ့ လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၊ ၂၀၂၃ ခုနှစ် မတ်လ လဆန်းပိုင်းမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးမုဒိန်းကျင့်ခံခဲ့ရတဲ့ အမှုလည်းရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပူတာအိုမှာ အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ By – Zaw Zaw
Read More » -
11 Mayသတင်း
ပူတာအိုမှာ အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ
ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ အမျိူးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ဒုတ္တန်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မဒူနော်ဆိုသူဟာ မေလ ၁၀ ရက်နေ့ မနေ့ နေ့လည်ပိုင်းမှာ ဒုတ္တန်ရပ်ကွက် လူသွားလူလာပြတ်တဲ့ သက်ကောတောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိတဲ့ပူတာအိုမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “သိရသလောက်သူ့ကို သူတို့မိဘတွေက ဆိုင်ကယ်ဆီထည့်ဖို့ဓာတ်ဆီသွားရှာခိုင်းတာတဲ့ ခိုင်းတာကတော့ နေ့ခင်းကြီးပါပဲ သူတစ်ယောက်ထဲသွားခိုင်းလိုက်တာ နောက်မနက်မှအလောင်းက သက်ကေတောမှာတွေ့တာ။ အိမ်ပြန်မလာတော့ရှာကြည့်တဲ့အခါမှတွေ့တာလို့ပြောပါတယ်။ သက်ကေတောဆိုတော့ လူမြင်ကွင်းရှင်းတဲ့နေရာဖြစ်သွားတာ”လို့သူကပြောပါတယ်။ မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်််ရဲ့ လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးနက်ထားတဲ့ဒဏ်ရာတွေနဲ့အတူ မုဒိန်းကျင့်ခံထားရတဲ့အနေထားနဲ့ သေဆုံးနေတာလို့သိရပြီး အလောင်းကိုတော့ ဒီနေ့မနက်မှာ ရှာတွေ့ရာကနေ နေအိမ်သယ်ယူခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ “တော်တော်စိတ်မကောင်းစရာပါ ခလေးမရဲ့လည်ပင်းမှာတော့ဒဏ်ရာတွေတွေ့တယ် ညစ်ထားတာ၊အဲ့လိုတစ်ခုခုနဲ့ထိုးထားတာလုပ်သွားတဲ့လူကိုတော့မမိသေးဘူးပြောတယ်”လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ ပြစ်မှူကျူးလွန်ထားသူတွေကိုတော့ စုံစမ်းဖော်နေဆဲလို့ဆိုပါတယ်။ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၊ ၂၀၂၃ ခုနှစ် မတ်လ လဆန်းပိုင်းမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးမုဒိန်းကျင့်ခံခဲ့ရတဲ့ အမှုလည်းရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပူတာအိုမှာ အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ By – Zaw…
Read More » -
11 Mayသတင်း
ပူတာအိုမှာ စစ်တပ်က အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့သယ်ယူထားပြီး စျေးအဆမတန်မြင့်တင်ရောင်းချနေ
ကချင်ပြည်နယ် ပူတာအိုဒေသအတွက် အခြေခံစားသောက်ကုန်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့သယ်ယူပြီး အစျေးအဆမတန်မြင့်တင်ပြီးရောင်းချပေးနေတာကြောင့် ဒေသခံတွေ ပိုပြီးအခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းသွားလာခွင့်ကိုပိတ်ထားပြီး ပူတာအိုဒေသအတွက်လိုအပ်နေတဲ့အခြေခံစားသောက်ကုန်တွေကို မေလ ၇ ရက်နေ့ကနေ လေကြောင်းနဲ့သယ်ယူနေပြီး မေလ ၁၀ ရက်နေ့ကစ ရောင်းချပေးနေပေမယ့် စျေးအဆမတန်စျေး မြင့်တင်ပြီးရောင်းချပေးနေတယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်က အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။…
Read More » -
10 Mayသတင်း
တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့…
Read More » -
9 Mayသတင်း
တန်ဂျာရွာမှာ စစ်ကောင်စီတပ် စစ်အင်အား တစ်ရာကျော် စစ်ကြောင်းထိုးဝင်ရောက်နေ
ပူတာအိုမြို့နယ် လုံရှာယန် နဲ့ တန်ဂျာကျေးရွာဘက်ရွာဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မေလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုဘက်က စစ်ကား ၂ စီးနဲ့ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည်တက်လာခဲ့ပြီး လက်ရှိ တန်ဂျာကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ တန်ဂျာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကြောင်းဝင်လာတာက ဒီမနက်ကဘဲဝင်လာကြတာ။ ပူတာအိုကနေ ကားနဲ့ ဆင်းလာတယ်။ လုံရှားယန်နဲ့ တန်ဂျာဘက်ရောက်တဲ့ အချိန်မှာက ခြေလျင်နဲ့ ဝင်လာကြတယ်။ စစ်အင်အားက များတယ်။ ရွာထဲမှာတွေ့တာတောင် ၁၀၀ လောက်ရှိမယ်ထင်တယ်”လို့ပြောပါတယ်။ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက လက်ရှိ တန်ဂျာကျေးရွာမှာ ဒေသခံပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ရှိနေကြတယ်လို့ ပြောပြပါတယ်။ ဒီစစ်ကြောင်းတွေက ကျေးရွာအတွင်းဝင်ရောက်လာပြီးတော့‘ကျေးရွာအနီးတဝိုက်တွေမှာ KIA ရှိမရှိ စစ်ဆေးမေးမြန်းတာတွေ၊ KIA တပ်တွေရှိလို့ ဝင်ရောက်လာတာဖြစ်တယ်လို့’ပြောဆိုပြီး ကျေးရွာထဲမှာရှိနေကြတယ်လို့သိရပါတယ်။ စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် တန်ဂျာနဲ့ လုံရှာယန်ဒေသခံပြည်သူတွေက တဖက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ တန်ဂျာဒေသခံအမျိုးသမီးက ဆက်ပြောပြပါတယ်။ “ကျမတို့ ဒေသခံတွေက မထင်မှတ်ပဲဝင်လာကြတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းကြောက်နေတယ်။ ရွာအနီးတဝိုက်တွေမှာဖြစ်လာရင် ဘယ်ကို ထွက်ပြေးကြမလဲစိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေက ရွာထဲမှာ ရှိနေကြပြီး ဘယ်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုမသိဘူးလေ။ ကြောက်တာက အရမ်းကြောက်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ လာရောက်တပ်စွဲနေထိုင်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ မရှိသေးပေမယ့် တိုက်ပွဲဖြစ်ပွားလာရင် လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့တွေဟာ ဆွမ့်ပရာဘွမ့်မြို့ကို လက်လွတ်လိုက်ရတဲ့အတွက် စစ်ရေးအရ စစ်ရေးလှုပ်ရှားလာတာဖြစ်နိုင်သလို ဆွမ်ပရာဘွမ့်ဘက်ကို တန်ပြန်စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ နှစ်လဝန်းကျင်လောက် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းမပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၅ ရက်နေ့မှာ မြို့တစ်ခုလုံးအပါ စစ်တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
6 Mayသတင်း
ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊KPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်ဘက်က မေလ ၄ ရက်နေ့ မနက် ၆နာရီကစပြီး တစ်ဖန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူတပ်သားတစ်ချို့ ထွက်ပြေးသွားပြီးနောက် KIA ဘက်က မတ်လ ၅ ရက်နေ့ မနက်ပိုင်း အပြီးသတ်ဝင်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ၂လအတွင်း စစ်တပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျော်အူတွေသာ စားနေရတဲ့အခြေနေရှိနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ “စစ်တပ်က အစာရေစာငတ်ပြတ်သွားပြီး သူတို့တပ်စခန်းထဲက ငှက်ပျောအူတွေကိုပဲ နုတ်စားပြီးနေကြတော့တာဆန်တွေလည်း တစ်စိမျှမရှိဘူး။ သူတို့ ရိက္ခာပြတ်ပြီး အစာငတ်ပြတ်နေတာ ၁ လကျော်ပြီလေ။တပ်ရင်းမှူးက ကျနော်တို့ဝင်တိုက်လာတဲ့အချိန်မှာပဲ ညကြီးမိုးချူပ် သူ့တပ်သားတွေနဲ့ ထွက်ပြေးသွားတယ်။ ၄၆ တပ်ရင်းမှူးနဲ့ ၃၇ တပ်ရင်း ၂ ယောက်ပါတယ်။ စခန်းထဲ စစ်တပ်အလောင်း ၁၅ လောင်းခုလောက်တွေ့တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်ကို အပြီးသတ်သိမ်းပိုက်ဖို့ မေလ ၄ ရက်နေ့ မနက်အစောပိုင်းကစပြီး KIA ဘက်က စစ်တပ်ထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ခဲ့ပြီးနောက် ညနေ ၂ နာရီခွဲမှာတော့ ခြေလျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။ အဲဒီနောက် ည ၁၁ နာရီလောက်မှာတော့ စစ်တပ်စခန်းထဲကို ဝင်ရောက်နေရာယူရှင်းလင်းလိုက်နိုင်ပြီး မေလ ၅ ရက်နေ့ မနက် ၅ နာရီကစ ဆွမ်ပရာဘွမ်ခြေကုတ်စခန်းကို အကာအကွယ်ပေးနေတဲ့ ရှေ့တန်းစခန်းငယ်အားလုံးကိုရှင်းလင်းကာမနက် ၉ ခွဲမှာတော့ အားလုံးအပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၀ ကျော်သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆက်လက်သိရပါတယ်။ ဆွမ်ပရာဘွမ်စစ်တပ်စခန်းကို KIA ဘက်က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်သာ စခန်းထဲမှာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လ နီးပါးအကြာ မေလ ၅ ရက်နေ့ မနေ့က မနက် ၉ နာရီခန့်မှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။…
Read More » -
Apr- 2024 -29 Aprilသတင်း
ပူတာအိုဘက်ကို စက်သုံးဆီတင်သွင်းဖို့ KIA ညှိနှိုင်းမှုကို စစ်တပ်ကန့်ကွက်
ပူတာအိုမှာ ပြတ်လပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကြောင်းနဲ့ သယ်ယူဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ညှိနှိုင်းပေမယ့် စစ်တပ်ဘက်က ခွင့်မပြုဘဲ လေကြောင်းနဲ့သာ ပို့ဆောင်ပေးမယ်လို့ ပြည်နယ်အစိုးရက လာရောက်ပြောဆိုထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ခက်ထိန်နန်က ဧပြီ…
Read More » -
25 Aprilသတင်း
ပူတာအိုမှာဓာတ်ဆီတစ်ပုလင်းကျပ် ၂ သောင်း၊ ငရုပ်သီးတစ်ဗူး ၃၀၀၀ ကျပ်အထိစျေးမြင့်တက်
ကချင်ပြည်နယ် ပူတာအိုဒေသမှာဓာတ်ဆီတစ်ပုလင်း ကျပ် ၂ သောင်းကျပ်အထိ အခြေခံစားသောက်ကုန်တွေလည်း စျေးအဆမတန်စျေးမြင့်တက်နေတယ်လို့ သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ၁ လကျော်ကြာမြင့်လာပြီးတဲ့အချိန် ပူတာအိုမြို့နယ်မှာ အခြေခံစား သောက်ကုန်နဲ့စက်သုံးဆီပြတ်လပ်လာနေသလို လက်ကျန်သိုလှောင်ရောင်းချသူတွေလည်း အဆမတန်စျေးတင် ရောင်းနေတာကြောင့် လက်ရှိ ဓာက်ဆီတစ်ပုလင်းကျပ် ၂၀၀၀၀ ဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆီပန့်ဆိုင်တွေကတော့မရောင်းတော့ဘူးပိတ်နေတာ ၂ ပတ်လောက်ရှိနေပြီ အခုက အပြင်ပုလင်းချိန်ဆိုင်လေးတွေ လောက်ပဲ ပုလင်းလေးထောင်ပြီးရောင်းတာ တစ်ပုလင်းကို ၁၇၀၀၀ ရောင်းတာရှိတယ်…
Read More » -
11 Aprilသတင်း
ပူတာအိုမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းပြတ်လပ်
မြစ်ကြီးနား– ပူတာအိုသွားတဲ့ ကားလမ်းပိုင်းပိတ်ထားတာတစ်လကျော်ကြာမြင့်လာတာနဲ့အမျှ ပူတာအိုမြို့မှာစက်သုံးဆီနဲ့ ကုန်စည်ပစ္စည်းတွေလုံးဝပြတ်လတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပူတာအို–မြစ်ကြီးနားသွား ကားလမ်းပိုင်းကိုပိတ်လိုက်တဲ့နေ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း စက်သုံးဆီတွေကိုအကန့်အသတ်နဲ့ဝယ်ယူခွင့်ရခဲ့ပေမဲ့ ဧပြီလ ၁၀ ရက်နေ့ကစ ဆီဆိုင်တွေအားလုံးနီးပါးပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆီတွေက လုံးလုံးပြတ်သွားတာပေါ့နော်၊ အရင်က ရောင်းလက်စလူတွေက လက်ကျန်လေးတွေပေါ့ တစ်ဂါလံနှစ်ဂါလံ အဲ့တာလေးတွေကို ဒီဘက်မှာတော့ ပုလင်းလေးတွေနဲ့ လီတာနဲ့ရောင်းတာမဟုတ်ဘူး ပုလင်းထဲမှာထည့်ပြီး တစ်လုံးကို တစ်သောင်း၊ တစ်သောင်းခွဲ ရောင်းပေးနေတာပေါ့၊ ကိုယ်က ၅ ဂါလံလောက်လိုချင်တယ်ဆိုရင် လုံးဝမရဘူး”လို့ပြောပါတယ်။ ပူတာအိုမြို့မှာ စက်သုံးဆီမပြတ်ခင် တစ်ဂါလံ ၆သောင်း၊ တစ်ပုလင်းကို ၁၀၀၀၀ ကျပ်ထိရှိခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်သွားတဲ့အတွက် မြို့တွင်း ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာသူတွေမရှိသလောက်နည်းပါးနေပြီး သွားရေးလာရေးအခက်အခဲတွေ ကြုံနေရတယ်လို့ မချမ်းဘောဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က သွားရေးလာရေးခက်ခဲလာတယ်လေ၊ ကျွန်တော်တို့က အလုပ်လုပ်မယ်ဆိုရင်လည်း အနည်းဆုံးက ဆိုင်ကယ်စီးပြီး အလုပ်သွားရတာဖြစ်တဲ့အတွက် နေ့စားဆိုလည်း အဲ့တာနဲ့ဘဲလိုက်ရတော့ အခု ဓာတ်ဆီမရှိတော့ ဘယ်လိုပြောရမလဲ နေ့စားရတာနဲ့ ဓာတ်ဆီဈေးက မကိုက်တော့ဘူးလေ၊ အဲ့လိုဖြစ်တာပေါ့”လို့ပြောပါတယ်။ ပူတာအိုမြို့ ကားလမ်းတွေမှာဆိုရင်ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်တွေ ရှားပါးလာနေပြီး တစ်ချို ဒေသခံတွေဆိုရင် အိမ်မှာရှိတဲ့ စက်ဘီးလေးတွေကိုထုတ်သုံးလာကြပြီဖြစ်သလို ခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် တောင်သူတွေအနေနဲ့လယ်ထွန်ဖို့ခက်ခဲနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ပူတာအိုမှာ လက်ရှိ ခရမ်းချဉ်သီး တစ်လုံးတစ်ထောင်၊ ကြက်သွန်တစ်ပိဿာ ၂ သောင်းခွဲ သုံးသောင်း၊ ဆန်တစ်အိတ် ၁ သိန်းခွဲ၊ ကြက်ဥ သုံးလုံး ၅ ထောင်ထိရှိနေပေမဲ့ အကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို စက်သုံးဆီပြတ်လပ်တာ၊ ကုန်စည်ပြတ်လပ်မှုတွေဟာ ရေရှည်ဒေသခံပြည်သူတွေအတွက် ထိခိုက်မှုတွေရှိလာတာကြောင့် ကားလမ်းပိုင်းမှာခရီသည်ကားတွေကို ဖြတ်ခွင့်မပြုရင်တောင် ကုန်ကား၊ ဆီကားတွေကိုတော့ ဖြတ်ခွင့်ပြုပေးစေလိုပြီး ကားလမ်းပိုင်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ By – Bu Bu
Read More » -
Mar- 2024 -28 Marchသတင်း
ပူတာအိုမြို့ ကားလမ်းမကြီးပေါ်မှာ အရပ်သား ၂ ဦးကိုဖမ်းဆီးခံရ
ကချင်ပြည်နယ် ပူတာအိုမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက လမ်းသွားရင်း အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ကောင်ကထောင်ရပ်ကွက်ကြား ဒေသအခေါ် (သံဘောင်တံတား)…
Read More »








