လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပူတာအိုမှာ အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ

ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ အမျိူးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဒုတ္တန်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မဒူနော်ဆိုသူဟာ မေလ ၁၀ ရက်နေ့  မနေ့ နေ့လည်ပိုင်းမှာ ဒုတ္တန်ရပ်ကွက် လူသွားလူလာပြတ်တဲ့ သက်ကောတောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိတဲ့ပူတာအိုမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

သိရသလောက်သူ့ကို သူတို့မိဘတွေက ဆိုင်ကယ်ဆီထည့်ဖို့ဓာတ်ဆီသွားရှာခိုင်းတာတဲ့ ခိုင်းတာကတော့ နေ့ခင်းကြီးပါပဲ သူတစ်ယောက်ထဲသွားခိုင်းလိုက်တာ နောက်မနက်မှအလောင်းက သက်ကေတောမှာတွေ့တာ။ အိမ်ပြန်မလာတော့ရှာကြည့်တဲ့အခါမှတွေ့တာလို့ပြောပါတယ်။ သက်ကေတောဆိုတော့ လူမြင်ကွင်းရှင်းတဲ့နေရာဖြစ်သွားတာလို့သူကပြောပါတယ်။

မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်််ရဲ့ လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးနက်ထားတဲ့ဒဏ်ရာတွေနဲ့အတူ မုဒိန်းကျင့်ခံထားရတဲ့အနေထားနဲ့ သေဆုံးနေတာလို့သိရပြီး အလောင်းကိုတော့ ဒီနေ့မနက်မှာ ရှာတွေ့ရာကနေ နေအိမ်သယ်ယူခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တော်တော်စိတ်မကောင်းစရာပါ ခလေးမရဲ့လည်ပင်းမှာတော့ဒဏ်ရာတွေတွေ့တယ် ညစ်ထားတာ၊အဲ့လိုတစ်ခုခုနဲ့ထိုးထားတာလုပ်သွားတဲ့လူကိုတော့မမိသေးဘူးပြောတယ်လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ပြစ်မှူကျူးလွန်ထားသူတွေကိုတော့ စုံစမ်းဖော်နေဆဲလို့ဆိုပါတယ်။ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ  ၂၀၂၃ ခုနှစ် မတ်လ လဆန်းပိုင်းမှာ အသက် ၁၂  နှစ်အရွယ် မိန်းကလေးနှစ်ဦးမုဒိန်းကျင့်ခံခဲ့ရတဲ့ အမှုလည်းရှိခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား  ဦးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့  ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။

ပူတာအိုမှာ အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့  ဒေသခံတွေက ပြောဆိုနေကြပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button