#ပြည်သူ့စစ်
-
Aug- 2025 -8 Augustသတင်း
တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က မူးယစ်ဆေးဖြတ်ပေးမယ်လို့ခေါ်နေပေမယ့် တပ်သားစုဆောင်းခံရမှာစိုးလို့ စာရင်းပေးသူမရှိ
ပူတာအိုနဲ့မချမ်းဘော့မြို့နယ်ထဲက မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို မူးယစ်ဆေးဖြတ်ပေးမှာဖြစ်တဲ့အတွက် နာမည်စာရင်းလာသွင်းကြဖို့ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ခေါ်နေပေမယ့် စာရင်းပေးသူမရှိဘူးလို့ သိရကြောင်း ဒေသခံတွေကဆိုပါတယ်။ ရဝမ်ပြည်သူ့စစ်ခေါင်းဆောင်ဦးတန်ဂူးတန်ဟာ မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို စခန်းသွင်းပြီးမူးယစ်ဆေးဖြတ်ပေးမယ့်အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကနှုတ်နဲ့လှုံ့ဆော်ထားတာမျိုးရှိသလို သြဂုတ်လ ၄ ရက်နေ့ကလည်း စာနဲ့ထပ်မံထုတ်ပြန်လာပါတယ်။ “ဆေးဖြတ်မယ့်ကလေးတွေကိုဆေးပြတ်အောင်ပေါ့စခန်းသွင်းပြီးဆေးဖြတ်ပေးမယ်ဆိုပြီးပြောနေတာတော့နည်းနည်းကြာပြီအစီအစဥ်ရှိတယ်တဲ့အခုလုပ်မယ့်ဟာပဲနေမှာ အဲ့ကတည်းကတချို့မိဘတွေကတော့စိုးရိမ်တာပေါ့…
Read More » -
Jun- 2025 -23 Juneသတင်း
ပူတာအိုမှာ ပြည်သူ့စစ်တပ်ဖွဲ့ ၁၀ ဦး လက်နက်နဲ့အတူထွက်ပြေးသွားဟုဆို
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ် ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးလက်နက်နဲ့အတူထွက်ပြေးသွား ကြောင်းဒေသခံတွေဆီကနေသိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်သား ၁၀ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ လက်နက်တွေနဲ့အတူထွက်ပြေးသွားတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြေးသွားတာက…
Read More » -
May- 2025 -24 Mayသတင်း
ဝိုင်းမော်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုရှိနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေ ဝါးရှောင်နဲ့ ဆဒုံး – ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ မနေ့က မေလ ၂၃ ရက်နေ့ တစ်ရက်လုံး…
Read More » -
13 Mayသတင်း
နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ စစ်တပ်ပြင်ဆင်နေ
ကချင်ပြည်နယ်၊ နောင်မွန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းတဲ့သူတွေကို ခေါင်လန်ဖူးဘက် ပို့ဖို့ပြင်ဆင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့နောင်မွန်ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး နောင်မွန်မြို့ပေါ်နဲ့ကျေးရွာတစ်ချို့လူငယ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီးပြည်သူ့စစ်လုပ်ဖို့လိုက်လံစုဆောင်းခဲ့တာဖြစ်တယ်လို့ သိရပါ။ အဲဒီနောက် ဧပြီလတစ်လလုံး စစ်သင်တန်းပေးပြီး သင်တန်းဆင်းထားတဲ့သူတွေကို ခေါင်လန်ဖူးဘက်…
Read More » -
Apr- 2025 -3 Aprilသတင်း
ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲထပ်ဖြစ်နေ
ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဝါရာဇွပ်ကျေးရွာအဝင်အထွက် ရွာထိပ်ပိုင်းမှာ KIA တပ်တွေ ဝါးတားဂိတ်ထားပြီး ထပ်မံတပ်စွဲလာတဲ့အတွက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က…
Read More » -
1 Aprilသတင်း
လဝါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေး
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် တနိုင်းလီဒိုလမ်း လဝါးကျေးရွာမှာ(Lawa Mare) တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA က သွားရောက်ပစ်ခတ်မောင်းထုတ်လိုက်တယ်လို့ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင် တစ်ပတ်ခန့်အကြာ လဝါးကျေးရွာ…
Read More » -
Mar- 2025 -26 Marchသတင်း
လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ထိန်းချုပ်ဖို့ ပြည်သူ့စစ် နဲ့ စစ်ကောင်စီတပ် ကြိုးပမ်းလာ
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဖားကန့်လမ်းပေါ်က ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့အတွက် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး လဝါးကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့် သွားလမ်းပေါ်က နန့်ယား(Namya)၊ နန့်တိန်(Namting) ကျေးရွာတွေအပါ ဖားကန့်လမ်းတစ်လျှောက်ကို KIA…
Read More » -
7 Marchသတင်း
ရှဒူးဇွပ်ဒေသက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်အဖွဲ့ တိုက်ခိုက်
ကချင်ပြည်နယ် တနိုင်းသွားလီဒိုလမ်း(Lido Lam) ရှဒူးဇွပ်ကျေးရွာ (Jahtuzup) ဒေသ ဝခါး(Wahka)မှော်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်းရဲ့ တပ်စခန်းတစ်ခုကို မင်းဇေသန့်ဦးဆောင်တဲ့ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့ မနက်အစောပိုင်း ဝခါးမှော်အနီးရှိတဲ့…
Read More » -
Feb- 2025 -27 Februaryသတင်း
ရှဒူးဇွပ် KBC ဆုတောင်းကုန်းမှာ ပြည်သူ့စစ်အဖွဲ့ လက်နက်ကြီးတပ်ချပြီး ထပ်မံ နေရာယူ
လီဒိုလမ်းမပေါ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ် (Jahtu Zup) ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘာသာရေး မြေနေရာဖြစ်တဲ့ ဆုတောင်းတောင်ကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ တပ်ချလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှာလည်း ရှဒူးဇွပ်ကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင် ဆုတောင်းကုန်းကို လက်နက်ကြီးအထိုင်ချတပ်စွဲလိုက်တာ ဒီကနေ့ထိ ဖြစ်ပါတယ်။ အလားတူ…
Read More » -
20 Februaryသတင်း
ဝါရာဇွပ်ကျေးရွာအတွင်း မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒရုန်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်နေ
တနိုင်းသွား လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေက ယခုရက်ပိုင်းအတွင်း ဒရုန်းနဲ့ပစ်ခတ်နေတာ ၁၇ ကြိမ်ထက်မနည်း ရှိလာပြီလို့ ဒေသခံတွေပြောပါတယ်။ ဝါရာဇွပ်ကျေးရွာ၊ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ နဲ့ ဘန်ကောက်ကျေးရွာတွေကို ထိန်းချုပ်ထားတဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ဝါရာဇွပ်ကျေးရွာကို…
Read More »







