ဖားကန့်

  • Jun- 2024 -
    3 June
    သတင်း

    ဖားကန့်မြို့ လူနေရပ်ကွက်မှာကျောက်စိမ်းတူးဖော်နေတာကြောင့် သောက်သုံးရေခက်ခဲနေ

    ကချင်ပြည်နယ် ဖားကန့်မြို့၊ မြို့မရပ်ကွက်ထဲက လူနေအိမ်ဝန်းထဲမှာ စက်ယန္တရားသုံးပြီး ကျောက်စိမ်းတူးဖော်နေတာကြောင့် အနီးဝန်းကျင်ရပ်ကွက်နေပြည်သူတွေ သောက်သုံးရေခက်ခဲနေတယ်လို့ သိရပါတယ်။ ဖားကန့် မြို့မရပ်ကွက်ထဲက ဦးမောင်မောင် (ခေါ်)အဏ္ဏဝါငယ် ရဲ့နေအိမ်ခြံဝင်းထဲမှာ တိုက်‌ဆောက်မည်ဆိုပြီးခေါင်းစဥ်တပ်ကာ ကျောက်စိမ်းတူးဖော်တာတွေလုပ်ဆောင်နေတာကြောင့် အနီးဝန်းကျင် ရပ်ကွက်နေပြည်သူတွေသောက်သုံးရေအခက်အခဲ ဖြစ်နေတယ်လို့ ဖားကန့်မြို့…

    Read More »
  • May- 2024 -
    27 May
    သတင်း

    ဘုရားကျောင်းဝင်းထဲမှာ ဖမ်းဆီးခံရတဲ့ ကချင်အမျိုးသား ၈ ဦးပြန်လည်လွတ်မြောက်လာ

    ဖားကန့်မြို့၊ ငှက်ပျော်တောရပ်ကွက်မှာ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရမှုကြောင့် စွပ်စွဲမှုနဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသာ ၈ ဦး ဒီနေ့ မနက်ပိုင်းမှာ ပြန်လွတ်မြောက်လာပြီလို့သိရပါတယ်။ ဖမ်းဆီးခံသွားရတဲ့ ကချင်အမျိုးသား ၈ ဦးဟာ မေလ ၂၅ ရက်နေ့…

    Read More »
  • 25 May
    သတင်း

    ဆယ်ဇင်းကျေးရွာအနီး SNA တပ်စခန်းတစ်ခုကျန်ရှိနေသေးတာကြောင့် စစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မပြုသေး

    ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီစစ်သားတွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တွေရှိနေသေးတာကြောင့် ဆယ်ဇင်းစစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မရသေးဘူးလို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်ခန့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကတည်းက KIA ပူးပေါင်းဦးတပ်ရဲ ဆယ်ဇင်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဟောင်ပါးကျေးနဲ့တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပေမယ့် လက်ရှိ ဆယ်ဇင်နဲ့ ၃မိုင်နီးပါးဝေးတဲ့ သံယောဇဥ်ကုန်းမှာ စစ်ကောင်စီတပ်နဲ့ရှမ်းနီတပ်တွေကျန်ရှိနေသေးတာကြောင့် ဒေသခံတွေကိုနေရပ်ပြန်ဝင်ခွင့်မပေးသေးတာလို့ ဆယ်ဇင်းစစ်ဘေးရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်လို့မရသေးဘူးဗျ မပြန်ခိုင်းသေးတာ အခုထိသံယောဇဥ်ကုန်းမှာပထမ တိုက်ပွဲ ဖြစ်နေတယ် ထင်တာတိုက်ပွဲက မဖြစ်သေးဘူးဒီဘက် (KIA)ဘက်ကပြင်ဆင်နေတုန်းတဲ့ မတိုက်သေးဘူး သံယောဇဥ် ကုန်းကနေတော့ ပစ်နေတာပဲနေ့တိုင်းလက်နက်ကြီးလက်နက်ငယ်တွေရမ်းပစ်နေတာ သံယောဇဥ်ကုန်းကိုသိမ်း ပြီးမှပြန်ခိုင်းမယ်လို့ပြောတယ်”လို့သူကပြောပါတယ်။ ဆယ်ဇင်းစစ်ဘေးရှောင်တွေထဲက လူဦးရေ ၅၀၀ ကျော်ဟာ ရွှေတောင်ကျော်ကျေးရွာထဲက စာသင်ကျောင်းဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရပြီး ကျန်တဲ့စစ်ရှောင်တွေက တောတောင်တွေနဲ့လယ်ခင်း၊ယာခင်းတဲတွေမှာ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ “ကျွန်မတို့က အမျိုးတွေအိမ်မှာပဲ အများပိုင်းက ရွှေတောင်ကျော်စာသင်ကျောင်းထဲမှစုပြီးနေကြတယ် အဲ့ဒီသံယောဇဥ်ကုန်းကိုရပြီးမှပဲ ပြန်လို့ရမယ်ပြောတယ် အခုကတိုက်ကိုမတိုက်ရသေးဘူးတဲ့”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဧပြီလ ၂၀ ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဆယ်ဇင်းကျေးရွာကို KIA၊KPDF နဲ့မဟာမိတ်တပ်တွေက ဧပြီ ၂၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆယ်ဇင်းကျေးရွာကိုထိန်းချုပ်လိုက်နိုင်ပေမယ့် ဆယ်ဇင်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားတွေနဲ့SNA စစ်သားတွေဟာ သံယောဇဥ်ကုန်းရွှေမှော်မှာရှိတဲ့ SNA အထိုင်တပ်ထဲမှာပူးပေါင်းသွားတာကြောင့် လက်ရှိအဲ့ဒီတပ်ကိုဆက်လက်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတယ်လို့ ဖားကန့်KPDF တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “နှစ်ဖက်စလုံးကတော့အသင့်နေအထားပါ အခြေနေလည်းစောင့်ကြည့်နေပါတယ် ခုထိတော့သိမ်းထားတာမရှိသေးဘူး ပြင်တော့ပြင်ဆင်နေကြပါတယ်။ ဒီဘက်က ဒီဘက်တစ်ကြောကအဲ့ဒီတပ်စခန်းတစ်ခုပဲကျန်တော့တာဟုတ်တယ်အဲ့သိမ်းပြီးရင်မရှိတော့ဘူး”လို့သူကပြောပါတယ်။ သံယောဇဥ်ကုန်းရွှေမှော်ထဲက SNA တပ်ဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်းနယ်နဲ့ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ်မှာရှိတာဖြစ်ပြီး  လက်ရှိ ကချင်– စစ်ကိုင်းအစပ်ထဲက ဖားကန့်မြို့နယ်တစ်ကြော အဲ့ဒီအထိုင်တပ်တစ်ခုသာကျန်ရှိတော့တယ်လို့သိရပါတယ်။ KIA ၊ KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ရှေ့တန်းစခန်း၊ ကျေးရွာအတွင်းက စစ်ကောင်စီတပ်တွေကို ခပ်စိပ်စိပ်တိုက်ခိုက်သိမ်းပိုက်လာရာ ဒီကနေ့ထိ ဝှေခါ၊ နန့်ယား၊ တာမခံ၊ ဆယ်ဇင်းနဲ့ နန့်တိန်းစခန်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 20 May
    သတင်း

    ဖားကန့်မြို့နယ်ထဲက  KIO/ KIA ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက  KIO/ KIA ထိန်းချုပ်နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သက်ဆိုင်တဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်ဟာ လက်ရှိ ဖားကန့်မြို့နယ်ထဲက တာမခံ၊ဝှေခါ၊ နန့်တိန်း၊ နန့်ယား၊ ဆယ်ဇင်းကျေးရွာတွေကိုထိန်းချုပ်ထားနိုင်ပြီး ဒီနေရာတွေအားလုံမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO လက်အောက်အခြေခံပညာရေးကျောင်းတွေဖွင့်လှစ်သွားဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ နန့်ယားကျေးရွာထဲက အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ပညာရေးကတော့အခုလောလောဆယ်က ထိန်းချုပ်နယ်မြေမှာကျတော့ ကျွန်တော်တို့ နန့်ယားလက်အောက်ခံကျောင်းက ၄ ကျောင်းရှိတယ်။ နန့်ယားက ၁၂ တန်းအထိရှိတယ် ၄ ကျောင်းစလုံးကို KIO ပညာရေးစနစ်နဲ့သွားဖို့ပြောထားပေမယ့် လောလောဆယ် ပညာရေးဝန်ထမ်းအခက်အခဲကြောင့် နန့်ယားရွာထဲအထက်တန်းကျောင်းကိုတော့ နဂိုမနှစ်ကအတ်ိုင်းပဲလည်ပတ်သွားတယ် ကျန်တဲ့သုံးကျောင်းကတော့ KIO ပညာရေးစနစ်နဲ့သွားမယ်”လို့သူကပြောပါတယ်။ နန့်ယားကျေးရွာအထက်တန်းကျောင်းနဲ့တွဲဖက်ကျောင်းတွေဟာ ဆိုင်းဖရာမူလတန်းကျောင်း၊ စပေါ့မူလတန်းကျောင်းနဲ့ကပ်မှော်စွပ်ကျေးရွာမူလွန်ကျောင်းတွေရှိတာဖြစ်ပြီး နန့်ယားကျေးရွာအထက်တန်းကျောင်းကလွဲပြီး ကျန်တဲ့ကျောင်းတွေဟာ KIO ပညားရေးစနစ်နဲ့သွားမယ်လို့သိရပါတယ်။ “နန့်ယားအထက်တန်းကျောင်းကိုတော့ မနှစ်ကအတိုင်းပဲသွားမယ်။ နဂိုအတိုင်းပေါ့ စစ်ကောင်စီသင်ရိုးညွန်းတမ်းနဲ့သွားမယ် ဒါပေမယ့် ကချင်ဘာသာတစ်ဘာသာထည့်ပြီးသင့်ကြားပေးသွားဖို့ရှိတဲ့ ကျန်တဲ့သုံးကျောင်းကတော့ KIA၊KIO ပညာရေးစနစ်ပဲ”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။ နန့်ယားနဲ့အလားတူ ကျန်တဲ့ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဝှေခါ၊တာမခံ၊ဆယ်ဇင်း၊နန့်တိန်း စတဲ့ကျေးရွာတွေမှာလည်း အခြေခံစာသင်ကျောင်းတွေဖွင့်သွားဖို့ရှိတယ်လို့ ဖားကန့်မြို့နယ် KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ”တာမခံ ဝှေခါ စိုးမိုးနယ်မြေတွေမှာကတော့ ပညာရေးကျနော်တို့ဖော်ဆောင်ဖို့ရှိတယ်ဗျ အဲ့ဒီမှာတော့ ပညာရေးဘုတ်အဖွဲ့တွေနဲ့ကျွန်တော်တို့ ဆောင်ရွက်ဖို့တွေပြင်ဆင်နေကြတယ်။ အဲ့မှာတော့ NUG စနစ်သစ်ပညာရေးပေါ့ စစ်ကောင်စီပညာရေးတော့သင်ကြားခွင့်မပေးတော့ဘူး ”လို့သူကပြောပါတယ်။ KIA ပူးပေါင်းတပ်စိုးမိုးနယ်မြေက ကျောင်းတွေမှာ CDM ကျောင်းဆရာ /ဆရာမတွေကသင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းတွေအားလုံး လာမယ့် ဇွန်လနှင့်ဇူလိုင်လထဲမှာအားလုံးဖွင့်နိုင်အောင်စီစဥ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ “အခုလောလောဆယ် ကျောင်းတွေတွေအပ်လို့မရသေးဘူးသူတို့စီစဥ်နေတုန်းလို့ပြောတယ် ကျောင်းအပ်လို့ရပြီဆိုရင်တော့ ကလေးတွေကိုကျောင်းအပ်ထားမယ် ။ သူများတွေလည်းအပ်ကြမှာအများနဲ့ဆိုတော့ဘာမှမဖြစ်လောက်ပါဘူးလေကြောင်းပဲ နည်းနည်းကြောက်ရမှာပေါ့”လို့ တာမခံကျေးရွာနေ အမျိုးသမီးတစ်ဦး ကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂–၂၀၂၃ ပညာ သင်နှစ်တုန်းကလည်းNUG စာသင်ကျောင်းတွင်ဖွင့်လှစ်ထားနိုင်ခဲ့ပြီး တက်ရောက်တဲ့ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ နန့်ယား၊တာမခံ၊ဝှေခါ၊ ဆယ်ဇင်း၊နန့်တိန်း စတဲ့ကျေးရွာတွေကို KIA၊KPDF ပူးပေါင်းတပ်တွက ဒီနှစ်ထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိဆယ်ဇင်းကျေးရွာကလွဲလို့ကျန်တဲ့ကျေးရွာက စစ်ဘေးရှောင်တွေအားလုံးနေရပ်ပြန်ကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ဇင်းဒေသခံတွေ နေရပ်ပြန်ဝင်တာနဲ့တစ်ပြိုက်နကက် ကျောင်းဖွင့်နိုင်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ By – Zaw Zaw

    Read More »
  • 10 May
    သတင်း

    တာမခံ‌ကျေးရွာမှာ KIO ပြန်လည်ထူထောင်ရေးစတင်လုပ်ဆောင်ပေးနေ

    ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်တွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြန်လည်ထူးထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ပေးနေပြီလို့ သိရပါတယ်။ ဆယ်ရက်ကျော်လောက်အကြာဖြစ်ပွားခဲ့တဲ့ တာမခံတိုက်ပွဲမှာ လူနေအိမ် ၄၀၀ ကျော်မီးလောင်ပျက်စီးသွားပြီး နေရပ်ပြန်ကြတဲ့ တာမခံဒေသခံပြည်သူတွေအတွက် KIO အစိုးရက…

    Read More »
  • 9 May
    သတင်း

    နန့်ယားကျေးရွာကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးဖို့ဒေသခံတွေ တောင်းဆို

    ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ နန့်ယားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေရပ်ပြန်ကြတဲ့ ဒေသခံပြည်သူတွေ နေစရာ အခက်အခဲဖြစ်နေတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဒေသခံ‌တွေ တောင်းဆိုနေကြပါတယ်။ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ် စုစုပေါင်း ၅၀ ခန့်ရှိပြီး အဲဒီထဲကအိမ်ထောင်စု ၂၀ ကျော်ဟာ…

    Read More »
  • 6 May
    သတင်း

    ဆိုင်းတောင်မှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးနောက် စစ်တပ်ဘက်ကစစ်ရေးလှုပ်ရှားနေ

    ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းအသုံးပြုပြီးတော့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDF တပ်သားတစ်ချို့ ဆိုင်းတောင် (ဆိပ်မူ) ရဲစခန်းက ဒုရဲအုပ်တစ်ဦးကိုဖမ်းဆီးလိုက်ပြီးနောက် ဆိုင်းတောင်ရွာအတွင်း စစ်ကောင်စီကစစ်ရေးလှုပ်ရှားဆက်တိုက်ရှိနေတဲ့အပြင် ဖမ်းဆီးစစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဆိုင်းတောင်မှာ ပိုက်ဆံထွက်လွှဲတဲ့ ဒုရဲအုပ်တစ်ယောက်ဖမ်းပြီးတဲ့နောက် နောက်ဆက်တွဲလို့ယူဆလို့ရပါ တယ်။အဲ့နောက်ပိုင်းမှာသူတို့က ရွာထဲမှာ စစ်ကြောင်းတွေထိုးတယ် မသင်္ကာသူတွေကိုဖမ်းတယ် ဆိုင်းတောင်ရွာထဲကိုထိုးတာဗျ။ စာသင်ကျောင်းထဲကိုပေါ့”လို့ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကဆိုရင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်း အဖွဲ့ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အပြင် ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်မြို့နယ်KPDF ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်တပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရသွားသလို ဆိုင်းတောင်ရွာထဲက နေအိမ်တစ်ချို့လည်းပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ “ကျနော်တို့ ကာကွယ်ရေးတပ်တွေဘက်က သူတို့ရဲ့လှုပ်ရှားမှုရှိတဲ့နေရာ ပြည်သူနဲ့လွတ်တဲ့အချိန် ဒရုန်းနဲ့ချ တယ်လို့သိရတယ် အဲ့လိုချခံရတော့ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိတယ်ဗျ သူတို့က ဒီရက်ပိုင်းဆိုင်းတောင်ထဲမှာ သူတို့မြို့ထဲလှုပ်ရှားတာတွေရှိတယ်တဲ့ဗျ။အခြေနေကတော့ ဒီနေ့ပဲ စစ်ကြောင်း ထိုးနေတယ်လို့ပြောတယ် ဆိုင်းတောင်ရွာထဲမှာ”လို့ဖားကန့်မြို့နယ်KPDF ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် မေလ ၄ ရက်နေ့ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ထဲက အမျိုးသမီး တစ်ဦးကတော့သေဆုံးသွားပြီလို့ သတင်းတွေထွက်နေပေမဲ့ KNG က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ လတ်တလော စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA+KPDF ပူးပေါင်းအဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်း ဆိုင်းတောင်ရွာပတ်ဝန်းကျင်မှာ စစ်ရေးတင်းမာမှုတွေရှိလာတဲ့အတွက် ဒေသခံတွေက တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။ ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုမှာပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ဒုရဲအုပ်အပါအဝင် ၃ ဦး ငွေလွှဲဖို့ရွာထဲထွက်လာချိန် ငွေလွှဲတဲ့ဆိုင်တစ်ဆိုင်မှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး ဒုရဲအုပ် လင်းအောင်ကျော်ဆိုသူကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 3 May
    သတင်း

    တာမခံကျေးရွာ မီးဘေးသင့်အိမ်ခြံတွေ လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာတိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေကြတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။ တာမခံတိုက်ပွဲမှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုအပြင် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၃၇၆ လုံးမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးလောင်ပျက်စီးသွားတဲ့အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့စျေးနှိမ်ပေးဝယ်ပြီး ကျော်တူးဖို့စီစဥ်နေတယ်လို့ အသက် ၄၀ ကျော်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဟုတ်တယ်ရှင့် ဒီကအိမ်ခြံတွေက ပုံမှန်ဆိုရင်မြေမှန်တယ် ခြံကျယ်တယ်ဆိုရင် သိန်း ၅ ထောင်၊ သိန်း ၈ထောင်အဲ့လောက်ထိစျေးပေါက်တာ။ ဒါပေမယ့်အခုအဲ့လောက်မပေးဘူး ရာဂဏန်းလောက်ပဲပေးဝယ်နေတာ ဝယ်ပြီးမှကျောက်တူးမယ်မြေပြန်ဖို့ပေးခဲ့မယ်ပေါ့ သူတို့ညှိနေကြတုန်း ကျောက်တူးခွင့်ရမရကိုတော့မသိသေးဘူး”လို့ ပြောပါတယ်။ တာမခံကျေးရွာဟာ ဟောင်ပါး၊ ဆယ်ဇင်းနေရာတွေထက် ကျောက်စိမ်းအရည်အသွေးကောင်းပြီး ကျောက်ကောင်းထွက်တာကြောင့် ပုံမှန်အားဖြင့် ပေ ၈၀ ၊ပေ ၁၂၀ ကျယ်တဲ့ အိမ်ခြံတစ်ကွက် ပေါက်စျေးကျပ် သိန်း ၅၀၀၀ ကနေ ကျပ်သိန်း ၈၀၀၀ ကြားရှိတယ်လို့သိရပေမယ့် လက်ရှိလုပ်ငန်းရှင်တွေက ကျပ်သိန်း ၃၀၀ နဲ့ ကျပ်သန်း ၈၀၀ ကြားသာစျေးပေးဝယ်နေပြီး ကျောက်တူးဖို့စီစဥ်နေတာလို့သိရပါတယ်။ လက်ရှိ တာမခံကျေးရွာကို KIO၊KIA ရဲ့ထိန်းချုပ်မှုအောက် အရပ်ဘက်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေတာဖြစ်ပြီး လုပ်ငန်းရှင်တွေကျေးရွာထဲ ကျောက်တူးဖို့ကိစ္စကို အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တာမခံကျေးရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို KNG  သတင်းဌာနကနေ မေးမြန်းဖို့ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ တာမခံကျေးရွာထဲမှာ  အိမ်ခြေ ၃၇၆ လုံးပျက်စီးသွားပြီး ဒေသခံတွေအနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ဒါကြောင့် ဒေသခံတစ်ချို့အိမ်ခြံမြေတွေပြန်လည်ရောင်းချနေကြတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် အိမ်ခြံမြေဝယ်ယူတဲ့လုပ်ငန်းရှင်တွေအနေနဲ့ မီးဘေသင့်ပြည်သူတွေကို ပေါက်စျေးအတိုင်းပေးဝယ်တာမျိုးမဟုတ်ဘဲ အခွင့်ကောင်းယူသလိုဖြစ်နေတယ်လို့ ဒေသခံတစ်ချို့က သုံးသပ်ပြောပါတယ်။ “တချို့ကတော့ပြန်ရောင်းချင်နေကြတယ် အဲ့တာလေးရောင်းပြီးမှပဲ အသစ်ကနေပြန်စဖို့ပေါ့အကုန်ပါသွားတာလေးတချို့ကဘာမှမရလိုက်ဘူး။ တချို့ကျတော့လေးအဲ့မှာမိုးကာတဲလေးထိုးပြီးမှနေနေတာ ခြံရောင်းလို့ဝယ်လို့အဆင်ပြေတဲ့ချိန်ကိုစောင့်နေတာပေါ့ အဓိကတော့မီးလောင်သွားတာဆိုတော့ အခက်အခဲကြောင့်ခြံရောင်းချင်တာပေါ့။ အဲ့တာကိုလုပ်ငန်းရှင်တွေအခွင့်ကောင်းမယူသင့်ဘူး”လို့ တာမခံကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းကနေ စစ်ဘေးရှောင်သွားကြတဲ့တာမခံပြည်သူတွေဟာ မတ်လ ၁၇ ရက်နေ့ကနေစပြီးနေရပ်ပြန်ဝင်ကြပေမယ့် နေအိမ်မီးလောင်ပျက်စီးသွားတဲ့သူကတော့ အိမ်မရှိတော့တဲ့အတွက် နေရပ်မပြန်နိုင်ပဲ ခြားနေရာတွေဟာ ပြောင်းရွေ့နေထိုင်နေကြရတယ်လို့သိရပါတယ်။ တာမခံကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ လကုန်းပိုင်းကတည်းစနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ကျော်ကြာတိုက်ပွဲ ဖြစ်ပွားပြီးနောက်စစ်ကောင်စီစစ်သားတွေစခန်းကိုစွန့်ခွာသွားတာကြောင့် မတ်လ ၉ ရက်နေ့မှာ တာမခံ ကျေးရွာကို KIA၊KPDF တပ်တွေထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 2 May
    သတင်း

    ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် ဆိုင်းတောင်တံတားထိပ်မှာ တစ်နာရီအကြာပိတ်ဆို့စစ်ဆေးခဲ့ပြီး အရပ်သား ၃ ဦးကိုဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကြာကြီးတော့မဟုတ်ဘူး ခနပဲလုပ်သွားတာ အဲ့မှာသူတို့မသင်္ကာတဲ့အမျိုးသားသုံးယောက်ကိုတော့ဖမ်းသွားတယ်။ ဆိုင်းတောင်ရဲကုန်းကိုခေါ်သွားတယ်။ နောက်ဆက်သွယ်တော့မသိရသေးဘူးအခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားကြပြီ”လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ အရပ်သား…

    Read More »
  • 1 May
    သတင်း

    ဖားကန့်မှာ ဒုရဲအုပ်တစ်ဦးကို KPDF ဖမ်းဆီးရမိ

    ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီလောက်က ဒုရဲအုပ်တစ်ဦးကို KPDF တပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။ ဖြစ်စဥ်ကတော့ ဆိုင်းတောင်ရဲစခန်းကနေ ရဲ၃ယောက် မြို့ထဲကိုဆင်းလာပြီး ငွေသွင်းငွေထုတ်လုပ်နေတဲ့ အချိန်မှာပဲ…

    Read More »
Back to top button