သတင်း

တာမခံကျေးရွာ မီးဘေးသင့်အိမ်ခြံတွေ လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာတိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေကြတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။

တာမခံတိုက်ပွဲမှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုအပြင် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၃၇၆ လုံးမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးလောင်ပျက်စီးသွားတဲ့အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့စျေးနှိမ်ပေးဝယ်ပြီး ကျော်တူးဖို့စီစဥ်နေတယ်လို့ အသက် ၄၀ ကျော်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဟုတ်တယ်ရှင့် ဒီကအိမ်ခြံတွေက ပုံမှန်ဆိုရင်မြေမှန်တယ် ခြံကျယ်တယ်ဆိုရင် သိန်း  ထောင်၊ သိန်း ၈ထောင်အဲ့လောက်ထိစျေးပေါက်တာ။ ဒါပေမယ့်အခုအဲ့လောက်မပေးဘူး ရာဂဏန်းလောက်ပဲပေးဝယ်နေတာ ဝယ်ပြီးမှကျောက်တူးမယ်မြေပြန်ဖို့ပေးခဲ့မယ်ပေါ့ သူတို့ညှိနေကြတုန်း ကျောက်တူးခွင့်ရမရကိုတော့မသိသေးဘူးလို့ ပြောပါတယ်။

တာမခံကျေးရွာဟာ ဟောင်ပါး၊ ဆယ်ဇင်းနေရာတွေထက် ကျောက်စိမ်းအရည်အသွေးကောင်းပြီး ကျောက်ကောင်းထွက်တာကြောင့် ပုံမှန်အားဖြင့် ပေ ၈၀ ၊ပေ ၁၂၀ ကျယ်တဲ့ အိမ်ခြံတစ်ကွက် ပေါက်စျေးကျပ် သိန်း ၅၀၀၀ ကနေ ကျပ်သိန်း ၈၀၀၀ ကြားရှိတယ်လို့သိရပေမယ့် လက်ရှိလုပ်ငန်းရှင်တွေက ကျပ်သိန်း ၃၀၀ နဲ့ ကျပ်သန်း ၈၀၀ ကြားသာစျေးပေးဝယ်နေပြီး ကျောက်တူးဖို့စီစဥ်နေတာလို့သိရပါတယ်။

လက်ရှိ တာမခံကျေးရွာကို KIOKIA ရဲ့ထိန်းချုပ်မှုအောက် အရပ်ဘက်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေတာဖြစ်ပြီး လုပ်ငန်းရှင်တွေကျေးရွာထဲ ကျောက်တူးဖို့ကိစ္စကို အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တာမခံကျေးရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို KNG  သတင်းဌာနကနေ မေးမြန်းဖို့ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ တာမခံကျေးရွာထဲမှာ  အိမ်ခြေ ၃၇၆ လုံးပျက်စီးသွားပြီး ဒေသခံတွေအနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ဒါကြောင့် ဒေသခံတစ်ချို့အိမ်ခြံမြေတွေပြန်လည်ရောင်းချနေကြတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါပေမယ့် အိမ်ခြံမြေဝယ်ယူတဲ့လုပ်ငန်းရှင်တွေအနေနဲ့ မီးဘေသင့်ပြည်သူတွေကို ပေါက်စျေးအတိုင်းပေးဝယ်တာမျိုးမဟုတ်ဘဲ အခွင့်ကောင်းယူသလိုဖြစ်နေတယ်လို့ ဒေသခံတစ်ချို့က သုံးသပ်ပြောပါတယ်။

တချို့ကတော့ပြန်ရောင်းချင်နေကြတယ် အဲ့တာလေးရောင်းပြီးမှပဲ အသစ်ကနေပြန်စဖို့ပေါ့အကုန်ပါသွားတာလေးတချို့ကဘာမှမရလိုက်ဘူး။ တချို့ကျတော့လေးအဲ့မှာမိုးကာတဲလေးထိုးပြီးမှနေနေတာ ခြံရောင်းလို့ဝယ်လို့အဆင်ပြေတဲ့ချိန်ကိုစောင့်နေတာပေါ့ အဓိကတော့မီးလောင်သွားတာဆိုတော့ အခက်အခဲကြောင့်ခြံရောင်းချင်တာပေါ့။ အဲ့တာကိုလုပ်ငန်းရှင်တွေအခွင့်ကောင်းမယူသင့်ဘူးလို့ တာမခံကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းကနေ စစ်ဘေးရှောင်သွားကြတဲ့တာမခံပြည်သူတွေဟာ မတ်လ ၁၇ ရက်နေ့ကနေစပြီးနေရပ်ပြန်ဝင်ကြပေမယ့် နေအိမ်မီးလောင်ပျက်စီးသွားတဲ့သူကတော့ အိမ်မရှိတော့တဲ့အတွက် နေရပ်မပြန်နိုင်ပဲ ခြားနေရာတွေဟာ ပြောင်းရွေ့နေထိုင်နေကြရတယ်လို့သိရပါတယ်။

တာမခံကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIAKPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ လကုန်းပိုင်းကတည်းစနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ကျော်ကြာတိုက်ပွဲ ဖြစ်ပွားပြီးနောက်စစ်ကောင်စီစစ်သားတွေစခန်းကိုစွန့်ခွာသွားတာကြောင့် မတ်လ  ရက်နေ့မှာ တာမခံ ကျေးရွာကို KIAKPDF တပ်တွေထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button