သတင်း

ဆိုင်းတောင်မှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးနောက် စစ်တပ်ဘက်ကစစ်ရေးလှုပ်ရှားနေ

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းအသုံးပြုပြီးတော့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDF တပ်သားတစ်ချို့ ဆိုင်းတောင် (ဆိပ်မူရဲစခန်းက ဒုရဲအုပ်တစ်ဦးကိုဖမ်းဆီးလိုက်ပြီးနောက် ဆိုင်းတောင်ရွာအတွင်း စစ်ကောင်စီကစစ်ရေးလှုပ်ရှားဆက်တိုက်ရှိနေတဲ့အပြင် ဖမ်းဆီးစစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဆိုင်းတောင်မှာ ပိုက်ဆံထွက်လွှဲတဲ့ ဒုရဲအုပ်တစ်ယောက်ဖမ်းပြီးတဲ့နောက် နောက်ဆက်တွဲလို့ယူဆလို့ရပါ တယ်။အဲ့နောက်ပိုင်းမှာသူတို့က ရွာထဲမှာ စစ်ကြောင်းတွေထိုးတယ် မသင်္ကာသူတွေကိုဖမ်းတယ် ဆိုင်းတောင်ရွာထဲကိုထိုးတာဗျ။ စာသင်ကျောင်းထဲကိုပေါ့လို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ  ရက်နေ့ကဆိုရင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်း အဖွဲ့ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အပြင် ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်မြို့နယ်KPDF ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သား  ဦးထိခိုက်ဒဏ်ရာရသွားသလို ဆိုင်းတောင်ရွာထဲက နေအိမ်တစ်ချို့လည်းပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ကျနော်တို့ ကာကွယ်ရေးတပ်တွေဘက်က သူတို့ရဲ့လှုပ်ရှားမှုရှိတဲ့နေရာ ပြည်သူနဲ့လွတ်တဲ့အချိန် ဒရုန်းနဲ့ချ တယ်လို့သိရတယ် အဲ့လိုချခံရတော့ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိတယ်ဗျ သူတို့က ဒီရက်ပိုင်းဆိုင်းတောင်ထဲမှာ သူတို့မြို့ထဲလှုပ်ရှားတာတွေရှိတယ်တဲ့ဗျ။အခြေနေကတော့ ဒီနေ့ပဲ စစ်ကြောင်း ထိုးနေတယ်လို့ပြောတယ် ဆိုင်းတောင်ရွာထဲမှာလို့ဖားကန့်မြို့နယ်KPDF ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် မေလ  ရက်နေ့ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ထဲက အမျိုးသမီး တစ်ဦးကတော့သေဆုံးသွားပြီလို့ သတင်းတွေထွက်နေပေမဲ့ KNG က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လတ်တလော စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA+KPDF ပူးပေါင်းအဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်း ဆိုင်းတောင်ရွာပတ်ဝန်းကျင်မှာ စစ်ရေးတင်းမာမှုတွေရှိလာတဲ့အတွက် ဒေသခံတွေက တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။

ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုမှာပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ဒုရဲအုပ်အပါအဝင်  ဦး ငွေလွှဲဖို့ရွာထဲထွက်လာချိန် ငွေလွှဲတဲ့ဆိုင်တစ်ဆိုင်မှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး ဒုရဲအုပ် လင်းအောင်ကျော်ဆိုသူကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button