ဖားကန့်

  • Feb- 2024 -
    9 February
    သတင်း

    ဝှေခါစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနဲ့ မှော်ရှန်ကျေးရွာထဲမှာတိမ်း‌ရှောင်‌ နေတဲ့ ဝှေခါစစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။ ဝှေခါကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဗျူဟာ စခန်းကုန်းသိမ်းတိုက်ပွဲတွေကြောင့် ဆိုင်းတောင်နဲ့ မှော်ရှန်ကျေးရွာတွေမှာတစ်လကြာ စစ်ဘေးရှောင်လာကြပြီးနောက်  လက်ရှိ နယ်မြေတည်ငြိမ်နေပြီမို့ နေရပ်ပြန်ကြပြီလို့ စစ်ဘေးရှောင်တွေကို ကူညီခဲ့တဲ့ မှော်ရှန်ကျေးရွာက…

    Read More »
  • 8 February
    သတင်း

    လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဖားကန့် ပြည်သူတွေ အခက်အခဲကြုံတွေ့နေရ

    ကချင်ပြည်နယ် ဖားကန့်ဒေသတစ်ခုလုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်ပတ်နီးပါးရှိလာနေတဲ့အတွက် ပြည်သူ‌တွေ အစစအရာရာခက်ခဲလာနေတယ်လို့ ဖားကန့်နေပြည်သူတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တွေက နန့်တိန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်တပ်က နန့်တိန်းဘက်ကို…

    Read More »
  • 7 February
    သတင်း

    စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ဓါတ်တိုင်ထိမှန်ပြီး မီးပျက်နေ

    ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ဖားကန့်ဘက်ကိုသွားတဲ့ ဓာတ်တိုင်တွေထိမှန်ပျက်စီးခဲ့တာကြောင့် ဖားကန့်မြို့နယ်ထဲမှာ ဒီကနေ့အထိလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ လို့သိရပါတယ်။ ဖေဖော်ဝါရီလ ၂ရက်နေ့ မှာ နန့်တိန်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို KIA၊KPDF တပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်ကဖားကန့်ဗျူဟာကုန်းကနေ နန့်တိန့်ဘက်ကိုနေ့တိုင်း လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တာ‌ကြောင့် ဓါတ်တိုင်ထိမှန်ပျက်စီးပြီး…

    Read More »
  • 6 February
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ ဝှေခါ စစ်ရှောင်ပြည်သူတွေနေရပ်မပြန်နိုင်သေး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဝှေခါကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် စစ်တပ်လေယာဥ်ပျံဝဲနေသေးတာကြောင့် ဝှေခါပြည်သူအများပိုင်းနေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။ ဝှေခါစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး KIA,PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့အတွက် ဝှေခါရွာ တစ်လျှောက်နေထိုင်တဲ့ ပြည်သူထောင်နဲ့ချီနေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။…

    Read More »
  • 2 February
    သတင်း

    ကျောက်ပွဲစား လူငယ် ၂ ယောက် ဓါးပြတိုက်ခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာမှာ ကျောက်ပွဲစားလုပ်တဲ့ ရခိုင်လူငယ်နှစ်ဦးဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁၀ နာရီ လောက်မှာ ရခိုင်လူငယ် ၂ ဦးဟာ လုံးခင်းညကျောက်ဝိုင်းကနေ …

    Read More »
  • Jan- 2024 -
    29 January
    သတင်း

    မိုးကောင်းနဲ့ ဖားကန့်လမ်းမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်စခန်း ဆုတ်ခွာ

    မိုးကောင်းမြို့နယ် နာ့ဟိုင်ကျေးရွာ(Namsheng)မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တပ်စခန်းတစ်ခုလုံး တပ်ဆုတ်သွားခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဖားကန့်သွားလမ်း မိုးကောင်းနဲ့ ကားမိုင်းကြားမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ တပ်စခန်းတစ်ခုလုံးက ကားမိုင်းဗျူဟာကုန်းနေရာဆီ ဆုတ်ခွာသွားကြတယ်လို့…

    Read More »
  • 23 January
    သတင်း

    မှော်ရှန်ကစစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာရောက်နေတဲ့ ဝှေခါဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်နဲ့ ဆိုင်းအောင်ကျေးရွာထဲက စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးစုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်ထဲက နာမကျန်းဖြစ်နေတဲ့သူတွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့…

    Read More »
  • 22 January
    သတင်း

    ဆိုင်းတောင်မှာ စိတ်ဝေဒနာရှင်သူတစ်ဦးကို စစ်တပ်က ပစ်သတ်ခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန်အမျိုးသား ၂ဦးမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးစထိမှန်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက် နေ့က သိမ်းပိုက်ခံလိုက်ရတဲ့ ဝှေခါဗျူဟာကုန်းဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်က ဆိုင်းတောင်အထွက်မှာ KIA၊ KPDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး တပ်ဆုတ်လာချိန် စစ်ကြောင်းနဲ့ တည့်တိုးသွားတဲ့ ဆိုင်းတောင်ရွာထဲက စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန် ၂ဦးလည်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးစထိမှန်လို့သေဆုံးခဲ့သွားတယ်လို့ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက်ကတော့စိတ်မနှံ့တဲ့ကောင်လေးကိုလမ်းမှာပစ်သွားတာလေး သူတို့က လမ်းမကြီးအတိုင်းဆုတ်လာတာလေး သူကလမ်းမှာလျှောက်သွားနေတာအရူးစိတ်မနှံ့ဘူး စာသင်ကျောင်းရှေ့မှာပစ်သတ်သွားတယ်”လို့ မျက်မြင်တွေ့ခဲ့တဲ့ အထက်ပါအမျိုးသားကပြောပါတယ်။ အလားတူ ဖားကန့်ဗျူဟာကုန်းကနေလည်း တိုက်ပွဲဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်နဲ့ကားလမ်းမတွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၂ဦးလည်း လက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ “နှစ်ယောက်ကတော့တစ်ယောက်က ကုမ္ပဏီလုပ်သားသူကအပြင်ထွက်ကြည့်တဲ့ခါ လက် နက်ကြီးစထိပြီးသေသွားတာနောက်တစ်ယောက်ကတော့နမ့်မော်ရွာက ဆိုင်းတောင်ကနေ နမ့်မော်ရွာကိုပြန်ဖို့ထွက်တဲ့ချိန်ဖြစ်သွားတာ ၊ဒဏ်ရာရတာတွေလည်းရှိတယ်”လို့ ဆိုင်းတောင်ကျေးရွာနေအမျိူးသားတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့သူတွေဟာဦးခင်မော်ဇော် အသက် ၃၅နှစ် ၊ကိုကောင်ဆက် အသက် ၃၄နှစ် စိတ်ဝေဒနာရှင်တစ်ဦး တို့ဖြစ်ပါတယ်။ ဒါ့အပြင်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆိုင်းတောင်ရွာထဲက နောက်ထပ်အရပ်သား ၆ ဦးထက်မနည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး ရွာထဲက AG ဘုးကျောင်းဆောင်နဲ့လူနေအိမ်တွေလည်း လက်နက်ကြီးစထိမှန်ပြီးပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်အတွက် အရေးပါတဲ့ဗျူဟာကုန်းဖြစ်တဲ့ဝှေခါဗျူဟာ ကုန်းကို KIA၊ KPDF တပ်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့မနက်မစောပိုင်းမှာ တိုက်ခိုက်ခံသိမ်းပိုက်ခဲ့တာဖြစ်ပြီး မနေ့ကမွန်းလွဲပိုင်းအထိ ထိုးစစ်တွေရှိနေသလိုဒီကနေ့မနက်ပိုင်းအထိလည်း လက်နက်ကြီးပစ်ခတ်တာတွေရှိနေသေးတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 15 January
    သတင်း

    လုံးခင်းကျေးရွာ အဝင်စစ်ဆေးရေးဂိတ်မှာ ယမ်းကား သုံးဆီးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ယမ်းကားသုံးဆီးဖမ်းဆီးခံရတယ်လို့  လုံးခင်းမှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ လုံးခင်းကျေးရွာအဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ယမ်းချက်စစ်ရေးဂိတ်မှာ ဇန္နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ လုံးခင်းကျေးရွာဘက်ကိုဝင်လာတဲ့ ယမ်းကားသုံးစီးစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းဘက်ကိုအဝင်ပေါ့ဘယ်ကလာတာလည်းတော့မသိရဘူး ၁၂ ဘီးကားကြီးပဲ သုံးစီးဟုတ်တယ်။ ကုမ္ပဏီက ယမ်းကားတွေဖြစ်ဖို့များတယ် တခြားကတော့မဟုတ်လောက်ဘူး”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ယမ်းကားသုံးစီးနဲ့အတူ ကားကမားတွေနဲ့ ကားနောက်လိုက်တွေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကုမ္မဏီပိုင်ယမ်းကားဟုတ်မဟုတ်ကို KNGက  သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာတော့ လက်ရှိ ဖားကန့်ဝှေခါတစ်လျှောက်စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ချိန်ဖြစ်တာမို့ ဒီယမ်းကား ၃ စီးဟာ KIA,PDF တွေရဲ့ကားဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် ဖားကန့် KPDF တပ်ဖွဲ့ာတာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်ကဖမ်းဆီးထားတဲ့ ယမ်းတင်ကားက သူတို့ဟာမဟုတ်ဘူးလို့ပြောပါတယ်။ “ကျွန်တော်တို့ဘက်ကတော့မဟုတ်ဘူးဗျ ကုမ္ပဏီတစ်ခုခုရဲ့ယမ်းကားပဲ ဖြစ်ဖို့များပါတယ်”လို့ ဖားကန့် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လုံးခင်းမှာလက်ရှိ ယမ်းချမ်းစစ်ဆေးရေးဂိတ်နဲ့ နှစ်မျက်နှာဘုရားရှေ့စစ်ဆေးရေးဂိတ်နှစ်ခုသာကျန်ရှိတော့ပြီးအဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာအရပ်သားတွေနဲ့ခရီးသည်၊ကုန်ကားတွေကိုအစစ်အဆေးတင်းကြပ်ထားတယ်လို့သိရပါတယ်။ ဖားကန့်မြို့အဝင်မှာရှိတဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့က ရုပ်သိမ်းခဲ့ ပြီး အဲ့ဒီစစ်ဆေးရေးဂိတ်မှာထိုင်တဲ့စစ်သားတွေဟာ လက်ရှိ ယမ်းချက်ဂိတ်မှာပူးပေါင်းပြီးဂိတ်ထိုင်နေတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 9 January
    သတင်း

    ဖားကန့်သွားလမ်းက ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေထပ်မံတိမ်းရှောင်နေရ

    ဖားကန့်သွားလမ်းမပေါ် နမ်တိန့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုင်းဖရာဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်တိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KIA…

    Read More »
Back to top button