စစ်ပြေးဒုက္ခသည်များသတင်း

ဝှေခါစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနဲ့ မှော်ရှန်ကျေးရွာထဲမှာတိမ်း‌ရှောင်‌ နေတဲ့ ဝှေခါစစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။

ဝှေခါကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဗျူဟာ စခန်းကုန်းသိမ်းတိုက်ပွဲတွေကြောင့် ဆိုင်းတောင်နဲ့ မှော်ရှန်ကျေးရွာတွေမှာတစ်လကြာ စစ်ဘေးရှောင်လာကြပြီးနောက်  လက်ရှိ နယ်မြေတည်ငြိမ်နေပြီမို့ နေရပ်ပြန်ကြပြီလို့ စစ်ဘေးရှောင်တွေကို ကူညီခဲ့တဲ့ မှော်ရှန်ကျေးရွာက အမျိုးသားတစ်ဦးကပြောပါတယ်။

ပြန်တာကမနေ့က စပြန်ကြတာ ဒီနေ့တော့အားလုံးပြန်ကြပြီ။ သူတို့ကို ဒီမှော်ရှန်တို့ဆိုင်းတောင်တို့ဖားကန့်တို့မှာရှိတဲ့ လူမှုကူညီရေးအသင်းကားတွေစီစဥ်ပြီးလိုက်ပို့ပေးနေကြတယ်။ အခြေအနေကငြိမ်သွားပြီဆိုးလို့ပြန်သားကြတာပါလို့သူကပြောပါတယ်။

လက်ရှိနေရပ်ပြန်ကြတဲ့စစ်ဘေးရှောင်တွေဟာ မှော်ရှန်ဘုန်းကြီးကျောင်းမှာတိမ်းရှောင်ခဲ့ကြတဲ့ လူဦးရေ ၅၀၀ နဲ့ ဆိုင်းတောင်ကျေးရွာထဲက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ တိမ်းရှောင်ခဲ့ကြတဲ့ လူဦးရေ ၁၀၀၀ ကျော်နေရပ်ပြန်ကြတာဖြစ်ပါတယ်။

ဝှေခါကျေးရွာကို KIAKPDF တပ်တွေက ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းက အပြီးတိုင်သိမ်းပိုက်ပြီး ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီတပ်တွေ နေ၊ညလက်နက်ကြီးပစ်ခတ်တာမျိုးရှိသလို နေမြေရှင်းလင်းရေး မပြီးမြောက်သေးတာကြောင့်အရပ်သားတွေနေရပ်ပြန်ဖို့ကို ခေတ္တဆိုင်းငံ့ထားခဲ့ရာကနေ မနေ့ကပြန်လည်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဟုတ်ပါတယ်အခုပြန်ဝင်ခိုင်းနေပါပြီ အစကမဝင်ခိုင်းဘူးဆိုတာကလည်း ရွာထဲမှာမပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေမိုင်းတွေ အဖြုန်သိမ်းပြီးတာရယ်တခြားကိစ္စလေးတွေမဆောင်ရွက်ပြီးနိုင်တာတွေကြောင့်ပါအခုက နယ်မြေရှင်းလင်းရေးပြီးပါပြီ ကျွန်တော်တို့(KIAKPDF) ဘက်ကထိန်းချုပ်ထားတာဆိုတော့ အေးအေးချမ်းချမ်းဖြစ်ပါပြီလို့သူကပြောပါတယ်။

KIAKPDF တွေထိန်းချုပ်ထားတဲ့ ဝှေခါကျေးရွာထဲ ဝင်ထွက်သွားလာတဲ့အရပ်သား တွေကို လတ်တလော နယ်မြေလုံခြုံရေးအရ စစ်ဆေးမှုတွေတော့ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ်ထဲကနန့်တိန်းကျေးရွာကိုလည်းKIAKPDF တပ်တွေက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး နန့်တိန်းကျေးရွာနေပြည်သူတွေဟာ စစ်ဘေးရှောင်နေကြဆဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button