သတင်း

စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ဓါတ်တိုင်ထိမှန်ပြီး မီးပျက်နေ

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ဖားကန့်ဘက်ကိုသွားတဲ့ ဓာတ်တိုင်တွေထိမှန်ပျက်စီးခဲ့တာကြောင့် ဖားကန့်မြို့နယ်ထဲမှာ ဒီကနေ့အထိလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၂ရက်နေ့ မှာ နန့်တိန်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို KIAKPDF တပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်ကဖားကန့်ဗျူဟာကုန်းကနေ နန့်တိန့်ဘက်ကိုနေ့တိုင်း လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တာ‌ကြောင့် ဓါတ်တိုင်ထိမှန်ပျက်စီးပြီး လျှပ်စစ်မီးတွေပြတ်တောက်နေတာဖြစ်တယ်လို့ ဖားကန့်မြို့ နယ်လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

ဟုတ်ကဲ့လျှပ်စစ်မီးတွေကပြန်မရသေးဘူးဗျ။ ဖားကန့်တစ်မြို့နယ်လုံးပဲပျက်နေတာ။ လုံးခင်း၊ဖားကန့်၊ဆိုင်တောင်အကုန်ပဲ သုံးညရှိသွားပြီပျက်နေတာလို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဖားကန်မြို့နယ်မှာတော့ လျှပ်စစ်မီးကို မိုးကောင်းကနေတဆင့် မဟာဓာတ်အားလိုင်းကနေ သွယ်တန်းထားတာဖြစ်ပြီး လက်ရှိ ဖားကန့်မိုးကောင်းကားလမ်းပိုင်း နမ်တိန့်နဲ့ဖားကန့်မြို့ကြားက ဓာတ်တိုင်တွေပျက်စီးနေတာလို့ဖားကန့်မြို့နယ် EPC ရုံးနဲ့နီးစပ်တဲ့ဖားကန့်မြို့နေ အမျိူးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးတွေမှန်တော့ တိုင်တွေပျက်သွားတာ တောင်တွေကနေဖြတ်သွယ်ထားတာဆိုတော့အခု ပျက်သွားတဲ့တိုင်တွေကတောင်ကြားမှာလို့ပြောတယ်။ အခုလောလောဆယ်သွားရလာရခက်ခဲတော့ ဆင်တွေနဲ့ ပစ္စည်းတွေ သယ်ပြီးလုပ်ရတာလေး လုပ်တော့လုပ်နေကြတယ်။ ဒီရက်ပိုင်းတော့လာမယ်ပြောတာပဲလို့ အထက်ပါအမျိုးသားကပြောပါတယ်။

အလားတူစစ်ကောင်စီတပ်က အခုလိုနမ်တိန့် ဘက်ကိုလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာကြောင့် ခရီးသွားပြည်သူတွေနဲ့ကုန်ကားတွေ ထိမှန်မှာကိုစိုးရိမ်ရတဲ့အတွက် မိုးကောင်းဖားကန့်ကားလမ်းပိုင်းကို KIA KPDF ဘက္က မနက် ၁၁ နာရီနောက်ပိုင်း နမ်တိန့်အနီးတစ်ဝိုက်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်တပ်ကုန်းကို KIAKPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာလည်း နမ်တိန့်စစ်တပ်ကုန်းကိုထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ တာကြောင့် ဖားကန့်မြို့နယ်ထဲမှာ နှစ်ဖက် စစ်ရေးတင်းမာနေပြီး ဖားကန့်ဗျူဟာကုန်း ကနေလက်နက်ကြီးတွေလည်းပုံမှန်ပစ်ခတ်နေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button