မိုးညှင်းမြို့

  • Feb- 2026 -
    10 February
    သတင်း

    အင်းတော်ကြီးမှာ စစ်တပ်ကလမ်းပိတ်ထားလို့ ကျေးရွာတစ်ချို့ ပိတ်မိနေ

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို စစ်တပ်ပိတ်ထားတဲ့အတွက် ကျေးရွာတစ်ချို့ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ အင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး လုံးတုံ၊ ဟဲပု၊ ဟဲပါးဘက်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်နှင့် KIA ပူးပေါင်းတပ်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာပြီးနောက် အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းအတွင်း အရေးပါတဲ့လမ်းပိုင်းကို ပိတ်ထားခြင်းဖြစ်တယ်လို့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “လမ်းကို ဒီဘက် စစ်ကောင်စီနဲ့ ရှမ်းနီဘက်က ပိတ်ထားတယ်ဗျ။ လုံးတုံကနေ နန့်မွန်းတောင်ဂိတ်အကြားကို ပိတ်ထားတာပါ။ လုံးတုံကနေ ဖားကန့်ဘက်ကို အထွက်မရသလို ဖားကန့်ကနေ လုံးတုံထဲကိုလည်း ဝင်မရဘူး။ ပြီးတော့ ဟိုပင်ဘက်ကနေလာရင်လည်း နန့်မွန်းတောင်ဂိတ်မှာ အဝင်အထွက် ပိတ်ထားတယ်။ ပိတ်ထားတာ တစ်ပတ်လောက်တော့ ပြည့်တော့မယ်”လို့ ပြောပါတယ်။ ခုလိုလမ်းပိတ်ထားတဲ့အတွက် လက်ရှိ မိုင်းနောင်၊ မမုံကိုင်၊ နန့်မွန်း၊ လုံးတုံ စတဲ့ ကျေးရွာနေ ပြည်သူတွေဟာ ဟိုပင်၊ မိုးညှင်းဘက်သို့ တိမ်းရှောင်နိုင်ခြင်းမရှိပဲ ကျေးရွာအတွင်းတောတောင်တွေမှာ ယာယီတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။ “ကြားထဲက ရွာတွေကတော့ အထွက်လည်းမရ၊ အဝင်လည်းမရလို့ အခက်အခဲကြီးတယ်။ လမ်းပိတ်ထားတော့ လုံးတုံဘက်က လူတွေကတော့ ရှောင်တဲ့သူ ရှောင်ကြတယ်။ လက်နက်ကြီးတွေ ဟိုဘက်ဒီဘက် ပစ်နေတော့ ရွာထဲမှာပဲ နေတဲ့သူတွေလည်း ရှိတယ်”လို့ အထက်ဖော်ပြပါ နန့်မွန်းမြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဟာ နောက်ထပ် နန့်မွန်းတောင်နဲ့လုံးတုံအကြားကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှစပြီး ပိတ်ထားတဲ့အတွက် လက်ရှိ နန့်မွန်းတောင်နဲ့လုံးတုံအကြားရှိ ကျေးရွာတွေပိတ်မိနေတယ်လို့ဒေသခံများက ဆိုပါတယ်။ “ကားလည်း သွားလို့မရဘူး၊ ဆိုင်ကယ်လည်း မရဘူး။ အရေးကြီးတဲ့လူလောက်ပဲ ဒါတောင် မနည်းပြောယူပြီး သွားရတယ်။ ဆိုင်ကယ်နဲ့လည်း မလွယ်ပါဘူး၊ သွားလာဖို့ ခက်တယ်။ ကြားထဲက ရွာတွေကတော့ ပိုပြီးခက်တယ်၊ ထွက်လို့မရဘူး”လို့  အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ လတ်တလော အင်းတော်ကြီးရဲ့ တစ်ဖက်ကမ်းရှိ ဟဲပုကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လုံးတုံမှာတော့ နှစ်ဖက်တပ်အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ လုံးတုံအထိုင်တပ်ဟာ အင်းတော်ကြီးဒေသအတွင်း စစ်ကောင်စီတပ်ရဲ့အကြီးဆုံး အထိုင်တပ်တစ်ခုဖြစ်ပြီး နန့်မွန်းအထိုင်တပ်မှာ ဒုတိယအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ လုံးတုံမှ နန့်မွန်းအထိ မိုင်းနောင်၊ မမုံကိုင်၊ ရွှေလက်ပံ စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များက ထိန်းချုပ်ထားပြီး လုံးတုံအကျော်ရှိ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်နှင့် အင်းတော်ကြီးကန် တစ်ဖက်ခြမ်းရှိ ဟဲပု၊ ဟဲပါး၊ ဝေလုံ၊ ချောင်းဝဘက်တို့ကို KIA ပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားကြောင်း သိရပါတယ်။ By – Zaw Zaw

    Read More »
  • Apr- 2025 -
    8 April
    သတင်း

    မိုးညှင်းမြို့၊ဘီလူးမြို့အပါအဝင် ရွာ ၂ ရွာကို SNA ပူးပေါင်းတပ်က အဝင်အထွက်ကန့်သတ်

    ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဘီလူးမြို့အပါအဝင် ရွာ ‌‌၂ ရွာကို SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ကအဝင်အထွက် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၃ ရက်နေ့ မိုးညှင်းမြို့တွင်း ဗုံးပေါက်ကွဲမှု၊ ဧပြီလ ၇ ရက်နေ့…

    Read More »
  • Jul- 2023 -
    8 July
    သတင်းphoto- လောက်စာတောင်အနီး သတ်ဖြတ်ခံထားရတဲ့ ဒေါ်ထိုက်ထက်အေး crd-မေတ္တာလူမှုကူညီရေးအသင်း

    မိုးညှင်းမြို့ လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦး သတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦးဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ သတ်ခံထားရတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ဇူလိုင်က ၇ ရက်နေ့ နေအိမ်မှာရှိနေချိန် အိမ်ခြံမြေကြည့်ချင်ကြောင်း အမျိုးသားတစ်ဦးက ဖုန်းဆက်ခေါ်လာတဲ့အတွက် အိမ်ခြံမြေပြဖို့ နေအိမ်ကနေ သားဖြစ်သူနဲ့ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ချိန် မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ ဓါးနဲ့လုပ်ကြံသတ်ဖြတ်လခံရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ခြံမြေလိုက်ပြပေးပါ ကြည့်ချင်တယ်ဆိုပြီး ဖုန်းဆက်လာတော့ သူ့သားအငယ်နဲ့ အိမ်ကနေဆိုင်ကယ်နဲ့သွားလိုက်တာ သားကိုတော့…

    Read More »
  • Jun- 2023 -
    28 June
    သတင်း

    မိုးညှင်းမြို့အထွက် လမ်းဆုံနေရာများတွင် လိုင်စင်မဲ့ကားများဖမ်းဆီးပြီး ငွေကြေးတောင်းခံ

    ကချင်ပြည်နယ် မိုးညှင်းမြို့အထွက် လမ်းဆုံနေရာတွင် စစ်ကောင်စီတပ်ဖွဲ့က လိုင်စင်မဲ့ ကားများကို စစ်ဆေးဖမ်းဆီးနေပြီး ငွေကြေးတောင်းခံမှုများရှိနေကြောင်း သိရသည်။ ဇွန်လ ၂၇ ရက်နေ့မှစကာ မိုးညှင်းမြို့အထွက် မိုးညှင်း – နန်းမားလမ်းဆုံး၊ BOC စက်သုံးဆီအရောင်းဆိုင် ရှေ့နေရာများတွင် လိုင်စင်မဲ့ကားများ…

    Read More »
  • Sep- 2022 -
    20 September
    သတင်း

    စစ်ကောင်စီသတင်းပေးဆိုသူ၏ နေအိမ်နှင့်ခြံဝင်းကို ရောင်းဝယ်ခွင့်ပိတ်လိုက်သည်ဟု မိုးညှင်းတော်လှန်ရေးအဖွဲ့ ထုတ်ပြန်

    ကချင်ပြည်နယ် မိုးညှင်းမြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ် သတင်းထွက်နေသည့် အားဖူ(ခ)မင်းရာဇာ(ခ)သန်းထွန်းအောင် ပိုင်ဆိုင်သည့် နေအိမ်နှင့်ခြံဝင်းကို ရောင်းဝယ်ခွင့်ပိတ်လိုက်သည်ဟု Mohnyin Revolution Force က ဆိုသည်။ သူသည် နေအိမ်နှင့်ခြံဝင်းကိုရောင်းချကာ တစ်ခြားမြို့သို့ရှောင်ပြေးရန်လုပ်နေသည့်အပြင် အခြားစစ်ကောင်စီ သတင်းပေးသူများအနေဖြင့် ဆင်ခြင်နိုင်ရန်အတွက် ယခုလို နေအိမ်ရောင်းချခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း Mohnyin Revolution…

    Read More »
  • 1 September
    သတင်း

    မိုးညှင်းတွင် NON -CDM ကျောင်းဆရာနှင့် အတူလိုက်ပါလာသည့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

    ကချင်ပြည်နယ် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် အထွက်တွင် ယမန်နေ့ည ၆နာရီဝန်းကျင် NON-CDM ကျောင်းဆရာနှင့် အတူလိုက်ပါလာသည့် အရပ်သားတစ်ဦးသေနတ်ပစ်ခံရ၍သေဆုံး သွားကြောင်း ဒေသခံများထံမှသိရသည်။ NON – CDM ဆရာ စောလင်းအောင်နှင့် သေဆုံးသူသည် ဆိုင်ကယ်ဖြင့် မြို့ဘက်မှ…

    Read More »
  • Jun- 2022 -
    22 June
    သတင်း

    မိုးညှင်း မော်ဟန်ကြားတွင် စစ်ကောင်စီတပ် ဂိတ်တိုးကာ စစ်ဆေးရေး တင်းကြပ်

    မိုးညှင်းမြို့ နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အသစ် ၃ ခု ထပ်တိုးလာပြီး ယခင်ကထက် စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးညှင်းမြို့အထွက်တွင် တစ်ခု၊…

    Read More »
  • 16 June
    တိုက်ပွဲ

    စစ်တပ် အရာရှိ နှင့် ကျောက်စိမ်း တင်ဆောင်ထားသော ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ထိခိုက်သေဆုံးမှု များပြား

    မိုးညှင်းမြို့ မှ မန္တလေးဘက်သို့ ဆင်းသွားသော အရာရှိတစ်ချို့နှင့် ကျောက်စိမ်းသယ်ဆောင်လာသော စစ်ကောင်စီ ယာဉ်တန်းကို အင်းတော်မြို့နယ် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၃ စီး ပျက်စီးပြီး စစ်သား…

    Read More »
  • 16 June
    သတင်း

    နန့်ရင်းချောင်းရေကြီးမှုကြောင့် လူနေရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှုကြုံတွေ့နေရ

    ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် နန့်ရင်းချောင်းရေမြင့်တက်နေပြီး ချောင်းနှင့်နီးသော မြေနိမ့်ပိုင်း ရပ်ကွက်တစ်ချို့တွင် ရေဝင်ရောက်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၅ရက်​နေ့ ညပိုင်း ၃နာရီအချိန်ခန့်မှ မိုးသည်းထန်စွာရွာသွန်းမှုဖြင့် နန့်ရင်းချောင်းအထက်ဘက်တွင် ရေကြီးရေလျံဖြစ်ကာ…

    Read More »
  • Apr- 2022 -
    1 April
    သတင်း

    မိုးညှင်းမြို့ လူနေအိမ်တစ်အိမ်တွင် လူငယ်အုပ်စု တစ်စုမှ အိမ်ရှင်များကို ရိုက်နှက်သွား

    ကချင်ပြည်နယ် မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်အိမ်တွင် မတ်လ ၃၀ ရက်ညက လူငယ်တစ်စု မှ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်လာပြီး အိမ်ရှင်များကို ရိုက်နှက်သွားကြောင်း သိရသည်။ အသက် ၂၀ ကျော်ဝန်းကျင် အမည်မသိလူငယ် ၁၀ ဦးခန့်သည်…

    Read More »
Back to top button