မူဆယ်
-
Aug- 2023 -4 Augustသတင်း
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်
ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှစပြီး စစ်တပ်နဲ့ TNLA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ပတ်မှ လက်နက်ကြီးဆက်တိုက်…
Read More » -
Jul- 2023 -27 Julyသတင်း
စစ်တပ်က ဖမ်းဆီးခံသွားရတဲ့ တီးမားရွာသား ၂ ဦး အဆက်သွယ်ပြတ်တောက်နေ
ရှမ်းမြောက် မူဆယ် တီမားရွာနဲ့ နမ့်အွမ်ရွာကြား လမ်းခုလတ်တစ်နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ တီမားရွာသား ၂ ဦး ဒီကနေ့ထိ ပြန်လည်လွှတ်မြောက်လာတာမရှိသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ တီမားဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီလူငယ် ၂ ဦးဟာ ဇူလိုင်လ ၂၅ ရက်နေ့ တီမားရွာကနေ နမ့်အွန်ရွာမှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော်ကပစ္စည်းတွေကို ကားနဲ့သွားသယ်ယူပြီး တီးမားရွာကိုပြန်လာချိန် နမ်အွန်ရွာနားမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်TNLAနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ်အွန်းရွာကိုပြန်ခေါက်သွားရာမှ လမ်းခုလတ်တစ်နေရာယူကလစ်တောနားမှာ စစ်တပ် ဖမ်းဆီးလိုက်တာပါ။ “သူတို့ ၂ယောက် ပစ္စည်းတွေသယ်ပြီး နမ်အွန်ကနေပြန်လာတဲ့ချိန် လမ်းမှာတိုက်ပွဲဖြစ်နေလို့ နမ်အွန်ဘက်ပြန်ခေါက်သွားတာ တအောင့်လောက်ကြာတော့ တိုက်ပွဲငြိမ်သွားပြီဆိုပြီး ပြန်လာတဲ့ချိန်စစ်သားတွေ လမ်းမှာတားပြီးစစ်ဆေးရာကနေ ဒီကနေ့ထိအဆက်သွယ်မရတော့ဘူး”လို့ နမ့်အွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ လူငယ် ၂ ဦးအား စစ်တပ်ကဖမ်းဆီးတားဆီးစစ်ဆေးနေတာကို ရွာသားတွေ တွေ့ရှိခဲ့ပြီး ပြန်လွှတ်လာမယ်လို့ ယူဆခဲ့ကြပေမယ့် ဒီကနေ့ထိ ဆက်သွယ်မရဖြစ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့် မနေ့ကလည်း နမ်အွန်ကျေးရွာကအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖတာဝန်ရှိသူတွေဟာ နမ့်အွန်တစ်လျှောက်စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းမှူးကို မေးမြန်းပေမယ့် လူငယ် ၂ဦးကို မတွေ့ရှိခဲ့ကြောင်းသာ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်၂ဦးဟာ အသက်၂၅နှစ်အရွယ် ကိုတူးဂျာနဲ့ အသက်၂၇နှစ်အရွယ် ကိုဘရန်အောင်တို့ ဖြစ်ပြီး လူငယ် ၂ဦးနဲ့အတူ အသင်းတော်က SURE ကိုလည်း မတွေ့ရှိရသေးတဲ့အပြင် လူငယ် ၂ ဦးလုံးရဲ့ လက်ကိုင်ဖုန်းကိုလည်း ဆက်သွယ်လို့မရဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောကြားချက်အရ ဖမ်းဆီးခံသွားရတဲ့ လူငယ်နှစ်ဦးဟာ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းသူတွေဖြစ်ပြီး ရွာအတွင်းမှာ ရပ်ရေးရွာရေးတက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့နှစ်ယောက် ယောက်ဖတော်သူတွေဟုတ်တယ် လိမ္မာရေးခြားရှိတဲ့ ကလေးတွေပါ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းတယ်။အဲကြောင့် ဒီလူငယ် ၂ဦးနဲ့ပတ်သက်ပြီး အသင်းတော်က တာဝန်ရှိသူတွေ ဆက်ပြီးစုံစမ်းသွားမှာပါ” လို့ နမ့်အွန်ဒေသခံက ဆက်ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ နမ့်အွန်ရွာက ဦးအိုက်လောရဲ့ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားပြီး TNLA ဝတ်စုံဝတ်ဆင်ပေးကာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ TNLA တပ်သား ပစ်သတ်ခံရတဲ့အသွင်ဖန်တီးပြီး ပုံရိုက်တင်တာတွေရှိနေတယ်လို့ သိရပါတယ်။
Read More » -
25 Julyသတင်း
မူဆယ်မြို့ပေါ် နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်
ရှမ်းမြောက် မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုဟာ ည ၁၀ နာရီခွဲကနေ မနက် ၂ နာရီထိပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ့စစ်တွေရှိတဲ့ဘက်ကို ဒရုန်းနဲ့လွတ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည တစ်ညလုံးတော့ ဆက်တိုက်အသံမြည်တာ တစ်နေရာမှာမြည်လိုက်၊…
Read More » -
Oct- 2022 -25 Octoberတိုက်ပွဲ
မုံးပေါ် ယနေ့ညတိုက်ပွဲတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးခန့် ထိခိုက်မှုရှိ
ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄…
Read More » -
Sep- 2022 -12 Septemberသတင်း
အရှေ့မြောက် တံခါးပေါက်မှ ဒုက္ခသည်များ
“သိန်း ဆယ်ချီ ရင်းထားပြီးတော့ ၁ သိန်း ၂ သိန်းပဲ ကျန်ဖို့ မလွယ်ဘူး။ ကျနော် အံ့ဩသွားတယ်။ ကျနော်လည်း အလုပ်ရှိ ယုံတမယ် မှေးလုပ်နေရတာ” ဟု မြန်မာပြည် အရှေ့မြောက် နယ်စပ် ကုန်တင်ယာဉ်မောင်း…
Read More » -
May- 2022 -24 Mayသတင်း
မြန်မာ့ပို့ကုန် သစ်သီးကားများ စစ်ဆေးမှု တရုတ်ဘက် မှ ဖြေလျှော့ပေး
မြန်မာ- တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ – မန့်မိုင်(ဝမ်တိန်)မှ တရုတ်ဘက်သို့ တင်ပို့နေသည့် သစ်သီးကားများအား စစ်ဆေးမှု ၄ နေရာထိ ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။ ယခင် ဖရဲ၊ သခွားသီးများကို စစ်ဆေးရာ…
Read More » -
18 Mayသတင်း
ကျင်းစန်းကျော့ နယ်စပ်ဂိတ်မှ မြန်မာကုန်တင်ယာဉ်များ ပြန်လည် ဝင်ထွက်ခွင့်ပြု
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့ မြန်မာ – တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်သို့ မြန်မာကုန်တင်ယာဉ်များ ပြန်လည်ဝင်ထွက်ခွင့်ပြုပြီဖြစ်ကြောင်း ကုန်သည်တွေထံမှ သိရသည်။ မြန်မာ့အရှေ့မြောက်စီးပွားရေးတံခါးပေါက်၏ အဓိက ကုန်သွယ်ရာဂိတ်တခုဖြစ်သည့် ကျင်းစန်းကျော့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ မေလ ၁၆…
Read More » -
13 Mayသတင်း
မူဆယ်မှာ အုတ်တံတိုင်းပြိုကျမူကြောင့် ကြံခုတ် လုပ်သား ၄ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆိုင်းခေါင် ဘက်တွင် ယခုရက်ပိုင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းနံဘေး ကာထားသည့် အုတ်တံတိုင်းပြိုကျပြီး ကြံခုတ်လုပ်သား ၄ ဦး အုတ်တံတိုင်းပိကာ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁…
Read More » -
Mar- 2022 -9 Marchသတင်း
မူဆယ် ဖုန်းဆိုင် ၁ ဆိုင်မှာ ကျပ်သိန်း ၁၀၀၀ ကျော်တန် ရွှေနှင့်အခြားပစ္စည်းများ ဓားပြတိုက် ခံရ
မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ ဖုန်းဆိုင် ၁ ဆိုင်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ပါဂျေရိုကားနဲ့ လူ ၅ ဦး ရောက်လာပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ရှိတဲ့ ရွှေ၊…
Read More » -
Feb- 2022 -1 Februaryသတင်း
မူဆယ်မြို့ ပြည်သူ့စစ် ၁ ဦး ပစ်သတ်ခံရ
ရှမ်းပြည်နယ်၊ မူဆယ်မြို့ နာရီစင်အနီး အမှတ် ၁ စျေးကြီးနှင့် ညစျေးတန်းလမ်းတွင် ကားအတွင်းထိုင်နေသည့် ပြည်သူ့စစ် ၁ ဦးအား အမည်မသိ လက်နက်ကိုင်များမှ လာရောက်ပစ်ခတ်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “သေသွားတဲ့သူက မန်ဂျေ…
Read More »









