မြစ်ကြီးနား
-
Jun- 2023 -23 Juneသတင်း
မြစ်ကြီးနား ရှမ်းရွာမှ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး
မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အုပ်စု ရှမ်းရွာမှ အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်မှ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။ စစ်အင်အား ၂၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရှမ်းရွာတွင် တက်တူးဆိုင်ဖွင့်ထားသည့် အသက် ၂၅ နှစ်…
Read More » -
13 Juneသတင်း
မြစ်ကြီးနားတွင် ဆန်စျေး ထပ်မံ မြင့်တက်လာ
မြစ်ကြီးနားတွင် ယခုလဆန်းပိုင်းမှစပြီး ဆန်တစ်အိတ်လျှင် မူရင်းစျေးထက် နှစ်သောင်းဝန်းကျင် စျေးမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ ပြီးခဲ့သည့် မေလကုန်ပိုင်းမှစပြီး ရိုးရိုးဆန်တစ်အိတ် ခုနှစ်သောင်း၊ ငွေတိုး ခုနှစ်သောင်းခွဲ၊ ချင်းရှယ် ရှစ်သောင်း၊ မှော်ဘီ ခုနှစ်သောင်းခွဲ၊ လုံးသွယ်မွေး ကိုးသောင်း၊ ပေါ်ဆန်းမွှေး တစ်သိန်းနှစ်သောင်း ၊ ပဒေသာ ဆန်မာတစ်အိတ် ကိုးသောင်းခွဲထိ မြင့်တက်လာပြီး…
Read More » -
12 Juneသတင်း
NUG အောက် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ယခုနှစ် ကျောင်းသား ၇၀၀ ဝန်းကျင်ရှိ
NUG အောက်ဖွင့်လှစ်ထားသည့် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ၂၀၂၃–၂၀၂၄ ပညာနှစ်တွင် ကျောင်းသား၊သူ စုစုပေါင်း ၇၀၀ ခန့်ဖြင့်စတင် ကျောင်းဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ မြစ်ကြီးနားဖက်ဒရယ်စကူးလ်ကျောင်းသည် ကိုဗစ်–၁၉ နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် အတန်းပညာ ပြတ်လပ်ခဲ့ရသည့် ကျောင်သားများအတွက် အတန်းတစ်ခုချင်းစီကို ၆ လ တဖြတ်နည်းဖြင့် စဉ်ဆက်မပြတ် သင်ကြားပေးနေကြောင်း…
Read More » -
7 Juneသတင်း
မြစ်ကြီးနား တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦး ဖမ်းဆီးခံရ
မြစ်ကြီးနားမြို့ ၊ အင်ဂျန်ဒုံ(တောင်) ရှိသော Butterfly တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၅ ရက်နေ့ညသန်းခေါင်ချိန် KIO…
Read More » -
5 Juneသတင်း
မြစ်ကြီးနား မီးရထားဝင်း မှ CDM ဝန်ထမ်းများကို စစ်ကောင်စီက စတင် နှင်ထုတ်
မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းတန်းလျား လိုင်းခန်း ဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဖယ်ရှားရန်ပြုလုပ်နေပြီး CDM ဝန်ထမ်းမိသားစုများကိုလည်း ဝန်ထမ်းအိမ်ယာဝင်းမှ အတင်းအကြပ် နှင်ထုတ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းမိသားစုများနေထိုင်သည့် လိုင်းခန်းအား ကျူးကျော်ဟုဆိုကာ ဇွန်လနောက်ဆုံးအပတ်တွင် သတိပေးဆိုင်းဘုတ်အား လာရောက်စိုက်ထူခဲ့ပြီး CDMဝန်ထမ်းများကိုလည်း ဇွန်လ…
Read More » -
2 Juneသတင်း
မြစ်ကြီးနား အထက(၄) ကျောင်းတွင် ကျောင်းသားသစ် တစ်ဦးလျှင် အလှူငွေ တစ်သိန်းကျပ် တောင်းခံ
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဝင်းရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား အသစ်တစ်ဦး ကျောင်းအပ်လျှင် ကျပ်တစ်သိန်းပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက KNG ကို ပြောသည်။ “ကျောင်းသားအသစ်တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ကောက်ခံနေပါတယ် ကျွန်တော်ကိုယ်တိုင်မြေးလေးကို ကျောင်းသွားအပ်ခဲ့တာပါ အလှူငွေဆိုပြီး တစ်သိန်းထည့်ခဲ့ရပါတယ်”ဟုပြောသည်။ လက်ရှိ အမှတ် (၄) အထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ စစ်တက္ကသိုလ်အပတ်စဉ် (၄) ဆင်း ဗိုလ်မှူးကျော်ဇေယျာလှိုင် ဆိုသူဖြစ်ပြီး ကျောင်းသားသစ် အလှူငွေများကို အလယ်တန်းပြ…
Read More » -
May- 2023 -23 Mayသတင်း
မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ် ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၂ ရက် ယမန်နေ့ နံနက်ပိုင်း ရမ်ပူရပ်ကွက်ရှိ လမ်းမတစ်နေရာတွင် စစ်သားများလှည့်လည်သွားနေစဉ် အဆိုပါ လူငယ်များသည် စစ်သားများအား တွေ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျမတို့ကြားတာကတော့ စစ်သားတွေက ကင်းလှည့်တဲ့ပုံစံသွားနေတာ အဲဒါကိုအဲလူငယ်တွေက စစ်သားကိုတွေ့ပြီး ပြေးတာတဲ့ အဲမှာတစ်ခါတည်းသေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ ၂ ယောက်ကတော့…
Read More » -
Feb- 2023 -28 Februaryသတင်း
မြစ်ကြီးနားတွင် အဆောင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ရွှေလိပ်ပြာအဆောင်ပိုင်ရှင်အား စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန် စီတာပူရပ်ကွက် ရွှေလိပ်ပြာအဆောင် ၎င်း၏နေအိမ်အတွင်း မိသားစုနှင့် ရှိနေစဉ် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးသွားသည်ဟု…
Read More » -
14 Februaryသတင်း
ပြည်တွင်း ပြည်ပတင်ပို့မှုနှင့် ကုန်သည်ကြီးများ ဆန်ဝယ်လှောင်လိုက်သဖြင့် ဆန်စျေးနှုန်းမြင့်တက်လာဟုဆို
ကချင်ပြည်နယ်အတွင်း ထွက်ရှိသည့်ဆန်များကို ပြည်တွင်းအခြားနေရာများနှင့် တရုတ်ဘက်သို့တင်ပို့မှု များပြားလာခြင်းနှင့် ကုန်သည်ကြီးများ ဆန်လှောင်လိုက်သဖြင့် ဆန်စျေးနှုန်း အဆမတန်မြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ လက်ရှိ ကချင်ပြည်နယ်ဒေသထွက်ဆန်များကို မြန်မာနိုင်ငံအောက်ပိုင်း နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်ဘက်သို့ အဓိကတင်ပို့နေသည့်အပြင် ကုန်သည်ကြီးများကလည်း ဆန်လှောင်လိုက်သဖြင့် ကချင်ပြည်နယ်အတွင်း…
Read More » -
10 Februaryသတင်း
မြစ်ကြီးနားမြို့ လေ့ကျင့်ရေးကျောင်းအနီး လူငယ် ၂ ဦးဖမ်းခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အနီးရှိ လေ့ကျင့်ရေးကျောင်းအနီးတွင် ယမန်နေ့ ၄ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က လူငယ် ၂ ဦးကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် ပညာရေးကောလိပ်ကျောင်းလမ်းဆုံးတွင် ဆိုကယ်…
Read More »









