မြစ်ကြီးနား အထက(၄) ကျောင်းတွင် ကျောင်းသားသစ် တစ်ဦးလျှင် အလှူငွေ တစ်သိန်းကျပ် တောင်းခံ

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဝင်းရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား အသစ်တစ်ဦး ကျောင်းအပ်လျှင် ကျပ်တစ်သိန်းပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက KNG ကို ပြောသည်။

“ကျောင်းသားအသစ်တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ကောက်ခံနေပါတယ် ကျွန်တော်ကိုယ်တိုင်မြေးလေးကို ကျောင်းသွားအပ်ခဲ့တာပါ အလှူငွေဆိုပြီး တစ်သိန်းထည့်ခဲ့ရပါတယ်”ဟုပြောသည်။

လက်ရှိ အမှတ် (၄) အထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ စစ်တက္ကသိုလ်အပတ်စဉ် (၄) ဆင်း ဗိုလ်မှူးကျော်ဇေယျာလှိုင် ဆိုသူဖြစ်ပြီး ကျောင်းသားသစ် အလှူငွေများကို အလယ်တန်းပြ ဆရာမတစ်ဦးကို ကောက်ခံခိုင်းထားသည်ဟု ကျောင်းသား မိဘက ပြောသည်။

“ကျမတို့အိမ်က တူမနဲ့ တူ ၂ ယောက် တစ်ယောက်ကို ၁ သိန်းနှုန်းနဲ့ ၃သိန်းပေးခဲ့ရတယ်ပြောတယ်” ဟု ကျောင်းအပ်ခဲ့သည့် အမည်မဖော်လိုသည့် ကျောင်းသား မိခင်တစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက (၄) တွင် ကျောင်းသားသစ်တစ်ဦးလျှင် ကျပ် ငါးသောင်းကောက်ခံခဲ့ရာမှ ယခုနှစ်တွင် ငါးသောင်းထပ်တိုး ကောက်ခံလာခြင်း ဖြစ်သည်ဟု သိရသည်။

Show More
Back to top button