သတင်း

မြစ်ကြီးနား ရှမ်းရွာမှ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အုပ်စု ရှမ်းရွာမှ အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်မှ ယနေ့ နံနက်  ၁၁ နာရီဝန်းကျင်လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

စစ်အင်အား ၂၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည်  ရှမ်းရွာတွင် တက်တူးဆိုင်ဖွင့်ထားသည့် အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးကို ၎င်း၏ နေအိမ်အတွင်း မိသားစုနှင့်အတူရှိနေစဉ် ဖမ်းဆီးရိုက်နက် ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

တက်တူးဆိုင်ဖွင့်ထားတာ ဟုတ်တယ် ဒီမနက် ၁၁ နာရီဝန်းကျင်လာဖမ်းတာတဲ့ စစ်သားနဲ့ရဲတွေက ရိုက်နှက်ပြီးတော့ ငါတို့မေးတာအကုန်ဖြေရင် ပြန်လွှတ်ပေးမယ်ပြောပြီးဖမ်းသွားတာလို့ သိရတယ်ဟုပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါ အမျိုးသားနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုရှိမရှိ မေးမြန်းကြည့်ရာ ဆက်နွယ်မှုမရှိကြောင်း မြစ်ကြီးနား ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

ဖမ်းခံရတဲ့ လူကို ကျနော်တို့မသိပါဘူးခင်ဗျ ကျနော်တို့ကာကွယ်ရေးတပ်နဲ့လည်း ဘာမှမပတ်သက်ဘူးပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကြာ ကာလတွင် မြစ်ကြီးနားမြို့နယ်အတွင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရမှုရှိခဲ့ကြောင်း သိရသည်။

ထိုဖမ်းဆီးခံရသည့်အထဲမှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံရသည့် မြစ်ကြီးနားမြို့ ပျောက်ကြားစနစ်လှုပ်ရှားသည့် တော်လှန်ရေးခေါင်ဆောင် ဦးချစ်အပါအဝင် စုစုပေါင်း ၅ ဦးသည် စစ်ကြောရေးတွင် သေဆုံးသွားပြီဟု နီစပ်သူများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မြစ်ကြီးနားနှင့်ဝိုင်းမော် မြို့နယ် ၂ခုတွင် ယခုနောက်ပိုင်း ဖမ်းဆီးမှုတစ်ဖန် လုပ်ဆောင်လာပြီး ဇွန်လ ၂၂ ရက်နေ့တွင်လည်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်အား ဖမ်းဆီသွားကြောင်း ပြောဆိုမှုများရှိနေသည်။

Show More

Related Articles

Back to top button