ရွှေကူ

  • Jun- 2023 -
    8 June
    သတင်းShwe Gu

    ရွှေတူးဖော်သည့်လုပ်ကွက်တွင် ဘက်ဟိုးမောင်းသည့် သားအဖ ၂ ဦးကို စစ်တပ် ဖမ်းဆီး

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက်ခြမ်း ငါးဘတ်ကြီးကျေးရွာတွင် စစ်ကောက်စီ စစ်ကြောင်းဝင်ရောက်လာချိန် ရွှေတူးဖော်နေသည့်လုပ်ငန်းခွင်မှ ဘက်ဟိုးမောင်းသည့် သားအဖနှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၇ ရက်နေ့…

    Read More »
  • May- 2023 -
    31 May
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန် ရွှေကူစစ်ရှောင်ကျေးရွာများတွင် စစ်တပ်ဝင်လာသဖြင့် ထပ်မံ ထွက်ပြေးနေရ

    တိုက်ပွဲငြိမ်သက်သဖြင့် နေရပ်ပြန်သော ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ ဒေသခံများသည် လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာမှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၈၀ ကျော်ပါသောစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ညပိုင်းက ရွှေကူမြို့နယ်၏ ငအိုးဘက်သို့ ဝင်ရောက်လာသောကြောင့် ပြန်လည်ထူထောင်ရေးလုပ်နေသည့် ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ရွာ…

    Read More »
  • 30 May
    သတင်းShwe Gu

    ရွှေကူတွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

    ရွှေကူမြို့တွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ရွှေကူမြို့တွင်နေထိုင်သော အသက် ၄၀ ကျော်အရွယ် CDM ကျောင်းဆရာမ ဒေါ်ခိုင်စိုးဝေကို မေလ ၂၇ ရက်နေ့ည ၁၂ နာရီတွင် စစ်ကောင်စီရဲနှင့် စစ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိ…

    Read More »
  • 18 May
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် စစ်ရှောင်များတောင်းဆို

    ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ခုမှ နေရပ်ကြပြန်မည့် စစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် အကူအညီများလိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာပေါင်း ၁၂ ရွာမှ…

    Read More »
  • 9 May
    သတင်း

    စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန် ရှင်းလင်းရေးစတင်

    စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် ဒေသခံများကိုယ်တိုင် ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။ ယခုနှစ် မတ်လ ၂၀ ကျော်တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ရွှေကူအရှေ့ခြမ်း ကျေးရွာများသို့ ထိုးစစ်ဆင်ပြီးနောက် ကျေးရွာပေါင်း ၁၂ ရွာတိတိကို…

    Read More »
  • 5 May
    သတင်း

    ရေလဲနှင့် ဆင်တပ် ကျေးရွာ ၂ခုမှ နေအိမ် ၃၀ ကျော် စစ်ကောင်စီ မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိသော ရေလဲနှင့် ဆင်တပ် ကျေးရွာ ၂ခုကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါ ကျေးရွာ ၂ ခုတွင် ပြီးခဲ့သော ဧပြီလ…

    Read More »
  • 3 May
    စစ်ပြေးဒုက္ခသည်များ

    ရွှေကူစစ်ရှောင်များ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြရသည့် ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ရှောင်ပြည်သူများ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေး အဖြစ်များနေကြောင့် ဆေးဝါးကုသပေးမှု အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ ရွှေကူအရှေ့ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့မှုများရှိခဲ့သဖြင့် ရွာပေါင်း ၁၀ ရွာမှ လူနေအိမ်အများအပြား မီးလောင်ပြာကျသွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးရှိခဲ့သည့် အနက် ၇၀၀၀ နီးပါးသည် လက်ရှိတောတွင်းနေရာများတွင် စစ်ရှောင်နေသည်မှာ ၁လ ကျော်ရှိပြီဖြစ်သည်။ ထိုစစ်ရှောင်များအနက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အများစုမှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စီသောင်ကျေးရွာမှစစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “လိုတာကတော့ အများကြီးလိုတယ် အဓိကိုခြုံ ပြီးပြောရမယ်ဆိုရင်တော့အခု ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက ငှက်ဖျားနဲ့ တုပ်ကွေးတွေအရမ်းဖြစ်နေကြတယ်။…

    Read More »
  • 2 May
    သတင်း

    ကျေးရွာမှ ထွက်ပြေးသူများ၏ နေအိမ်မီးရှို့မည်ဟု စစ်တပ် ခြိမ်းခြောက်နေ

    ကချင်ပြည်နယ် ရွှေကူမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံများကို ထွက်မပြေးရန် ကျေးရွာမှထွက်ပြေးသူများ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစကာ ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မိုးစစ်ကျေးရွာ၊ ရေလဲကျေးရွာ၊ဆင်တပ်ရွာနဲ့ သဘော်အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သည် စစ်ကြောင် လေးကြောင်းခွဲ၍ ဝင်ရောက်တပ်စွဲပြီးနှောက် ယခုလိုပြောဆိုနေကြောင်း ရွှေကူမြို့မှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ “ခြေနေကတော့မအေးဘူး လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ရေလဲ၊ မိုးစစ်ရွာတွေဘက် စစ်ကြောင်းဝင်နေတာအခုထိရွာထဲမှာပဲ တပ်စွဲ ထားတယ်။ ရွာသားတွေကိုလည်း တစ်ယောက်မှထွက်မပြေးခိုင်းဘူး ထွက်ပြေးလို့ လူမရှိတဲ့အိမ်ဆိုမီးရှို့မယ်လို့ခြိမ်းခြောက်နေတာ။ နောက်ပြီး PDF တွေကိုလုံးဝသတင်းမပေးဖို့ပေါ့ သတင်းပေးရင်မီးရှို့မယ်ဆိုပြီးလည်းခြိမ်းခြောက်နေတယ်လို့ သိရတယ်”ဟု ပြောသည်။ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ ၇၇၊ ခလရ ၈၈ နှင့် ခလရ ၁၀ ပူးပေါင်းတပ် အင်အား ၄၀၀ ဝန်းကျင်သည် ဧပြီ ၂၉ ရက်နေ့မှစကာ ရွှေကူအနောက်ခြမ်းရှိ အထက်ဖော်ပြပါကျေးရွာများအတွင်းဝင်ရောက်တပ်စွဲ နေခြင်းဖြစ်ပြီး ကျေးရွာသားများလည်း စိုးရမ်ထိတ်လန့်နေရကြောင်း ဆင်တပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။ “ညဆိုရင်ရွာသားတွေအားလုံးကို ဘုန်းကြီးကျောင်းမှာ စုပြီးအိပ်ခိုင်းတယ် မနက်ဆိုရင်တော့ကိုယ့်အိမ်ကိုပြန်လွတ်ပေးတယ်။ ထွက်မပြေးကြနဲ့ သူတို့လုပ်ချင်ရာလုပ်မယ်ဆိုပြီးပြောခဲ့တာ”ဟု ပြောသည်။ ရေလဲ၊ မိုးစစ်၊ ဆင်တပ်နှင့် သင်္ဘောကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတစ်လျောက်တည် ထားသည့် ကျေးရွာများဖြစ်ပြီး အိမ်ခြေ ၅၀၀ အထက်ရှိသည့်ကျေးရွာကြီးများဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဧပြီလမှစပြီး ရွှေကူ အရှေ့တောင်ဘက်ခြမ်းရှိ စီမူလေး၊ စီမူကြီး၊ နောင်လတ်ကြီး၊ မံဝန်း၊စီသာ၊စီသောင်၊ မန်ခါး၊ ငှက်တံတား စသည့်ကျေးရွာပေါင်း ၁၂ ရွာတွင် ရက်ပေါင်း ၂၀ နီးပါးကြာစစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ၁၁ရွာ တိတိကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံသောင်းချီ အိုးမဲ့ အိမ်မဲ့ဖြစ်နေဆဲ ဖြစ်သည်။

    Read More »
  • Apr- 2023 -
    25 April
    သတင်း

    ရွှေကူတွင် ဖမ်းဆီးခံရသည့် လင်မယား ၂ဦး၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို စစ်ကောင်စီ ချိတ်ပိတ်

    ကချင်ပြည်နယ် ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ကုန်စုံဆိုင်ပိုင်ရှင်လင်မယား နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်းသိရသည်။ ဧပြီလ ၂ ရက်နေ့တွင် ဦးဖိုးလှိုင်နှင့် ဒေါ်နွဲ့နွဲ့ဝင်းတို့ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံလိုက်ရပြီး…

    Read More »
  • 20 April
    သတင်း

    ရွှေကူမြို့ပတ်လည်တွင် စစ်ကောင်စီတပ် စစ်အင်အား အလုံးအရင်းဖြင့် တပ်ဖြန့်လှုပ်ရှားနေ

    ဗန်းမော်ခရိုင် ရွှေကူမြို့ပတ်လည်တွင် ယနေ့ နံနက် ၃ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ်သည် စစ်အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားပြီး စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက် ၃ နာရီ ဝန်းကျင်မှစကာ ဗန်းမော်ဘက်မှ စစ်ကောင်စီတပ် အင်အား ၂၀၀ ထက်မနည်း လာရောက်ပို့ဆောင်ထားပြီး မြို့ပတ်လည်…

    Read More »
Back to top button