သေဆုံးမှု

  • Apr- 2024 -
    16 April
    သတင်း

    သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အနီရောင်အဆင့်ယာဉ်တိုက်မှုတစ်ကြိမ်နဲ့ အဝါရောင်အဆင့်ယာဉ်တိုက်မှု…

    Read More »
  • Mar- 2024 -
    19 March
    သတင်း

    မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာတပ်စခန်းချတာမျိုး မရှိသေးဘဲ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေအပြင် နေရာတိုင်းမှာ…

    Read More »
  • 12 March
    သတင်း

    အောင်မြေ(၂) ဒေသခံပြည်သူတွေ ပိတ်မိနေတဲ့ နေရာမှာ အသက်ရှုကြပ်ပြီး အသက်ကြီးရွယ်အို တစ်ချို့သေဆုံးမှုရှိလာ

    တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၂) ကျေးရွာမှာ ဒေသခံပြည်သူ ၇၀၀ လောက်က လုံခြုံတဲ့နေရာကို ထွက်ခွင့်မရဘဲ ပိတ်မိနေသေးတာကြောင့် အသက်ကြီးရွယ်အိုတစ်ချို့ အသက်ရှုကြပ်ပြီး အသက်အန္တရာယ်သေဆုံးသွားတဲ့အထိကြုံတွေ့နေရတယ်လို့ ပိတ်မိပြည်သူတွေက ပြောပါတယ်။  မတ်လ ၁၂ ရက် ဒီကနေ့ ညနေပိုင်း…

    Read More »
  • 12 March
    သတင်း

    နောင်ကောန်(Nawng Kawn)တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦးသေဆုံး

    မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိတဲ့ နောင်ကောန်(Nawng Kawn) အမြှောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန်းအီ(Nang Ei) ကျေးရွာမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တာလီ(Tar Li)ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက်သေဆုံးမှုရှိခဲ့တယ်လို့…

    Read More »
  • 7 March
    သတင်း

    စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သားအမိ ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ

    KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး စစ်တပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး နောက်ထပ်အရပ်သား ၁ ဦးထိလည်း ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကနေ…

    Read More »
  • Feb- 2024 -
    21 February
    သတင်း

    စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများ

    “ကျနော်တို့ဘက်ကကျတာက ၉ ယောက် AA ထဲက တစ်ယောက်ပါတယ် ခုလက်ရှိလည်း စိစစ်နေတုန်း KPDF ထဲက အများဆုံးပဲဒဏ်ရာရတာလည်း ၄၀ ယောက်ကျော်တယ် ကျဆုံးသွားတဲ့ ၉ယောက်ထဲက ၆ ယောက်ကတော့ကျွန်တော်တို့ မီးရှို့သဂြိုလ်ခဲ့ပြီ”လို့အထက်ပါ တာဝန်ရှိသူ ကပြောပါတယ်။

    Read More »
  • 13 February
    သတင်း

    အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်လာ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အမျိုးသမီးတွေ သေဆုံးမှုတွေ ပိုမိုမြင့်တက်လာသလို အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရေးအကြပ်အတည်းကာလမှာ အမျိုးသမီးတွေဟာအဘက်ဘက်ကနေ ထိခိုက်နစ်နာဆုံးရှုံးတွေမှုအများဆုံးခံနေရတဲ့အပြင် အသက်အန္တရာယ်သေဆုံးတဲ့ အထိဖြစ်လာနေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ ဆရာမ လီလီက KNG ကိုအခုလိုပြောပါတယ်။ “ဘာလို့လဲဆိုရင် ဒီစားဖို့သောက်ဖို့ အသက်ရှင်ရပ်တည်ဖို့အတွက် ဝင်ငွေရဖို့ လုပ်ငန်းရဖို့အတွက်ဆိုတာဟာ ခက်ခဲလာတဲ့အခါမှာ လူသားတွေက လူသားမဆန်တော့ဘူးဘဲ ဘာမဆိုလုပ်လာရဲတဲ့အခါမှာ ပိုပြီးတော့မှအားနည်းပြီး ဖိနှိပ်ခံဖြစ်တဲ့ အမျိုးသမီးတွေပြီးတော့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသူအမျိုးသမီးတွေဟာ ကိုယ့်ရဲ့ ရွှေငွေပစ္စည်းဆုံးရှုံးရတဲ့အပြင် အသက်အန္တရာယ်ထိပါ ထိးပါးလာတဲ့အခြေအနေ ရှိသွားတာပေါ့နော်” လို့ပြောပါတယ်။ ဒ့ါအပြင် အမျိုးသမီးတစ်ယောက် သတ်ဖြတ်ခံရတာဖြစ်ဖြစ်၊ မတရားအနိုင်ကျင့်ခံရတာမျိုးဖြစ်ဖြစ် ကြုံလာတဲ့အခါ တရားရင်ဆိုင်ပေမဲ့ ကျူးလွန်သူတွေဘက်က အမှုနိုင်တာမျိုးတွေရှိနေတာတွေကြောင့် တရားရုံးဟာ ကိုယ့်ဘက်ကို ရပ်တည်ပေးနိုင်တဲ့ နေရာမဟုတ်ဘူးဆိုတာ သိလာရတာလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ရပ်ရွာဒေသမှာ အခြေအနေအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင်တောင် အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ တာဝန်ယူလုပ်ဆောင်ရတာတွေများတဲ့အတွက် လက်နက်ကြီးထိမှန်တာတွေ အများဆုံးခံရတာလည်းဖြစ်လာနေတယ်လို့ သူကဆက်ပြောပါတယ်။ “ကိုယ့်ရွာမှာ လာပစ်လာပြီဆိုရင် မြန်မြန်ပြေးဖို့ သူ့မှာ ကလေးတွေ၊ ဉပမာ နို့စို့ကလေးကိုလည်း သူကြည့်ရတယ်၊ ကလေးကိုချီရတယ်၊ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေရတာတွေများတယ်၊ ပြီးတော့ တစ်ချို့ကျတော့လည်း ကလေးတစ်ဖက်၊ ကိုယ်ဝန်တစ်ဖက်နဲ့ အဘိုးအဘွားတွေကို ပြန်ခေါ်နေရတာနဲ့ မြန်မြန်လုံခြုံတဲ့နေရာမရောက်နိုင်တော့ စစ်တပ်လက်ထဲရောက်သွားတာမျိုး၊ လက်နက်ထိတာတွေက သူတို့ကြုံရဖို့ အများဆုံးဖြစ်ပြီးတော့ ထိခိုက်သေဆုံးတာတွေဖြစ်ရတယ်ဆိုတာကို ပိုတွေ့ရတယ်ပေါ့နော်” လို့ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ နည်းမျိုးစုံနဲ့ တိုက်ခိုက်တာတွေကြောင့် အမျိုးသမီးသေဆုံးမှုတွေ ပိုမြင့်တက်လာနေတဲ့အကြောင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်တွေကနေ သိရပါတယ်။ နိုင်ငံကို အုပ်ချုပ်တဲ့သူတွေဟာ ပြည်သူတွေအပေါ် တာဝန်ယူမှုမရှိတာ၊ လုံခြုံမှုမပေးနိုင်တာ၊ တိုးတက်အောင်မြင်အောင မလုပ်ပေးနိုင်ရင် အစိုးရဆိုတဲ့နေရာမှာ မနေသင့်ဘူးလို့ အမျိုးသမီးနဲ့ကလေးသူငယ် အရေးလှုပ်ရှားသူ ဆရာမ မွန်းနေလီက KNG ကိုပြောပါတယ်။ “ပြောရမယ်ဆိုရင် စစ်အစိုးရအုပ်ချုပ်တာဖြစ်ဖြစ်၊ ပြည်သူတွေကို တာဝန်ယူပြီး ငါကအုပ်ချုပ်နေတာဆိုပြီးအဲ့နေရာမှာ ရှိနေတဲ့သူက တာဝန်အရမ်းကြီးတာဟုတ်တယ်။ အခုကျွန်မတို့ နိုင်ငံမှာ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး၊ ကလေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာက အစိုးရဆိုပြီးခံယူထားတဲ့သူတွေကိုယ်တိုင် ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ ဉစ္စာပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ ဒီလိုဖြစ်စဉ်တွေကြောင့် ပြည်သူတွေ ပိုပြီးထိခိုက်လာရတာဖြစ်တယ်” လို့ပြောပါတယ်။ ခုလို စစ်တပ်ဘက်က ပြည်သူတွေအပေါ် မတရားသတ်ဖြတ်တာ၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ လူအခွင့်အရေးဆိုင်ရာဘက်ကနေ ကြည့်ရင်တောင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု ဉပဒေရှိသမျှကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ စစ်တပ်ကဖမ်းဆီးထားတဲ့ အမျိုးသမီး ၃၂၉၉  သေဆုံးသူ ၇၅၄ ဦးထိရှိလာပြီဖြစ်သလို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ၂၆ ရက်အတွင်း အမျိုးသမီးသေဆုံးသူ ၅၉ ယောက်ထိရှိခဲ့ပြီးတော့ အဲ့ဒီသူတွေဟာ စစ်တပ်ဘက် အရပ်သားနေအိမ်တွေကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးသမ္မဂအဖွဲ့က ဖေဖော်ဝါရီလ လဆန်းပိုင်းမှာထုတ်ပြန်ထားပါတယ်။ ဒီသေဆုံးမှုစာရင်းထဲက အများဆုံးဟာ စစ်ကိုင်းတိုင်းထဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အလားတူဘဲ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမျိုးသမီးတစ်ယောက် ပစ္စည်းလုယက်သတ်ဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာက အမျိုးသမီးတစ်ယောက် စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသလို နောက်ထပ်အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    Read More »
  • 9 February
    သတင်း

    အကျဲရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ဒီမနက် ၆နာရီဝန်းကျင်မှာ အကျဲကျေးရွာ ကျောက်ခွဲစက်အနီး( Sut Lung Hkrung)ဆီဆိုင်ရှေ့ မြစ်ကြီးနားမြို့ကိုပို့ဖို့ သစ်တင်လာတဲ့တုံဖုံးကားတစ်စီး…

    Read More »
  • 2 February
    သတင်း

    တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာမှ ကလေး ၃ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်က တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာကနေ ကလေးငယ် ၃ ယောက်သေဆုံးသွားတယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO ဆီကသိရပါတယ်။ ဖြစ်စဥ်မှာ နမ့်ဆန်မြို့နယ်…

    Read More »
  • Jan- 2024 -
    18 January
    သတင်း

    မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ဖြစ်ပွား

    မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ထိဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ပြောကြားချက်အရသိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ တစ်ရက်တည်း အေးစေတီရပ်ကွက် ကြက်ခြေနီခြံ အကျော်မှာ ည ၇ နာရီဝန်းကျင်လောက်က ဆိုင်ကယ်သုံးစီးကို…

    Read More »
Back to top button