သတင်း

အကျဲရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ဒီမနက် ၆နာရီဝန်းကျင်မှာ အကျဲကျေးရွာ ကျောက်ခွဲစက်အနီး( Sut Lung Hkrung)ဆီဆိုင်ရှေ့ မြစ်ကြီးနားမြို့ကိုပို့ဖို့ သစ်တင်လာတဲ့တုံဖုံးကားတစ်စီး သုံးဘီးကားကိုကျော်တက်ရင်း ကုန်းဆင်းတစ်နေရာမှာ အရှိန်လွန်တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊, မြစ်ကြီးနားမြို့) အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ခေါင်းခန်းက နှစ်ယောက်က ဘာတော့မဖြစ်ဘူး ကားနောက်မှာလိုက်စီးတဲ့ သားအဖကတော့ သားကပွန်းပဲ့တယ် အဖေဖြစ်သူကတော့ဆုံးသွားတော့ ဒဏ်ရာကတော့ ခေါင်းမှာပွန်းပဲရုံဘဲ သွေးလည်းမထွက်ဘူး။ ဒါပေမယ့် ခါးမှာတော့ အညိုကွက်ကြီးတွေ့တယ် အတွင်းဒဏ်ရာ တစ်ခုခုကြောင့် ခုလို သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

သေဆုံးသူဟာ ကားနောက်ဘက်မှာလိုက်ပါစီးနင်းလာတဲ့ သားအဖနှစ်ဦးထဲက အသက် ၄၅ဝန်းကျင်အရွယ် အဖေဖြစ်သူဖြစ်ပြီး ကားမှောက်စဉ်ရတဲ့ ထိခိုက် ဒဏ်ရာ အခင်းဖြစ်တဲ့နေရာမှာဘဲသေဆုံးခဲ့တာဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ နေရပ်ဖြစ်တဲ့ မိုးကောင်းမြို့ဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိတဲ့သူတွေကိုတော့ မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့သူကဆက်ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမှာ လွန်ခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၅၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄ ဉီးထိရှိခဲ့တာဘဲဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button