တိုက်ပွဲသတင်း

စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများ

ကချင်ပြည်နယ် မံစီမြို့နယ် စီးခမ်းကြီးစခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

စီးခမ်းကြီး စခန်းဟာ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိ ဗျူဟာမြောက်အထိုင်တပ်စခန်းတစ်ခုဖြစ်ပြီး မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိပါတယ်။

စစ်ရေး နဲ့ လမ်းပန်းဆက်သွယ်ရေးအရ အချက်ချာကျတဲ့နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ရက္ခိုင့်တပ်တော် AA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ ဒေသကာကွယ်ရေးတပ် LPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စတင်တိုက်ခိုက်ခဲ့ရာ  ရက်ကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖက်က စခန်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အကြိမ်ပေါင်း ၅၀ ကျော် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဗုံးအလုံးပေါင်း ၁၀ ဝန်းကျင်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေများသလို KIA ပူးပေါင်းတပ်တွေဘက်ကလည်း  ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ LPDF တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ကျနော်တို့ဘက်ကကျတာက  ယောက် AA ထဲက တစ်ယောက်ပါတယ် ခုလက်ရှိလည်း စိစစ်နေတုန်း KPDF ထဲက အများဆုံးပဲဒဏ်ရာရတာလည်း ၄၀ ယောက်ကျော်တယ် ကျဆုံးသွားတဲ့ ၉ယောက်ထဲက  ယောက်ကတော့ကျွန်တော်တို့ မီးရှို့သဂြိုလ်ခဲ့ပြီလို့အထက်ပါ တာဝန်ရှိသူ ကပြောပါတယ်။

တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စီခမ်းကြီး စစ်ကောင်စီတပ်စခန်း

စီခမ်းကြီးစခန်းကို KIA ပူးပေါင်းတပ်တွေဘက်က ထွက်ပေါက်တွေကိုပတ်ပတ်လည်ဝိုင်းပြီး ပိတ်ထားတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်တွေရဲ့ဗုံးကြဲတိုက်ခိုက်တာကလည်း စခန်းဧရိယာအတွင်း ပစ်ခတ်တာတွေများတာကြောင့် စစ်တပ်ဘက်ကသေဆုံးတာပိုများတယ်လို့ သိရပြီး စစ်တပ်ဘက်က သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ စစ်မေတွေလည်း ပါဝင်နေတယ်လို့ LPDF တာဝန်ရှိသူ ကပြောပါတယ်။

ဟိုဘက်က ပထမနေ့မှာတင်ကို  ယောက်တွေ့တယ် ညနေကော ဒီကနေ့ကော ပြန်တွေ့တယ်တဲ့များတယ်။ ရွှေကူအဖွဲ့တွေ့တာကို ၁၅ လောင်းရှိတယ် ခုထိလည်းအလောင်းတွေက တွေ့နေဆဲဘဲ သေတာဘာလို့အဲလောက်များလဲဆိုရင် ဒီဘက်ကပစ်တာရော ပြီးတော့ လေယာဉ်နဲ့ကြဲတာကလည်း သူတို့စခန်းထဲကို ပြန်ကြဲထည့်တာက ပိုများတယ်လေ အဲတော့တစ်ချို့ဆိုအလောင်းတောင်ရှာမရ တစ်စစီဖြစ်သွားတဲ့ဟာတွေလည်း အများကြီးရှိတယ်လို့ပြောပါတယ်။

ဒါ့အပြင် စီခမ်းကြီးတပ်စခန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မဘိမ်းမြို့ကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ချိန် မဘိမ်းတပ်စခန်းကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားများလည်း လာရောက်စုပေါင်းနေထိုင်တာကြောင့် စစ်အင်အား ၂၀၀ အထက်ရှိတဲ့ စခန်းဖြစ်တယ်လို့လည်း သိရပါတယ်။

တပ်စခန်းအတွင်းရဲ့ မြင်ကွင်းအခြေအနေ

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စီးခမ်းကြီးဒေသခံကလေးငယ်တစ်ဦး နဲ့ အမျိုးသားသုံးဦးလည်း ဗုံးသီးထိမှန်သေဆုံးခဲ့သလို ရွာထဲမှာရှိတဲ့ ကျောင်းအဆောက်အဦး၊အရပ်သားပြည်သူတွေရဲ့နေအိမ်တွေလည်း အများအပြား ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မံစီမြို့နယ်ထဲက စီခမ်းကြီးစခန်းဟာ မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတာဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ခရိုင်စိုက်ရာမြို့နယ်ဖြစ်တဲ့ ဗန်းမော်မြို့ဘက်က စစ်တပ်စခန်းတွေကို အဓိကထောက်ပို့ပေးနေတဲ့လမ်းကြောင်းမှာ ရှိတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတဲ့ စီးခမ်းကြီးပြည်သူတွေလည်း အခြေအနေမတည်ငြိမ်သေးတာကြောင့်နေရပ်မပြန်ကြပဲ တိမ်းရှောင်နေရဆဲ လို့သိရပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး ရှမ်း– ကချင်အစပ်မှာ စစ်ရေးဖော်ဆောင်နေတဲ့ KIA ပူးပေါင်းတပ်တွေဟာ တစ်လကျော်အတွင်းမှာဘဲ မဘိမ်းမြို့အပါအဝင် မံဝိန်းကြီးအထိုင်တပ်စခန်းနဲ့ မံစီမြို့နယ်ထဲက ကိုက်ထိပ်စခန်း၊ဘလောင်ဒိန်ဆာတပ်စခန်းနဲ့စီခမ်းကြီးတပ်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button