ဟုမ္မလင်း

  • Jun- 2025 -
    27 June
    သတင်း

    နောင်ပိုအောင်ရွာမှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေကိုကြိုတင်တိမ်းရှောင်ခိုင်းထား

    စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာမှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေကိုလည်းကြိုတင်တိမ်းရှောင်ထားကြဖို့ပြောထားကြောင်း သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်ပူးပေါင်းတပ်စွဲနေတဲ့ ဟုမ္မလင်းမြို့ရဲ့အရှေ့ဘက်ရှိ နောင်ပိုအောင်ကျေးရွာကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေတာကြောင့် ရွာခံတွေကိုကြိုတင်တိမ်းရှောင်ကြဖို့သတိပေးထားတယ်လို့ ဟုမ္မလင်းမြို့ခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက KNG…

    Read More »
  • 21 June
    သတင်း

    ဟုမ္မလင်းမှာ ကုန်အဝင်ရပ်တန့်‌ နေတဲ့အတွက် ကုန်စည်တစ်ချို့စတင်ပြတ်လပ်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ ကုန်းကြောင်း၊ရေကြောင်းအားလုံးပြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်တစ်ချို့စတင်ပြတ်လပ်လာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းဟာ မေလကတည်းက မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးလက်ရှိအချိန်အထိသွားလာလို့မရနိုင်သေးသလို၊ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိုင်းကလည်း တိုက်ပွဲတွေကြောင့် သွားလာဖို့ခက်ခဲနေတဲ့အတွက် ဟုမ္မလင်းမြို့နယ်ထဲကုန်စည်အဝင်ရပ်တန့်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်နဲ့တင်တဲ့ကုန်တွေလောက်ပဲရှိတယ်။ ကုန်းကြောင်းကောရေကြောင်းကော ဘာကုန်မှမဝင်တာဟိုလကတည်းကပဲ။…

    Read More »
  • 11 June
    သတင်း

    ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကစလို့ ည ၇ နာရီနောက်ပိုင်းအပြင်ထွက်တဲ့ အရပ်သားအားလုံး ကလေး၊လူကြီးမရွေးဖမ်းဆီးနေတာလို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အစကတော့ အသက် ၁၈နှစ်ကနေ ၃၅…

    Read More »
  • May- 2025 -
    23 May
    သတင်း

    ဟုမ္မလင်းနယ်မှာ SNA တပ်ရဲ့ တပ်သားသစ်စုဆောင်းခိုင်းမှုကြောင့် အုပ်ချုပ်ရေးမှူးများတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်က အတင်းအဓမ္မလူသစ်စုဆောင်းခိုင်းမှုတွေကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကနေတဆင့် နာမည်စာရင်းကောက်ခံခိုင်းပြီး ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ် စုဆောင်းခိုင်းနေတာကြောင့် အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက…

    Read More »
  • Apr- 2025 -
    25 April
    သတင်း

    ဟုမ္မလင်းမှာ SNAနဲ့ PDF နှစ်ဖက်တပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုရှိခဲ့

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေမှော်မှာ SNA နဲ့ PDF တပ်ကြားပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံဆီက‌နေသိရပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ဟုမ္မလင်းမြို့နယ်နောင်မိုးကျေးရွာရွှေမှော်နဲ့ ဆပ်ကယားကျေးရွာရွှေမှော်ထဲမှာ ရှမ်းအမျိုးသားများတပ်မတော်(SNA)နှင့် ဟုမ္မလင်း PDF တပ်ကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သား ၃…

    Read More »
  • 3 April
    သတင်း

    ဟုမ္မလင်းနယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စိီတပ်က ဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းနဲ့‌ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အဟုမ္မလင်းမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ပုရစ်ကျေးရွာနဲ့ဖါနိုင်းကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက KNG…

    Read More »
  • Mar- 2025 -
    6 March
    သတင်း

    မုံရွာ-ဟုမ္မလင်း ရေကြောင်းလမ်းသွားလာခွင့်ပိတ်ထားတယ်လို့ဆို

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ မကြာသေးခင်က ပြန်လည်ဖွင့်ပေးထားတဲ့ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းသွားလာခွင့်ကို ထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ရေးအခြေနေအရ တစ်နှစ်နီးပါးပိတ်ထားတဲ့ မုံရွာ– ဟုမ္မလင်းရေကြောင်းလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ ပြန်ဖွင့်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်က ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ဘက်ကို စစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့တွက် ပြန်ပိတ်လိုက်တာလို့ အသက် ၄၀ ကျော်အရွယ် ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်ဖွင့်တာဖြင့်မကြာသေးဘူးလေ အဲ့တာပြီးခဲ့တဲ့လေးရက်နေ့လောက်က SNAနဲ့ စကစ(စစ်ကောင်စီတပ်) တွေပေါင်းပြီး ရွှေပြည်အေးမြို့ဘက်ကိုစစ်ကြောင်းထိုးသွားတာ အင်အားအလုံးအရင်းနဲ့အဲ့ကြောင့် PDF တွေဘက်က ရေကြောင်းကိုပြန်ပိတ်လိုက်တာ”လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။ မုံရွာ– ဟုမ္မလင်းရေကြောင်းလမ်းဟာ ဟုမ္မလင်းမြို့နယ်နဲ့ ခန္တီးမြို့နယ်အတွက် ကုန်စည်တွေတင်သွင်းရာမှာ အရေးပါရေလမ်းကြောင်းဖြစ်သလို စစ်ကောင်စီပူးပေါင်းတပ်အတွက်လည်း စစ်အင်အား၊လက်နက်ခဲယမ်း၊စားနပ်ရိက္ခာတွေ သယ်ယူဖို့အရေးပါတဲ့ရေလမ်းကြောင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း PDF ပူးပေါင်းတပ်က၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ပြီးနောက် ၃ လအကြာ ၂၀၂၄ ခုနှစ် မတ်လမှာ ရေကြောင်းသွားခွ့င်ကို ရွှေပြည်အေးမြို့ကနေ ထိန်းချုပ်လိုက်ပြီး  ၁၁ လအကြာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြန်ဖွင့်ထားတာဖြစ်ပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရွှေပြည်အေးဘက် စစ်ကြောင်းထိုး၊ စစ်ရေးလှုပ်ရှားသွားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့စစ်ကောင်စီပူးပေါင်းတပ်စစ်ကြောင်း အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတယ်လို့သိရပြီး ရွှေပြည်အေးအထိရောက်မလာပဲ လမ်းခုလတ်ကနေ ပြန်ခေါက်သွားပြီလို့ သိရပါတယ်။ စစ်ကောင်စီပူးပေါင်းတပ်တို့ စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် စစ်ရေးအခြေနေအရ စိုးရိမ်ရသေးတာကြောင့် မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကို ဟုမ္မလင်းPDF တပ်ပေါင်းစုက ဒီနေ့ထိပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ “အဲ့စစ်ကြောင်းထိုးသွားတဲ့အဖွဲ့က မနေ့က ဟုမ္မလင်းကို ပြန်ရောက်လာတယ် အခြေအနေသွားကြည့်တာလို့ပြောကြတယ်။ ရွှေပြည်အေးမြို့ထဲ အထိတော့မရောက်လာဘူးတဲ့မြို့ မြို့ထဲထိရောက်လာရင်တော့တိုက်ပွဲဖြစ်မှာ ပြန်လှည့်လာကြတယ် အခုအခြေနေစောင့်ကြည့်နေတယ် ပြန်ဖွင့်တာမကြားသေးဘူး”လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးကဆက်ပြောပါတယ်။ ခုလို မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိတ်လိုက်ပြီးနောက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ခန္တီးမြို့နယ်တွေအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်၊ ဆေးဝါးတွေကိုလေကြောင်းကနေပဲ တင်သွင်းရတာဖြစ်လို့ ကုန်စျေးနှုန်းတွေလည်းအဆမတန်စျေးမြင့် တက်ခဲ့ပါတယ်။ ဟုမ္မလင်းမြို့ရဲ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်အတွက်ရေကြောင်းအသုံးပြုရာမှုအရေးပါတဲ့ ရွှေပြည်အေးမြို့ကို ဟုမ္မလင်း HPDF, HPDF 124, HPDF (မိုးကြိုး) နဲ့အခြားမဟာမိတ်တပ်ပေါင်းစုတွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Feb- 2025 -
    17 February
    သတင်း

    ဟုမ္မလင်းမြို့နယ် သဲနုတ်ဆွတ် ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကျေးရွာ လေး ရွာ ထွက်ပြေး တိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း လေး ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှာင်နေရတယ်လို့ သိရပါတယ်။ ဟုမ္မလင်း PDF တွေ စိုးမိုးထားတဲ့ သဲနုတ်ဆွတ် ကျေးရွာကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့အပြင် လေယာဥ်တွေ နေ့စဉ် ကင်းထောက်…

    Read More »
  • Jan- 2025 -
    15 January
    သတင်းဖားကန့်

    ဖားကန့်ဘက်ရောက်နေတဲ့ ဟုမ္မလင်းနယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်ထဲအစပ် ပါဟုတ်ကြီးကျေးရွာ၊ လာရာတီးကျေးရွာနဲ့ ရေပေါ်မီးကျေးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက SNA စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ဖားကန့်…

    Read More »
  • 9 January
    သတင်း

    တိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းအစပ်က ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်နေ

    ဖားကန့်မြို့နယ် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာ နဲ့ ပါဟုတ်ကြီး ကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းနေချိန် စစ်ကောင်စီတပ်ဘက်က…

    Read More »
Back to top button