သတင်း

ရတနာပုံ အလုပ်သမား (၂)ဦး Sumprabum ကျောင်းဆရာမ ၁ ဦးကို ရိုက်နက်

ကချင်ပြည်နယ်၊ Sumprabum (ဆွမ်ပရာဘွမ်မြို့ )အစိုးရဝန်ထမ်း ကချင်ကျောင်းဆရာမ ()ဦးကို ရတနာပုံ ဖုန်းကုမ္ပဏီမှ အလုပ်သမား ()ဦးက ရိုက်နက်မှု သြဂုတ်လ (၁၇)ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း ရိုက်နက်ခံရသည့် မိသားစုဝင်ထံမှ သိရပါသည်။

လက်ရှိ Sumprabum အထက်တန်းကျောင်းတွင် မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော အသက် (၂၆)နှစ်အရွယ်ခန့်ရှိကြသည့် ဆရာမ N’sen Lu Bu (အင်ဆန်းလုဘူ) နှင့် ဆရာမ Nang Lum Aung (နန်လွမ်အောင်) တို့ ၂ဦးသည် စနေနေ့ ကျောင်းပိတ်ရက် ရွာအနီးတစ်မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းမနံဘေး တောတစ်နေရာတွင် ဟင်းရှာထွက်နေစဉ် ဆက်သွယ်ရေးဖုန်းကြိုး လိုက်မြုပ်နေသော ရတနာပုံကုမ္ပဏီမှ အလုပ်သမား ()ဦးက ဆရာမတစ်ဦး၏ ခေါင်းနောက်စေ့ကို ရိုက်နက်ခဲ့ကြောင်း ရိုက်နက်ခံရသူ၏ ဦးလေးတော်စပ်သူ Slg. N’rang Sam Naw (ဦးအင်ရန်ဆမ်နော်) က ယခုလို ပြောဆိုပါသည်။

ဖုန်းအလုပ်သမား ၂ ယောက်က ဆရာမနှစ်ယောက် ရှိတဲ့ဘက်ကို လိုက်လာပြီး ဆရာမ N’sen Lu Bu ရဲ့ ခေါင်းနောက်စေ့ကိုရိုက်ပေးလိုက်တယ်။ နောက်အဲ့မှာဘဲ သူက လဲကျသွားတယ်။ သူတို့က ဘာအကြံအစည်ရှိမှန်းလည်း မသိဘူး။ အဲမှာ ကျန်နေတဲ့ ဆရာမ Nang Lum Aung က အော်ငိုပြီး ရဲစခန်းကို ဖုန်းဆက်နေတဲ့အချိန် အဲ့အလုပ်သမား ()ဦး ထွက်ပြေးသွားတယ်ဟု ရိုက်ခံရသည့် ဆရာမ၂ ဦးက ယခုလိုပြောပြကြောင်း ၎င်းက ဆိုသည်။

ဆရာမ ၂ဦး ပြန်လည်ပြောဆိုချက်အရ အဆိုပါဖြစ်ရပ်သည် အဓမ္မပြုကျင့်လိုမှုကြောင့် သို့မဟုတ် လက်ဝတ်ရတနာ လုယှက်လိုမှု တို့ကြောင့် ဖြစ်နိုင်ကြောင်း သိရပါသည်။

၎င်းကိစ္စကို အမှုမဖွင့်ဘဲ ကျေအေးပေးရန် သြဂုတ်လ (၁၈)ရက်နေ့တွင် ကျူးလွန်သူ အလုပ်သမား ()ဦး ဘက်တာဝန်ရှိသူများက ဆရာမ ()ဦးကို ပြောဆိုခဲ့သော်လည်း လက်ခံမှုမရှိဘဲ တရားဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။

နှစ်ယောက်ထဲက တစ်ယောက်က ရိုက်ခံရတာ မှန်ပါတယ်။ ပြီးရင် ဆေးရုံပို့ထားပေးတယ်။ ဆရာမ နှစ်ယောက် ပြောတော့ နောက်ကနေ ရိုက်ခံရတယ်လို့တော့ ပြောပြတယ်။ အခုလက်ရှိမှာတော့ တရားရုံးကို ဦးတိုက်လျှောက်ထား ပေးတယ်။ ကျန်တာက တရားရုံးကနေ ဆုံးဖြတ်ပေးလိမ့်မယ်ဟု Sumprabum ရဲစခန်းမှူး ဦးအောင်မျိုးကျော် ပြောဆိုထားသည်။

လက်ရှိတွင် ပြင်းထန်စွာ အရိုက်ခံရသော ဆရာမ N’sen Lu Bu သည် Sumprabum ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရပါသည်။

ပြစ်မှုကျူးလွန်သူမှာ အသက် (၂၈)နှစ်အရွယ် ဖုန်းဆက်သွယ်ရေးအလုပ်သမား ကို စိုးလွင်ဦး ဖြစ်ကြောင်း သိရပါသည်။

Show More

Related Articles

Back to top button