သတင်း

မြောက်ပိုင်းအဖွဲ့တစ်ဖက်သတ်အပစ်ရပ်ထားချိန်တိုက်ပွဲဖြစ်ပွား

မြောက်ပိုင်းမဟာမိတ် ()ဖွဲ့မှ တစ်ဖက်သတ် အပစ်ခတ်ရပ်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည့် စက်တင်ဘာလ ()ရက် နေ့မှာပဲ မြန်မာအစိုးရတပ်နှင့်တိုက်ပွဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး တစ်နာရီခန့် ဖြစ်ပွားခဲ့သည်။

Dah Shi Hpang Wawm (ဒါရှီးဖန်ဝေါမ်) ဆိုသည့် ရွာနား ညီနောင်မဟာမိတ် ()ဖွဲ့ခေါ် တအာင်း TNLA၊ ကိုးကန့် MNDAA နှင့် ရခိုင် AA တပ်ပေါင်းစုကို မြန်မာစစ်တပ်မှ လိုက်လံပစ်ခတ်မှုကြောင့် အချိန် ၁နာရီခန့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများဆိုသည်။

ဒီကနေ့ ၁၂နာရီခန့်မှာ ကွတ်ခိုင် အလွန် Dah Shi Hpang Wawm ရွာနားမှာ မြန်မာစစ်တပ်တွေ လိုက်လာပြီး မဟာမိတ်တပ်တွေကို လာပစ်ခတ်လို့ တိုက်ပွဲမှာ ၁နာရီခွဲလောက်ထိ ဖြစ်ပွားခဲ့တယ်ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မြောက်ပိုင်းအဖွဲ့ မဟာမိတ် ()ဖွဲ့ က တစ်လတာ တစ်ဖက်သတ် အပစ်ခတ်ရပ်ထားခြင်းကို စက်တင်ဘာ ()ရက်မှ အောက်တိုဘာ ()ရက်နေ့ အထိ ပြုလုပ်ထားပါသည်။

သို့သော်လည်း မြန်မာအစိုးရတပ်က မဟာမိတ်တပ်များကို စစ်ဆင် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လာမည် ဆိုပါကမိမိကိုယ်မိမိ ခုခံကာကွယ်သောအနေအထားမျိုးဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို တုံ့ပြန်သွားမည်ဖြစ်ကြောင်းသတိပေး ထုတ်ပြန်ထားပါသည်။

စက်တင်ဘာ ()ရက်၊ စနေနေ့က တပ်မတော် စစ်အင်အား ကား (၇၀)ကျော်သည် ကွတ်ခိုင် ဘက်ကို တက်လာကြောင်း ဒေသခံများမှသိရသည်။

သြဂုတ်လ (၁၅)ရက်မှ စပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ် ()ဖွဲ့  ကြား နေ့စဉ် ပြင်းထန်စွာ ဖြစ်ပွားသောတိုက်ပွဲများကြောင့် မန္တလေးမူဆယ်လမ်း ခရီးသည် နှင့် ကုန်တင်ကားများ ပုံမှန်သွားလာမှု ရပ်သွားရာမှ စက်တင်ဘာ ()ရက်မှစပြီး ပုံမှန် သွားလာနိုင်ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button