သတင်း

ကချင်စစ်ရှောင်စခန်းမှာ အိမ်သာများလုံလောက်မှုမရှိ

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှာ အိမ်သာလုံလောက်မှုမရှိတဲ့အတွက် အိမ်သာနှင့်ပတ်သက်သည့် ကျန်းမာရေး အခက်အခဲပြသာနာများ ကြုံတွေ့နေရကြောင်းသိရပါသည်။

လူဦးရေနှင့်မမျှသည့်အပြင် ယာယီဆောက်လုပ်ထားပေးသည့် အိမ်သာဖြစ်သောကြောင့် လျှင်မြန်စွာ ပြည့်လျှံသည့် အခက်အခဲများရင်ဆိုင်ကြုံတွေ့နေ ရကြောင်း စစ်ရှောင်တာဝန်ခံ ဦးထွယ်အောင်က ယခုလိုပြောဆိုထားပါသည်။

“အိမ်သာအလုံးအရေနဲ့ ကြည့်မယ်ဆိုရင်တော့ များသလိုထင်ရတယ်။ ဒါပေမယ့် စစ်ရှောင်ခါစတုန်းက ယာယီဆောက်ပေးတာ ဘဲဖြစ်တယ်။ အဲ့ဆောက်လုပ်ထားပေးတဲ့ အိမ်သာတွေကလည်း အရမ်းတိမ်တယ်။ ဂွင် ၂လုံး၊ ၃လုံးစာလောက်ဘဲရှိတယ်။ အိမ်သာကျင်းတိမ်တော့ မကြာခဏ ပြည့်လျံတဲ့ ပြသာနာကြုံတွေ့နေရတယ်။ တစ်ချို့အိမ်သာတွေကျတော့ ရေကြော်နဲ့ မိတဲ့အခါကျတော့ မိုးနဲနဲရွာတာနဲ့ပြည့်သွားပြီ။” ဟုပြောပါသည်။

အဆိုပါစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၀၀ကျော်နဲ့ လူဦးရေ တစ်ထောင်ကျော်ခန့်ရှိနေပြီး အိမ်သာကတော့ စုစုပေါင်း ၄၀ ခန့်သာ ရှိကြောင်း သိရပါသည်။ ထို့ကြောင့် အိမ်သာခွဲတမ်းအရ အိမ်ထောင်စု ၁၀စုမှာ အိမ်သာ ၂လုံးနှုန်းဖြင့်သာ အသုံပြုနေရသည်ဟု စစ်ရှောင်ပြည်သူများ ပြောဆိုချက်မှ သိရသည်။

ထို့အပြင် ဆောက်လုပ်ထားသည့် အိမ်သာများမှာ တစ်ခုနဲ့ တစ်ခုကြား ၃ပေသားခြားသဖြင့် စစ်ရှောင်ပြည်သူတွေမှာ ဝမ်းပျက်၊ ဝမ်းလျော နှင့် သွေးလွန်ကွေးဖြစ်ပွားနေပြီး လူသေဆုံးမှုတွေအထိရှှိခဲ့ကြောင်း ပြောဆိုထား သည်။

“အိမ်သာက နီးနီးကပ်ကပ်ဘဲ ဆောက်ထားပေးတဲ့အတွက် ကျန်းမာရေအတွက်လည်း တော်တော်စိုးရိမ်ရတယ်။ တစ်ယောက်က ဝမ်းပျက်ဝမ်းလျောဖြစ်ပြီ ဆိုရင် နောက်တစ်ယောက်ကို ကူးစက်ဖို့က အရမ်းမြန်တယ်။ လူဦးရေများတဲ့အတွက် ဖြစ်ဖို့အတွက်လည်း အရမ်းလွယ်တယ်။”ဟု ဦးဂလောင်းတူးကပြောဆိုသည်။

ထို့ပြဿနာများကိုဖြေရှင်ရန် ဖြစ်နိုင်လျှင် ၂ အိမ်ထောင်ကို အိမ်သာ ၁လုံးနှုန်းဖြင့် ဆောက်လုပ်ပေးရန်လိုအပ်နေသည်ဟု စစ်ရှောင်အမျိုးတစ်ဦး ဒေါ်လုရာက ပြောဆိုထားပါသည်။

ကျန်းမာရေးအတွက်သာမက နေထိုင်မှုအဆင်ပြေလည်စေရန် လုံခြုံ ခိုင်ခံသော အိမ်သာများ ထပ်မံဆောက်လုပ်ပေးရန် လိုအပ်နေဆဲဖြစ်သည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button