,

Breaking News :

စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြို တိုက်ခိုက်

သေနတ်ဖြင့် ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး

နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်

ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချမှတ်

မိုင်ဂျာယန် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေနှင့်ပတ်သက်ပြီး KIO တာဝန်ရှိသူဖြင့် မေးမြန်းခြင်း

ခေါင်လန်ဖူး တရုတ်နယ်စပ် ကျေးရွာတွင် ကိုဗစ်လက္ခာဖြင့် သေဆုံးသူများရှိနေ

လိုင်ဇာရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးသွားမည်

တရုတ်တစ်သျှူးငှက်ပျော်ကုမ္ပဏီတရားစွဲထားသည့် မုတ်ကြိတ်ဒေသခံများကို အမိန့်ချ

ဝိုင်းမော်မြို့နယ် တရားရုံး

တရုတ်တစ်သျှူးငှက်ပျော်ကုမ္မဏီ၏ တရားစွဲဆိုခံထားရသည့် မုတ်ကျိတ်ဒေသခံ (၇) ဦးအား ငွေဒဏ် ၅ သောင်းသို့မဟုတ် ထောင် ၆ လ ချခံရန် ဝိုင်းမော်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် အပြီးသတ်အမိန့်ချလိုက်ပြီဖြစ်သည်။

ထိုကြောင့် ဒေသခံ (၇) ဦးက တစ်ဦးလျှင် ငွေဒဏ် ၅ သောင်စီပေးရန် ရွေးချယ်လိုက်ကြပါသည်။

ငှက်ပျောစိုက်သည့် မျိုးဆက်သစ်ကုမ္မဏီမှ လုပ်ငန်းလုပ်ကိုင်နေစဉ်တွင် လာရောက်နှောင့်ယှက်ဖျက်စီးခဲ့သည်ဟု ဆိုကာ ၂၀၁၈ ဧပြီလ ၂၆ရက်နေ့တွင် အကျိုးဖျက်စီးမူ ပုဒ်မ ၄၂၇ ဖြင့် ဒေသခံများကို စတင်အမူဖွင့်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တွင် ယခုလို အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါသည်။

ဒေသခံများ သဘောတူညီမှုမရဘဲ စီမံကိန်းလုပ်ဆောင်ခဲ့သဖြင့်ဟုဆိုကာ ထိုဧရိယာအတွင်း ၂ ဖက်အပြန်အလှန် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ကုမ္ပဏီဘက်မှ စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

“သူတို့ဘက်က စစ်ဆေးတဲ့ သက်သေထိုင်ခုံတွေ ရိုက်ချိုးတယ်၊ ရေပိုက်တွေဖျက်တယ်၊ ငှက်ပျောပင်တွေခုတ်တယ်ဆိုတာ အမှန်တစ်ကယ် ကျမတို့သွားလုပ်တယ်ဆိုတာလည်း မရှိဘူး။ တစ်ကယ်လို့ရိုက်ချိုးတယ်ဆိုရင် သူတို့အဖွဲ့တွေများကြီးရှိတယ်။ ရိုက်ချိုးတဲ့ချိန်ဓါတ်ပုံရိုက်ထားပါလား။ ဓါတ်ပုံလည်းမရိုက်ထားဘူး။ နောက်ပြီးမှ သူများတွေကို ခေါ်ပြီးမှရိုက်ချိုးပြီးမှ ကျမတို့ကို အပြစ်ညွှန်လိုက်တာဘဲဟုတ်တယ်။” တရားစွဲဆိုခံရသူများဖြစ်သည့် မုတ်ကျိတ်ဒေသခံ ဒေါ်လင်းခက်အေး ကဆိုသည်။

ဒေသခံများအနေဖြင့် ၎င်းတို့ခြံများအား ရောင်းချထားခြင်းမရှိဘဲ တရုတ်တစ်သျှူးငှက်ပျောစိုက်ဖို့ လာရောက်ကျူးကျော်ဖျက်စီးသည့် ကိစ္စများသည် တရားလိုများဘက်သို့ စစ်ဆေးခဲ့ကြသော်လည်း အမူပေါ်ပေါက်ခြင်း မရှိဘဲ ၎င်းတို့တားမြစ်ခြင်းသည်သာ အမူပေါ်ပေါက်ခြင်းအပေါ် ကျေနပ်မူမရှိကြောင်း ၎င်းကဆက်ပြောသည်။

ယင်းအမူကို တရားလိုပြုစွဲဆိုခဲ့သည့် မျိုးဆက်သစ်ကုမ္မဏီမှ တာဝန်ရှိသူအား မေးမြန်းရာတွင် ဖြေဆိုရာငြင်းဆိုခဲ့သည်။

“ အစကတော့ နွားတွေမွေးမယ်ဆိုပြီး ပွဲစားက မြေလိုက်ဝယ်တယ်။ ငှက်ပျောစိုက်မယ်ဆိုပြီးတော့မပြောဘူး။ နောက်မှငှက်ပျောစိုက်မယ်ဆိုတော့ တစ်ရွာလုံးကကန့်ကွက်တယ်။ ရောင်းတာကတော့ အိမ်ထောင်စု နည်းနည်းဘဲ ဒါပေမယ့် သူတို့ဘက်က ၃၄ အိမ်ထောင်စုလောက်ကို ဘတ်ဖိုးနဲ့ထိုးပေးလိုက်ကြတယ်။” တရားစွဲဆိုခံရသူများမှ ဦးဆိုင်းလီက ဆိုသည်။

ယင်းအမူသည် မုတ်ကျိတ်ဒေသခံတောင်သူအိမ်ခြေ တစ်ရာကျော်၏ မြေဧက ၃၀၀ ခန့်ရှိပြီး လွန်ခဲ့သည့် ၂၀၁၈ခုနှစ်တွင် မျိုးဆက်သစ်ကုမ္မဏီဘက်မှ ဒေသခံတောင်သူများ၏ မြေနေရာအချို့ကို စိုက်ပျိုးရေးုလုပ်မည်ဟုဆိုကာ ဝယ်ယူခဲ့ကြသော်လည်း အချို့မြေနေရာများအား ဝယ်ယူခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မျိုးဆက်သစ်ကုမ္မဏီမှ ယင်းဒေသခံ(၇)ဦးအား လက်ရှိစွဲဆိုထားသည့်အမူ ၂ မူရှိကာ ယခုအမူသည် အကျိုးဖျက်စီးမူ ရာဇသတ်ကြီးပုဒ်မ ၄၂၇ ဖြစ်ပြီး နောက်ထပ်စွဲဆိုထားသည့်အမူအား ပြည်နယ်တရားရုံးတွင် စွဲဆိုထားကြောင်း သိရသည်။

 

Read Previous

ဂျပန် ကျူရှင်းကာရာတေးကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် မြန်မာကိုယ်စား ကချင်လူငယ် ၄ ဦးပါဝင်

Read Next

မှတ်ပုံတင် အိမ်ထောင်စု ပြုလုပ်ရာတွင် ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်

Leave a Reply

Your email address will not be published. Required fields are marked *