သတင်း

မှတ်ပုံတင် အိမ်ထောင်စု ပြုလုပ်ရာတွင် ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်

ကချင်ပြည်နယ်အတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုများ ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်းနှင့် ခရီးသွားလာစဉ် စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင် မပါသူများအား ဒဏ်ငွေရိုက်ခြင်းများပြုလုပ်ပါက သက်ဆိုင်ရာသို့ ချက်ချင်းတိုင်ကြားနိုင်ကြောင်း ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောပါသည်။

“ကျနော်တို့ဌာနအနေနဲ့ ပြည်သူတွေကို ဝန်ဆောင်မူပေးတာ တိကျတာမှုပဲ ဖြစ်တယ်။ အဲလိုတောင်းခံတဲ့ ဝန်ထမ်းတွေရှိလို့ ရှိရင် တိတိကျကျတိုင်တန်းနိုင်တယ်။ ဆက်သွယ်တိုင်တန်းလာတဲ့သူတွေရှိရင် ဝန်ထမ်းတွေကို သေချာစီစစ်ပြီးတော့ အရေးယူမူတွေဆောင်ရွက်နေပါတယ်။” ဟု လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

မှတ်တင်ပုံတင်၊ အိမ်ထောင်စုပြုလုပ်ရာတွင် ငွေကြေးတောင်းခံမူများရှိနေကြောင်း လူမူကွန်ယက်စာမျက်နှာများတွင် တွေ့ရှိသော်လည်း တိတိကျကျတိုင်တန်းလာမှသာ ငွေကြေးတောင်းခံသည့် ဝန်ထမ်းများအား ထိထိရောက်ရောက်အရေးယူနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ ဟိုတစ်လောက ပြည်သူတစ်ယောက် ၂၁ မိုင်ဂိတ်မှာ မှတ်ပုံတင်မပါလို့ ဒဏ်ငွေ ၃၀၀၀ ရိုက်တယ်ဆိုပြီး တိုင်တန်းလာတယ်။ အဲကြောင့် အဲဝန်ထမ်းကို ချက်ချင်းဘဲ အပြောင်းအရွှေ့ လုပ်လိုက်တယ်။” ဆိုပြီး ပြောသည်။

မြို့ပြများတွင် မှတ်ပုံတင်များအားပုံမှန်ပြုလုပ်ပေးနေပြီး ပြည်သူများအတွက် အဆင်ပြေစေရန် ဧည့်ကြိုများလည်း ထားရှိပေးထားကြောင်း သိရသည်။

ပြည်သူတွေက ရုံးလာရမှာ ကြောက်တဲ့စိတ်ရှိတယ်ဆိုတော့ ကျနောက ဧည့်ကြို ထားထားတယ်။ ဒါကတော့ပြည်ထောင်စုရဲ့ ညွှန်ကြားချက်တော့မဟုတ်ပါဘူး။ ကျနော်သီးခြားညွှန်ကြားချက် ပြည်သူတွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ ဧည့်ကြိုထားပေးတာ ဟုတ်တယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုလာလုပ်တဲ့သူတွေ ပိုအဆင်ပြေဖို့လုပ်ထားတာဖြစ်တယ်။” ဟု ဝန်ကြီး ဦးဇော်ဝင်းက ဆက်ပြောသည်။

လက်ရှိတွင် စီမံချက်တစ်ရပ်နေနဲ့ အောက်တိုဘာလမှစကာ ဒီဇင်ဘာလထိ ခရိုင်၊ မြို့နယ် များတွင် မှတ်ပုံတင်များပြုလုပ်ပေးနေပြီး စီမံချက်ကာလအတွင်း ၆၈၇၇ ကဒ်ပြုလုပ်ပြီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။

လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနစတင်ဖွဲ့စည်းသည့်နေ့မှစတင်ပြီး ယနေ့ထိ ငွေကြေးတောင်းခံမူနဲ့ပတ်သက်သည့် ပြသာနာ ၄ခုရှိပြီး တိုင်တန်းလာသည့်ပြည်သူများကိုလည်း ကိုယ်တိုင်ဖြေရှင်းပေးနေသဖြင့် တိုင်ကြားရန် ပြောဆိုပါသည်။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနကို ယခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

Show More

Related Articles

Back to top button