သတင်း

လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ပြီးဆုံးပြီးနောက် လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုဆို

ကချင်ပြည်နယ်အစိုးရစီမံချက်ဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ဆုံးသော ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

“သတ်မှတ်ကာလကုန်သွားတဲ့နောက် လိုင်စင်မဲ့ဆိုင်ကယ်များကိုဖမ်းစီးအရေးယူမှုတွေလုပ်သွားမယ်။ လိုင်စင်လာမလုပ်တဲ့ ဆိုင်ကယ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွာမယ်” ဟု မြစ်ကြီးနားမြို့နယ်အုပ်ချူပ်ရေးမှူး ဦးသန်းဝင်းက KNG ကိုပြောပါသည်။

ထပ်မံဖမ်းဆီးသွားမည့်ဆိုင်ကယ်များကို ထားရှိရန် ဂိုဒေါင်ကိုလည်း ဆောက်လုပ်ထားပြီဖြစ်ကြောင်း ထပ်မံ ပြောဆိုပါသည်။
ဖမ်းဆီးခံရသည့်နေ့မှ ၁၅ ရက်အတွင်း အဆိုပါ မိမိဆိုင်ကယ်ကို လိုင်စင်ပြုလုပ်ခြင်းဖြင့် ထပ်မံ ရွေးယူနိုင်ကြောင်း သိရပါသည်။

ပြည်နယ်အစိုးရစီမံချက်ဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးခြင်းကို လွန်ခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့မှ ဒီဇင်ဘာ ၁၂ နေ့ထိ စုစုပေါင်း၄ လသတ်မှတ်ခဲ့ရာ ထိုကာလအတွင်း ဆိုင်ကယ် ၄၁၂ စီးသာ လာရောက်မှတ်ပုံတင်ကြကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ထပ်မံ ပြောဆိုပါသည်။

ထို့အပြင် ဆိုင်ကယ်ရောင်းချသည့် ဆိုင်များကိုလည်း တရားဝင်လိုင်စင်နှင့် တကွရောင်းချပေးသည့် ဆိုင်များဖြစ်အောင် အစိုးရ ကြိုးပမ်းနေကြောင်း ပြောသည်။

သို့သော်လည်း ယနေ့ချိန်ထိ မြစ်ကြီးနားမြို့ပေါ်နေရာများတွင် ဆိုင်ကယ်များကို လိုင်စင်မဲ့အဖြစ် ရောင်းချနေဆဲ ဖြစ်ပါသည်။

 

Show More

Related Articles

Back to top button