သတင်း

KIO ဗဟိုဌာနချုပ် နယ်မြေပေါ် ဂျက်တိုက်လေယာဉ် ၁စီး အကြိမ်ပေါင်းများစွာ ပျံဝဲ

ကချင်ပြည်နယ် တရုတ်နယ်စပ် KIO ဗဟိုဌာနချုပ် နယ်မြေများပေါ် ဂျက်တိုက်လေယာဉ် ၁ စီး၊ ယနေ့ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ၅ ကြိမ်ထက် မက ပျံသန်းခဲ့ကြောင်း KIO တာဝန်ရှိသူများထံမှ သိရပါသည်။

မြန်မာ့တပ်မတော်ပိုင်လေယာဉ်ဟု ယူဆရသော အဆိုပါ အဖြူရောင် ဂျက်တိုက်လေယာဉ်သည် မွန်းလွဲပိုင်း ၂ နာရီနောက်ပိုင်း KIO/KIA ဌာနချုပ် နှင့် တပ်စခန်းများပေါ် အချိန် ()နာရီကျော်ခန့်ကြာ ထပ်ခါထပ်ခါ ပျံသန်းခဲ့ပြီး တရုတ်နယ်နိမိတ်အထဲ Na Bang Yinjiang နှင့် Jang Hkong ဘက်ကိုလည်း ကျူးကျော် ပျံသန်းခဲ့သည်ဟု လိုင်ဇာဒေသခံများ ပြောပါသည်။

မိမိတို့ KIA စစ်တပ်စခန်းတွေဘက်မှာဘဲ ပျံဝဲနေတာ။ ရေချောင်းအတိုင်း လျှောက်ပျံသန်းတာတော့ မဟုတ်ဘဲနဲ့ KIA စခန်းတွေပေါ်မှာပဲ လေ့လာပျံသန်းတာ ဖြစ်နေပါတယ်ဟု KIA အရာရှိတစ်ဦး ပြောပါသည်။

KIO/KIA ဗဟိုနယ်မြေ Laiza (လိုင်ဇာ) Laisin Bum (လိုင်စင်) နှင့် Mai Ja Yang (မိုင်ဂျာယန်)တလျှောက် KIA တပ်စခန်းများပေါ် ဦးတည်ကာ ပျံဝဲခဲ့သည့်အတွက် မြန်မာ့တပ်မတော် ဂျက်တိုက်လေယာဉ် ဖြစ်နိုင်ကြောင်း ခန့်မှန်းရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ဇန်နဝါရီ ()ရက်နေ့တွင် KIO နှင့် ရခိုင် AA ခေါင်းဆောင်များ တရုတ်အစိုးရကိုယ်စားလှယ်တို့ဖြင့် လိုင်ဇာမြို့တွင် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး နောက်  တရက်တွင် ယခုလို ဌာနချုပ်နယ်မြေများပေါ် ဂျက်လေယာဉ် ပျံဝဲခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ တရုတ်ကိုယ်စားလှယ်များနှင့် ကိုးကန့် MNDAA၊ တအာင်း TNLA ခေါင်းဆောင်တို့သည် ဒီဇင်ဘာလအတွင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။

အထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ()ဖွဲ့တို့သည် မြန်မာအစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်လက်မှတ်ထိုးရေး ယခုလကုန်အတွင်း ဆွေးနွေးပွဲတစ်ခု ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါသည်။

Show More

Related Articles

Back to top button