သတင်း

ကိုယ် လက် အင်္ဂါ မသန်းစွမ်းသူများကို အခမဲ့ကုသပေးမည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုယ် လက် အင်္ဂါ မသန်စွမ်း လူနာများကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးရုံတာဝန်ခံများထံမှ သိရပါသည်။

အခမဲ့ ကုသမည့်အစီစဉ်ကို လာမည့် ဖေဖော်ဝါရီ ၃ရက်မှ ၉ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကုသခံယူလိုသူများအနေဖြင့် အရိုးကုသဆောင်တွင် ကြိုတင်စားရင်းပေးသွင်းရမည်ဟု သိရပါသည်။

“မီးလောင်အပူလောင်ပြီးမှ ခြေလက် ကောက်ကွေးသွားတာမျိုး၊ ရိုးရိုး ပုံမှန်ဆေးတွေကုနေလည်း မသက်သာဘဲ ခြေလက်ကောက်ကွေးသွားတာမျိုး၊ နောက်တစ်ခုက မွေးရာပါ ခြေလက်ကောက်ကွေးသွားတာမျိုးကို ပြန်ကောင်းသွားအောင် ဘယ်သူကို မဆိုအခမဲ့ ခွဲစိတ်ကုပေးပါတယ်။” ဟု အရိုးအထူးကုဆရာဝန် ဒေါက်တာကေနော်အောင် ဆိုပါသည်။

ခြေလက်မသန်စွမ်းသူများအား ခွဲစိတ်ကုသရာတွင် ဦးဆောင်မည့်သူများမှာ နယ်သာလန်နိုင်ငံမှ Dr.Willenနှင့် J.Theuvenet တို့ ၂ ဦးဖြစ်ကြောင်း သိရပါသည်။

ကချင်ပြည်နယ်တွင် ခြေလက်မသန်စွမ်းသူများအား လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် မြစ်ကြီးနားနှင့် ပူတာအိုမြို့တို့တွင် ပထမအကြိမ်အဖြစ် ကုသပေးခဲ့ပြီး ယခုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဆေးရုံတာဝန်ခံများမှ သိရပါသည်။

Show More

Related Articles

Back to top button