သတင်း

အေးမြသာယာ ဈေးသစ်ကြီးမဖွင့်မှီ ပျံကျဈေးနေရာများအရင် စီစဉ်မည်

မြစ်ကြီးနားမြို့ အေးမြသာယာ အဆင့်မြင့်ဈေးသစ်ကြီးဖွင့်ရန်အတွက် ဈေးရုံသစ်နားရှိ ပျံကျဈေးနေရာကို လာမည့် ဇန်နဝါရီ ၂၃ရက်နေ့တွင် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သိရပါသည်။

“ဈေးရုံသစ်ကြီး မဖွင့်နိုင်သေးတဲ့ ဒီစပ်ကြားမှာတော့ ပျံကျဈေးပေါ်မှာလည်း ဈေးသည်အချို့ရောင်းကြတယ်။ နောက် ပျံကျဈေးရုံကြီး ၆ရုံနဲ့ ဈေးရုံသစ်ကြီး ၄ရုံကြားထဲမှာ ကားပါကင်လုပ်ခဲ့တဲ့ လမ်းလေးမှာလည်း ယာယီ ပျံကျ ဈေးရောင်းကြတဲ့လူတွေရှိတယ်။ ခုဒီဘက်ဈေးရုံသစ်ကြီးဖွင့်မယ်ဆိုတဲ့ခါကျတော့ ဒီပျံကျတွေကို နေရာချပေးဖို့ ရှိတယ်။” ဟု မြို့နယ်စည်ပင်သာယာရေးမှူး ယခုလိုပြောသည်။

ပျံကျဈေးရုံသည် အခန်းပေါင်း ၁၁၉ ခန်း ရှိပြီး ဆိုင်ခန်းဌားရမ်းခအနေဖြင့် တစ်လလျှင် ၃၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ပျံကျဈေးအား နေရာပြန်လည် စီစစ်ချထားပေးရန်အတွက် စည်ပင်သာယာရေးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများ၊ ဈေးရောင်းသူများတွေ့ဆုံကာ နေရာချသွားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပျံကျဈေးနားမှာဘဲ ချထားပေးမှာ လမ်းကြီးကျယ်ကျယ်ရှိတာဘဲ ပျံကျဈေးနဲ့ ဈေးသစ်ကြီးကြား ၁၀ပေလောက်ကို ခင်းနိုင်ဖို့ အတွက် ဒီဘက်မှာ ကားရပ်ဖို့အတွက်လည်း ပေ၂၀လောက် စီစဉ်ပေးဖို့ မျှတအောင်စီမံပေးဖို့ လုပ်သွားမှာပါ။” ဟု ပြောသည်။

ပျံကျဈေးကြီးသည် ဈေးရုံသစ်ကြီး နံဘေးတွင်ရှိပြီး အဆိုပါ ဈေးရုံသစ်ကြီး၏ ကားပတ်ကင် ဧရိယာအတွင်း ယာယီဈေးရောင်းချမှုရှိနေသဖြင့် ယခုလို စီစစ်နေရာချထားပေးခြင်းဖြစ်သည်ဟု ပြောပါသည်။

Show More

Related Articles

Back to top button