သတင်း

လူမျိုးသုန်းသတ်ဖြတ်မှုကာကွယ်ရေး ကြားဖြတ်စီမံချက် ၄ ချက် ICJ ချမှတ်

မြန်မာပြည်တွင် လူမျိုးသုန်းသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာများကို ကာကွယ်သင့်ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကြားဖြတ်အစီမံ ၄ ချက်ကို ယနေ့ ချမှတ်ခဲ့သည်။

လွန်ခဲ့သည့်ဒီဇင်ဘာလ ကြားနားမှုတွင် ဂမ်ဘီယာနိုင်ငံမှ တင်သွင်းသည့် အချက် ၆ ချက် ရှိသည့်အနက် ICJ တရားသူကြီးများမှ အချက် ၄ ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့မှာ (၁) ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စေသည့် လုပ်ဆောင်မှုများအားလုံးကို မြန်မာ အစိုးရမှ ရပ်တန့်အောင် ဆောင်ရွက်ရန်၊ (၂) မြန်မာစစ်တပ်၊ ပြည်သူ့စစ်နှင့် အခြား လက်နက်ကိုင်တပ်ဖွဲ့များ လူမျိုးသုန်းသတ်ဖြတ်မှု မကျူးလွန်စေရန် ဟန့်တားရန်၊ (၃) ဂျီနိုဆိုက်သက်သေအထောက်အထားများကို ဖျက်ဆီးမှုတွေမရှိစေရေး မြန်မာအစိုးရမှ ဆောင်ရွက်ရန်၊ (၄) ယနေ့ အမိန့်ချမှတ်သည်မှစ၍ ၄ လအတွင်း အစီရင်ခံစာတင်ပြရန်နှင့် နောက်ဆုံးအပြီးသတ်အမိန့်မချမှတ်မှီ ၆ လတစ်ကြိမ် အစီရင်ခံစာ တင်သွင်းရန် တို့ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရဘက်မှ တောင်းဆိုခဲ့သော (၁) ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားသော အမှုကို လုံးဝပယ်ဖျက်ရန်၊ (၂) အမှုကို မပယ်ဖျက်ပေးနိုင်လျှင် ဂမ်ဘီယာ၏ ကြားဖြတ်စီမံချက်တောင်းဆိုမှုကို အမိန့်ထုတ်ပေးခြင်းမပြုရန် စသည့် ၂ ချက်ကို ICJ ဘက်မှ ပယ်ချခဲ့သည်။

မြန်မာအစိုးရစစ်တပ်သည် လူမျိုးသုန်းသတ်ဖြတ်မှုသဘောတူညီမှုကို ကျူးလွန်နေသည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံမှ မြန်မာပြည်ကို လွန်ခဲ့သည့်နှစ်က နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့ပြီး ICJ တရားရုံး၏ ပထမ ကြားနာမှုကို ဒီဇင်ဘာ လတွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်၊ ဘာသာရေးယုံကြည်ချက်နှင့် လူမျိုးရေးဖြစ်တည်မှု၊ ကွဲပြားမှုများကို နိုင်ငံရေး၊စစ်ရေး၊လူမှုရေးအရ အနိုင်အထက် အကြမ်းဖက်ကျူးလွန်မှုများရှိနေဆဲဖြစ်သောကြောင့် အမှန်တရားနှင့်တရားမျှတမှုအတွက် ရပ်တည်သွားမည့်အကြောင်း အရပ်ဖက်အဖွဲ့အစည်းများလည်း ဇန်နဝါရီ ၂၂ ရက်နေ့ ထုတ်ပြန်ထားပါသည်။

 

Show More

Related Articles

Back to top button