သတင်း

‘မျိုးဆက်သစ်မြန်မာ သုတေသန အစီရင်ခံစာ’ မြစ်ကြီးနားတွင် မိတ်ဆက်

လူငယ်များ ဘဝအခွင့်အလမ်းနှင့် မျှော်မှန်းချက်များကို သုတေသနပြုလုပ်ထားသည့် ‘မျိုးဆက်သစ်မြန်မာ သုတေသန အစီရင်ခံစာ’ ကို ကချင်လူငယ်များထံ မိတ်ဆက်ပေးသည့်အခမ်းအနား ဇန်နဝါရီလ ၂၂ ရက်နေ့ မြစ်ကြီးနား မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

မြန်မာလူငယ်များ၏ အနာဂတ်မျှော်မှန်းချက်၊ ခံစားချက်၊ မတူကွဲပြားသောအမြင်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်မှု ရာခိုင်နှုန်း၊ နိုင်ငံရေးတွင် လှုပ်ရှားပါဝင်မှု ၊ အစိုးရနှင့်အဖွဲ့အစည်းများအပေါ် အမြင်သဘောထား၊ လက်ရှိမြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် လူငယ်များ၏စိန်ခေါ်မှု၊ လုပ်ငန်းလုပ်ကိုင်မှု အခွင့်အလမ်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ပြသာနာ စသည့်မတူညီသော ကဏ္ဍအကြောင်းအရာများကို စုစည်းပြုစုထားသည့် စာတမ်းဖြစ်ကြောင်း အခမ်းအနားတွင် ရှင်းလင်းခဲ့ပါသည်။

“အခု မျိုးဆက်သစ် သုတေသနက ဘာကြောင့် ပြုစုသလဲဆိုတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲ ဖြစ်နေတဲ့ နိုင်ငံတွေမှာ ပြုစုကြပါတယ်။ အဲ့လိုပါဘဲ ကျမတို့နိုင်ငံလည်း အပြောင်းအလဲ ဖြစ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် မျိုးဆက်သစ်မြန်မာ သုတေသနပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”ဟု အစီစဉ် ဦးဆောင်ခဲ့သူ မ မီးမီးမျိုးဝင်း ပြောဆိုခဲ့ပါသည်။

ယခုအစီရင်ခံစာကို BRITISH COUNCIL မှ၂နှစ်ခန့် အချိန်ယူပြုစုခဲ့ကြောင်း ဆိုထားသည်။

ရည်ရွယ်ချက်မှာ လူငယ်ဆိုင်ရာ မူဝါဒပိုင်းဆောင်ရွက်နေသူများနှင့် လူငယ်ဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော်နေသူများ သိစေရန် ဖြစ်ကြောင်း ထပ်မံ ပြောဆိုခဲ့သည်။

အသက်အရွယ် ၁၈ နှစ် မှ ၃၀ အတွင်း လူငယ်၂ ထောင်ကျော်အား စစ်တမ်းကောက်ချက်အရ လာမည့် ၅နှစ်အတွင်း ပြုပြင်ပြောင်းလဲစေလိုသော အချက်များမှာ မူးယစ်ဆေးဝါး ပြသာနာနှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ဖြစ်သည်ကို တွေ့ရသည်ဟု ဖော်ပြထားပါသည်။

အစီရင်ခံစာမိတ်ဆက်သည့် အစီစဉ်တွင် လူငယ် အယောက် ၁၀၀ ခန့် ပါဝင်ခဲ့ပြီး လူငယ်ခေါင်းဆောင်များ၏ ဆွေးနွေးစကားဝိုင်းလည်း ထည့်သွင်းထားသည်ကို တွေ့ရပါသည်။

 

Show More

Related Articles

Back to top button