ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ကချင်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ရွှေ့ပြောင်း

ကချင်တော်လှန်ရေးနေ့အခမ်းအနားတွင် ပြဇတ်ဖျော်ဖြေမှုကြောင့် ထိန်းသိမ်းခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ယခုရွေ့ပြောင်းလိုက်ပြီဖြစ်သည်။

“အခု ဒီကိစ္စက ညှိနှိုင်းနေတယ်လေ။ ဒါပေမယ့် ထောင်က ၁၂ နာရီ ဆို ထောင်ပိတ်တယ်လေ။ ရဲစခန်းကတော့ ထောင်ပိတ်တော့ နေ့မကူးချင်ဘူးထင်တယ်လေ” ဟု သိက္ခာတော်ရ ဆရာလဝမ် ပြောသည်။

ထိန်းသိမ်းခံနေရသော ဆရာ Sumlut Tu Htang နှင့် ဆရာ Bima Dau Lum တို့ ၂ဦးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင်ပြုလုပ်သော ပြဇတ်တွင် ပါဝင်ခဲ့ခြင်းမရှိဟု သိရသည်။

အဆိုပါအမှုအတွက် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၊ ကချင်ရှေ့နေများကွန်ရက် ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တို့ ပူးပေါင်းပြီး တပ်မတော် နှင့် ညှိ့နှိုင်းနေစဉ် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပြဇတ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တံဆိပ်မပါသည့် ယူနီဖောင်းများ ဝတ်ဆင်ကာ ပြုလုပ်ခဲ့သဖြင့် ထိုအချက်ကို သဘောမကျတာဖြစ်နိုင်ကြောင်း ဆရာလဝမ် သုံးသပ်ပြောဆိုထားသည်။

ဓမ္မဆရာ ၂ ဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းတွင် စတင်ထိန်းသိမ်းခဲ့ပြီးနောက် ယနေ့ ၆ ရက်မြောက်နေ့တွင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော်လည်း မည်သည့်ပုဒ်မကြောင့် အရေးယူကြောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ရှင်းလင်းပြောဆိုခြင်း မရှိသေးပါ။

ဆက်စပ်သတင်းများ။

၁။ ကချင်တော်လှန်ရေးနေ့ အခမ်းအနားဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်

၂။ ကချင်တော်လှန်ရေးနေ့အစီစဉ်ပါဝင်သူ ၂ ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ

၃။ ကချင်တော်လှန်ရေးအစီစဉ်ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ

၄။ကချင်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို ဆက်လက်ထိန်းသိမ်းထားဆဲ

Show More

Related Articles

Back to top button