သတင်း

မံစီတွင် လက်လုပ်လေထိုးတံသေနတ်များ ဒုတိယအကြိမ် ဖျက်ဆီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မံစီမြို့နယ်တွင် ကလေးများဆော့ကစားသော လေထိုးတံသေနတ်များကို မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်စေရေး ထပ်မံ သိမ်းဆည်းကာ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

လေထိုးတံသေနတ်ပေါင်း ၁၅၆ လက်ကို မြို့နယ် စည်ပင်သာယာရေးအမှိုက်ကျင်းတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖျက်ဆီးခဲ့ကြောင်း မံစီ ပြန်ဆက်ဌာန သတင်းဖော်ပြထားသည်။

လေထိုးတံသေနတ်များထပ်မံဖျက်ဆီး။ ဓါတ်ပုံ-မံစီ ပြန်ဆက်

မံစီမြို့နယ်တွင် သေနတ်ကိုင်ဆောင်ခြင်းဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရန် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက် ၊ ကျေးရွားအုပ်ချုပ်ရေးအဖွဲ့များဖြင့် လိုက်လံသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လေထိုးတံသေနတ်များထပ်မံဖျက်ဆီး။ ဓါတ်ပုံ-မံစီ ပြန်ဆက်

ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း လေထိုးတံသေနတ် ၃၄ လက်ကို ကလေးများရှေ့တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။

လေထိုးတံသေနတ်များထပ်မံဖျက်ဆီး။ ဓါတ်ပုံ-မံစီ ပြန်ဆက်
Show More

Related Articles

Back to top button