သတင်း

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေသူ ဒေါ်ဂျာခေါ်န် ကျောက်ကပ်ရောဂါကုသရေးအတွက် အကူညီလိုအပ်နေ

ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေးအတွက် တက်ကြွလှုပ်ရှားသူ ဒေါ်ဂျာခေါန်သည် ကျောက်ကပ်ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသဖြင့် ပြန်လည်ကောင်းမွန်ရေးအတွက် အကူညီလိုအပ်နေကြောင်း သိရသည်။

ဒေါ်ဂျာခေါန်မှာ ယခုနှစ်ဆန်းပိုင်းကစပြီး ကျောက်ကပ်ဝေဒနာ ပြင်းထန်စွာခံစားလာရသည့်အတွက် မေလကုန်ပိုင်း ရန်ကုန်ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသခံယူခဲ့ပြီးနောက် ကျောက်ကပ် ၂ ဖက် လှဲလှယ်ရမည့်အခြေအနေ ဖြစ်နေကြောင်း သူ၏ သမီးဖြစ်သူ ဒေါ်နန်ဆိုင်းထံမှ သိရသည်။

“အမေ့ကျောက်ကပ်ကို လှဲပေးလိုက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်ကပ်က တစ်ပတ်မှာ ၂ခါ ဆေးရတယ်။ အဲ့ကြောင့် တစ်ပတ်မှာ ၂ သိန်း နီးပါး ကုန်ကျတယ်။ နှစ်အကြာဆိုရင်ကုန်ကျစရိတ်ကပိုပြီး တတ်နိုင်မှာမဟုတ်ဘူး။ ကျောက်ကပ်လှဲဖို့က သိန်းရာချီတယ်လို့ ပြောကြတယ်။ ကျနော်တို့မိသားစုတွေပဲဆိုရင် အဲ့လောက် ငွေပမာဏကို မတတ်နိုင်ဘူး” ဟု သူကပြောဆိုသည်။

လက်ရှိ ဒေါ်ဂျာခေါန်၏ ကျောက်ကပ်ကို တစ်ပတ်လျှင်၂ ကြိမ် ပုံမှန်ဆေးနေရသောကြောင့် တတ်နိုင်သောမည်သူမဆို ငွေကြေးအားဖြင့် ကူညီထောက်ပံ့ပေးစေလိုကြောင်း မေတ္တာရပ်ခံ ထားသည်။

ဒေါ်ဂျာခေါန်သည် မြစ်ဆုံ တန်ဖရဲကျေးရွာဒေသခံတစ်ဦးဖြစ်ပြီး၊ ၂၀၀၉ခုနှစ် ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် အောင်မြင်သာကျေးရွာတွင် ပြောင်းရွေ့နေရာချထားခံရပြီးနောက် ထိုချိန်ကစပြီး စီမံကိန်းကို ကိုယ်တိုင်ဦးဆောင် ကန့်ကွက်နေသူတစ်ဦးဖြစ်သည်။

ထို့သို့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် ဦးဆောင်နေသူဖြစ်သောကြောင့် ဒေါ်ဂျာခေါ်န်အပါအဝင် ဒေသခံ ၃ ဦးကို တရုတ်ကုမ္ပဏီ SPIC က ( ၂) လတစ်ကြိမ် ထောက်ပံ့နေသောဆန် (၇) ပြည်ကို ၂၀၁၄ ခုနှစ်ကစပြီး ရပ်တန့်ခဲ့သည်။

ဒေါ်ဂျာခေါ်န်သည် သားသမီး ၈ ယောက်၏ မိခင်တစ်ဦးဖြစ်သည့်အပြင် မုဆိုးမဘဝဖြင့် ကြိုးစားရုန်းကန်နေသည့် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်တန့်ရေးတွင် ပါဝင်နေသော ဒေါ်ဂျာခေါ်န် (Photo-KDNG)

Kachin Development Networking Group KDNG ကလည်း ဒေါ်ဂျာခေါ်န်၏ ကျောက်ကပ်ရောဂါကုသရေးအတွက် ကူညီလိုသူများအနေဖြင့် ကူညီနိုင်ကြောင်း ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဖော်ပြထားသည်။

Lum Hkawng – (Joint Secretary – KDNG)
Phone: 09400036875

Hkun Seng – (Son of Mrs. Ja Hkawn)
Phone: 09259951470

Acc Name: Maran Hkun Seng
KBZ Acc No: 32230101701152901
KBZ Pay: 09259951470

Show More

Related Articles

Back to top button