Covid-19 Reportingသတင်း

လူနာအမှတ်စဉ် (၇၈၈) နှင့် လေယာဉ်အတူစီးခဲ့သော မြစ်ကြီးနား မှ လူ ၇ ဦးကို ဆက်သွယ်၍မရ

Zawgyi version below…..

လူနာအမှတ် (၇၈၈) နှင့် လေယာဉ်တူစီးခဲ့သည့် မြစ်ကြီးနားမြို့မှ လူ ၁၃ ဦးအနက် ၇ ဦးကို ဆက်သွယ်၍မရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

သြဂုတ်လ ၂၀ ရက်နေ့ ရန်ကုန်-မန္တလေး-မြစ်ကြီးနား – ပူတာအို မြန်မာ့လေကြောင်းလိုင်း ခရီးစဉ် UB 625 ဖြင့် လိုက်ပါလာခဲ့သူများတွင် ကချင်ပြည်နယ်မှ ၂၆ဦးရှိခဲ့သည့်အနက် မြစ်ကြီးနားမြို့နယ်ထဲမှ ၁၅ဦးပါသည်။ လက်ရှိချိန်ထိ ၈ ဦးကို စုံစမ်းထားပြီဖြစ်သော်လည်း ကျန် ၅ ဦးသည် ဖုန်းပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် စုံစမ်းမရသေးကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

“ခုစုံစမ်းလို့မရတဲ့ဟာတွေကကျတော့ ဖုန်းကိုမကိုင်ကြတာ လိပ်စာကလည်းအတိအကျမပေးထားတဲ့ချိန်ကတော့ ဖုန်းဆက်မကိုင်ရင် စုံစမ်းရခက်တယ်။ ၁၅ဦးထဲကနေ မြစ်ကြီးနားမြို့ပေါ်က ၃ ယောက်ကတော့ ခံဝန်ကတိနဲ့ Home Q ထားတယ်။ ရပ်ကွက်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ အနီးကပ်စောင့်ကြည့်ခိုင်းထားတယ်။ သူတို့အနေနဲ့အိမ်မှာသီးသန့်နေရမယ် အပြင်လုံးဝမထွက်ရဘူး။ နောက် ၄ ယောက်က မြစ်ကြီးနားမှာ ၂ ရက်ဘဲနေပြီးတော့ ရန်ကုန်ပြန်ဆင်းသွားတဲ့အတွက် ရန်ကုန်မှာဘဲ F Q ဝင်နေတယ်။ ကျန်တဲ့တစ်ယောက်ကျတော့ လွယ်ဂျယ်ရောက်သွားပြီဖြစ်တဲ့အတွက် လွယ်ဂျယ်မှာ Q ဝင်နေတယ်။” ဟု မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

Covid-19 ဒုတိယလှိုင်းကြောင့် ပြည်တွင်းကူးစက်မူမြင့်မားလာသဖြင့် ရခိုင်ပြည်နယ်နှင့် ရန်ကုန် Stay Home ကြေညာထားသည့် မြို့မှ ကချင်ပြည်နယ်သို့လာသော မည်သူမဆို သတ်မှတ်နေရာတွင် Quarantine ဝင်ရမည်ဟု သတ်မှတ်ထားသည်။

လူနာအမှတ် (၇၈၈)သည် မန္တလေး၊ မြင်းခြံမှ အသက် ၄၇နှစ်အရွယ် အမျိုးသားဖြစ်ပြီး သြဂုတ်လ ၂၀ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းလာသူဖြစ်သည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၄ရက်နေ့ထုတ်ပြန်ချက်အရ အတည်ပြုလူနာပေါင်း (၁,၁၃၃)၊ ရောဂါကင်းစင်လာသူ(၃၅၉)၊ သေဆုံးသူ(၇) ဦးရှိကာ ကချင်ပြည်နယ်တွင် စက်တင်ဘာ ၃ရက်နေ့ထိ အတည်ပြုလူနာ ၂ဦးရှိခဲ့ပြီး၊ ဓါတ်ခွဲနမူနာပေါင်း(၅၉၄၉)၊ ပိုးမတွေ့ရှိသူ (၅၈၉၉)၊ ဓါတ်ခွဲအဖြေစောင့်(၄၈)ဦး ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်အရသိရသည်။

………………………………………

Zawgyi

လူနာအမွတ္စဥ္ (၇၈၈) ႏွင့္ ေလယာဥ္အတူစီးခဲ့ေသာ ျမစ္ႀကီးနား မွ လူ ၇ ဦးကို ဆက္သြယ္၍မရ
September 04, 2020/ Kachin News Group

လူနာအမွတ္ (၇၈၈) ႏွင့္ ေလယာဥ္တူစီးခဲ့သည့္ ျမစ္ႀကီးနားၿမိဳ႕မွ လူ ၁၃ ဦးအနက္ ၇ ဦးကို ဆက္သြယ္၍မရေၾကာင္း ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ၾသဂုတ္လ ၂၀ ရက္ေန႔ ရန္ကုန္-မႏၱေလး-ျမစ္ၾကီးနား – ပူတာအို ျမန္မာ့ေလေၾကာင္းလိုင္း ခရီးစဥ္ UB 625 ျဖင့္ လုိက္ပါလာခဲ့သူမ်ားတြင္ ကခ်င္ျပည္နယ္မွ ၂၆ဦးရိွခဲ့သည့္အနက္ ျမစ္ၾကီးနားျမိဳ႕နယ္ထဲမွ ၁၅ဦးပါသည္။ လက္ရိွခ်ိန္ထိ ၈ ဦးကို စံုစမ္းထားျပီျဖစ္ေသာ္လည္း က်န္ ၅ ဦးသည္ ဖုန္းျပန္လည္ေျဖၾကားျခင္းမရိွသည့္အတြက္ စံုစမ္းမရေသးေၾကာင္း ကခ်င္ျပည္နယ္၊ ျမစ္ၾကီးနားျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းကေျပာသည္။

“ခုစံုစမ္းလို႔မရတဲ့ဟာေတြကက်ေတာ့ ဖုန္းကုိမကိုင္ၾကတာ လိပ္စာကလည္းအတိအက်မေပးထားတဲ့ခ်ိန္ကေတာ့ ဖုန္းဆက္မကိုင္ရင္ စံုစမ္းရခက္တယ္။ ၁၅ဦးထဲကေန ျမစ္ၾကီးနားျမိဳ႕ေပၚက ၃ ေယာက္ကေတာ့ ခံဝန္ကတိနဲ႔ Home Q ထားတယ္။ ရပ္ကြက္မွဴး၊ ဆယ္အိမ္မွဴးေတြနဲ႔ အနီးကပ္ေစာင့္ၾကည့္ခုိင္းထားတယ္။ သူတုိ႔အေနနဲ႔အိမ္မွာသိီးသန္႔ေနရမယ္ အျပင္လံုးဝမထြက္ရဘူး။ ေနာက္ ၄ ေယာက္က ျမစ္ၾကီးနားမွာ ၂ ရက္ဘဲေနျပီးေတာ့ ရန္ကုန္ျပန္ဆင္းသြားတဲ့အတြက္ ရန္ကုန္မွာဘဲ F Q ဝင္ေနတယ္။ က်န္တဲ့တစ္ေယာက္က်ေတာ့ လြယ္ဂ်ယ္ေရာက္သြားျပီျဖစ္တဲ့အတြက္ လြယ္ဂ်ယ္မွာ Q ဝင္ေနတယ္။” ဟု ျမစ္ၾကီးနားျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းက ေျပာသည္။

Covid-19 ဒုတိယလိႈ္င္းေၾကာင့္ ျပည္တြင္းကူးစက္မူျမင့္မားလာသျဖင့္ ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္ Stay Home ေၾကညာထားသည့္ ၿမိဳ႕မွ ကခ်င္ျပည္နယ္သို႔လာေသာ မည္သူမဆို သတ္မွတ္ေနရာတြင္ Quarantine ဝင္ရမည္ဟု သတ္မွတ္ထားသည္။

လူနာအမွတ္ (၇၈၈)သည္ မႏၱေလး၊ ျမင္းျခံမွ အသက္ ၄၇ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ျပီး ၾသဂုတ္လ ၂၀ရက္ေန႔တြင္ ျမန္မာ့ေလေၾကာင္းလိုင္းျဖင့္ လုိက္ပါစီးနင္းလာသူျဖစ္သည္။

ျမန္မာႏုိင္ငံတြင္ စက္တင္ဘာလ ၄ရက္ေန႔ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာေပါင္း (၁,၁၃၃)၊ ေရာဂါကင္းစင္လာသူ(၃၅၉)၊ ေသဆံုးသူ(၇) ဦးရိွကာ ကခ်င္ျပည္နယ္တြင္္ စက္တင္ဘာ ၃ရက္ေန႔ထိ အတည္ျပဳလူနာ ၂ဦးရိွခဲ့ျပီး၊ ဓါတ္ခြဲနမူနာေပါင္း(၅၉၄၉)၊ ပုိးမေတြ႔ရိွသူ (၅၈၉၉)၊ ဓါတ္ခြဲအေျဖေစာင့္(၄၈)ဦး ရိွေၾကာင္း သက္ဆုိင္ရာဌာနမ်ား၏ ထုတ္ျပန္ခ်က္အရသိရသည္။

Show More

Related Articles

Back to top button