ရွေးကောက်ပွဲဆိုင်ရာသတင်း

မြစ်ကြီးနားမြို့တွင်း ဒုတိယအကြိမ် မဲစာရင်းလာရောက်ကြည့်ရှု့သူ ပိုများကြောင်း အုပ်ချုပ်ရေးမှုးများဆို

မြစ်ကြီးနားမြို့အတွင်း ပြည်သူများသည် ပထမအကြိမ်ထက် ဒုတိယအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ ပိုမိုမြင့်တက်ခဲ့ကြောင်း ရပ်ကွက်အုပ်ချူပ်ရေးမှူးများက ဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မဲစာရင်းကြေညာမှုကုန်ဆုံးခဲ့ပြီးနောက် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုအခြေအနေ ပိုမိုမြင့်တက်ခဲ့သည်ဟု မြစ်ကြီးနား လယ်ကုန်းရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးတူးလွမ်က ပြောသည်။

“ဒုတိယအကြိမ်ကပ်ခဲ့တဲ့ချိန်မှာတော့ ကြပ်ပြွတ်အောင် လာကြည့်ကြတာလည်းရှိတယ်။ အခုရွေးကောက်ပွဲ မဲထည့် ရမဲ့အချိန်လည်း နီးလာပြီဆိုတော့ ပါတီတွေအနေနဲ့လည်း စည်းရုံးရေးတွေ လုပ်လို့ထင်တယ်။ ရပ်ကွက်ပြည်သူတွေလည်း သူတို့နာမည်ပါ မပါ ပိုစိတ်ဝင်စားလာကြတာကို တွေ့ရတယ်။” ဟု လယ်ကုန်းရက်ကွက်အုပ်ချူပ်ရေးမှူး ဦးတူးလွမ်ကပြောသည်။

မဲစာရင်းကြေညာခြင်းပြီးစီးသွားပြီ ဖြစ်သော်လည်း ရွေ့ပြောင်းနေထိုင်သူဖြစ်ပါက ဒေသတစ်ခုတွင် ရက် ၉၀ နေထိုင်နေသူဖြစ်လျှင် မိမိမှတ်ပုံတင်ဖြင့် မဲထည့်နိုင်ခွင့်ကို ဆက်လက်လျှောက်ထားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အုပ်ချူပ်ရေးမှူးများအနေဖြင့် မဲစာရင်းပြုစုရာတွင် ယခင်နှစ်များထက်စာရင် ယခုနှစ်ရွေးကောက်ပွဲတွင် ပိုမိုလွယ်ကူ အဆင်ပြေသည်ဟု ၎င်းကဆက်ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်မျှသာ လိုအပ်တော့သည်။

Show More

Related Articles

Back to top button