ရွေးကောက်ပွဲဆိုင်ရာသတင်း

မြေယာပြဿနာဖြေရှင်းပေးရေးနှင့်ပတ်သက်၍ လာမည့်အစိုးရအပေါ် ဟူးကောင်းဒေသမှ ပြည်သူများ၏မျှော်လင့်ချက်များ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းမပေါ်ရှိ ပြည်သူများသည် မြေယာပြသာနာနဲ့ ရင်ဆိုင်နေကြရသည်မှာ ဆယ်စုနှစ်တစ်ခု ရှိလာပြီဖြစ်သည်။ ဟူးကောင်းဒေသတစ်ခုလုံးအား စတုရန်းမိုင်ကီလိုမီတာ ၂၁၈၉၀ မိုင်အား ၂၀၀၄ ခုနှစ်တွင် ပြည်ထောင်စုအစိုးရမှ (WCF) ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ၂၀၀၄ ခုနှစ်မှ စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် WCF နယ်မြေအတွင်း အချို့အား ယုဇနကုမ္မဏီအား စိုက်ပျိုးရေးဇုန်လုပ်ရန် ခွင့်ပြုပေးလိုက်သည်။ ယင်းကဲ့သို့ မြေနေရာများ သတ်မှတ်လိုက်သည့်အတွက် ဒေသခံများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အခက်ခဲများဖြစ်လာကြပြီး ဘိုးဘွားပိုင်မြေများ ဆုံးရှုံးမှုများလည်း များစွာကြုံတွေ့ခဲ့ကြရသည်။ အဆိုပါ မြေယာပြဿနာ ဖြေရှင်းပေးရေးနှင့်ပတ်သက်၍ လာမည့်အစိုးရအပေါ် ဟူးကောင်းဒေသမှ ပြည်သူများ၏ မျှော်လင့်ချက်များကို ဖော်ပြလိုက်ရပါသည်။

ဦးလထော်ပေါင်ဆာ (ရှင်ဗွေယန်ကျေးရွာ၊တနိုင်းမြို့)

“အဓိကတော့ ပြည်သူလူထုကို မလိမ်မညာတဲ့ ကိုယ်စားလှယ်တွေနဲ့ပြည့်စုံတဲ့ အစိုးရတော့ ဖြစ်ချင်တာပေါ့။အဲလိုမျိုးအစိုးရဖြစ်ရင် ကျွန်တော်တို့ပြည်သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လိမ့်မယ်လို့ ယုံကြည်တယ်။လူထုရဲ့စိတ်ကတော့ ကိုယ်လုပ်ချင်တဲ့အရာ တစ် ယောက်နဲ့တည့်ပြီးအပေးအယူတည့်ရင် လုပ်ခွင့်ရရင်ကျေနပ်ကြတာပေါ့။ဖြစ်သင့်ဖြစ်ထိုက်တာကတော့ ကျွန်တော်တို့ရဲ့ ဒေသန္တရ ကို စိတ်ဝင်စားပေးပြီးတော့မှ ဒေသန္တရကိုလည်း ကာကွယ်စောက်ရှောက်ရင်းနဲ့ ပြည်ထောင်စုနဲ့ပြည်နယ်ကို သဟဇာတညှိပြီးတော့ ထိန်းကျောင်းပေးနိုင်တဲ့ ကိုယ်စားလှယ်တွေကိုတော့များများမျှော်လင့်တာပေါ့”

ဒေါ်လဖိုင်နန်ဆိုင်း (တရုန်ကျေးရွာ၊တနိုင်းမြို့)

ဒေါ်လဖိုင်နန်ဆိုင်း (တရုန်ကျေးရွာ၊တနိုင်းမြို့)

“ပြည်သူတွေရဲ့ ခံစားချက်ကိုနားလည်ပေးတဲ့ ကိုယ်စားလှယ်၊အစိုးရဆိုရင်တော့ ပိုကောင်းတာပေါ့။ခုကတော့ ကျမတို့မှ မြေယာကိစ္စဆိုရင်လည်း ပုံစံ(၇)ရမှ ဆိုပြီးပြောကြတယ်။ဒါပေမယ့် အဲပုံစံ(၇)ရရင်လည်း သူတို့သိမ်းချင်တယ်ဆိုရင်တော့ သိမ်းလိုက်တာဘဲ။အဲကြောင့်ကျမတို့လိုချင်တာက ပုံစံ(၇)မရလည်း သက်ဆိုင်တဲ့အစိုးရအနေနဲ့ ဘာဘဲဖြစ်ဖြစ် ကျမတို့ပြည်သူတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်စားတဲ့ဟာတွေကိုတော့ ကာကွယ်ပေးတတ်တဲ့ အစိုးရမျိုးလိုချင်တယ်။ဖြစ်နိုင်လို့ရှိရင်တော့ ဘေးမဲ့တောအဖြစ်သတ်မှတ်လိုက်တဲ့ နေရာတွေကို မြေယာဖော်ထုတ်ပြီး ဒေသခံတွေကို လုပ်ကိုင်စားသောက်စေချင်တယ်။”

ဦးခွန်နော် (ရှင်လုံကျေးရွာ၊တနိုင်းမြို့နယ်)

ဦးခွန်နော် (ရှင်လုံကျေးရွာ၊တနိုင်းမြို့နယ်)

“ကျွန်တော်တို့ဆီမှာ အများအားဖြင့်တော့ မြေယာပြသာနာတွေဘဲ အများဆုံးဖြစ်တာဆိုတော့ ဒီဟာတွေကို အဓိကထားပြီး စဉ်းစားပေးတတ်တဲအစိုးရမျိုး လုပ်ငန်းရှင်တွေကို ဦးစားမပေးဘဲ ဒေသခံဌာနတိုင်းရင်းသားတွေကို ဦးစားပေးတဲ့အစိုးရမျိုးလိုချင် တယ်”

ဦးမုန်ဒွဲ (ပန္နက်ကျေးရွာ၊တနိုင်းမြို့နယ်)

ဦးမုန်ဒွဲ (ပန္နက်ကျေးရွာ၊တနိုင်းမြို့နယ်)

“ဘယ်အစိုးရဘဲတက်တက် ကိုယ့်ဒေသကိုယ့်လူမျိုးကို ကောင်းကောင်းလေးလုပ်ပေးတတ် ကိုယ်စားလှယ်မျိုး၊ ပြည်သူတွေကို ဖိနှိပ်တဲ့သူမျိုး ကောင်းကောင်းလုပ်စားခွင့်ပေးတဲ့ အစိုးရမျိုးလိုချင်တယ်။ ဒေသဖွံ့ဖြိုးရေးမှာလည်း မြို့နဲ့ရပ်ကျေးမခွဲခြားဘဲလုပ်ပေးတဲ့ ကိုယ်စားလှယ်၊ အစိုးရမျိုးရရင်တော့ အကောင်းဆုံးပေါ့”

Show More

Related Articles

Back to top button