သတင်း

ကချင်အမွေအနှစ် အင်ခိုင်ဘွမ် (N Hkai Bum) တောင်ခြေတွင် ဗုဒ္ဓစေတီတည်ဆောက်နေမှုကို ကန့်ကွက်နေကြ

မြစ်ကြီးနားမြို့မြောက်ဘက် ကချင်မျိုးလူမျိုးများ၏ သမိုင်းအစဉ်တဆက် အမွေအနှစ်အဖြစ်ထိန်းသိမ်းလာခဲ့သည့် အင်ခိုင်ဘွမ် (N Hkai Bum) တောင်ခြေတွင် အမြင့်ပေ ၂၇ရှိသော ဗုဒ္ဓဘာသာစေတီတည်ဆောက်ရန် ပြင်ဆင်နေမှုအပေါ် ကန့်ကွက်ကြောင်း ကချင်ဒေသခံများက ပြောဆိုနေကြသည်။

“ကချင်သမိုင်းဝင်အမွေအနှစ်နေရာတွင် ဘာသာရေးဆိုင်ရာအဆောက်အဦးတည်ဆောက်မှုကို အလိုမရှိကြောင်း” ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ရေးသားဖော်ပြေနေကြသည်။

ကချင်နိုင်ငံရေးပါတီတစ်ချို့နှင့် ကချင်အရပ်ဖက်အဖွဲ့အစည်းများ၏ အသံကို စုဆည်းဖော်ပြထားပါသည်။

ဒေါက်တာအင်ကောန်လ
ကချင်အမျိုးကွန်ဂရက်ပါတီ KNC ဥက္ကဌ

“မိမိရဲ့ကိုးကွယ်ယုံကြည်မှု လွပ်လပ်စွာကိုးကွယ်နိုင်တယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား ကိုးကွယ်တဲ့ ဘာသာမတူရင်လည်း အပြန်အလှန်လေးစားဖို့လိုတယ်။ အထူးသဖြင့် မိမိကိုးကွယ်ယုံကြည်မှုဟာ တပါးသော အမျိုသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာသော်လည်ကောင်း သူတို့ရဲ့ယဉ်ကျေးမှု ထိန်းသိမ်းရာနယ်မြေသော်လည်းကောင်းဖြစ်ခဲ့ရင် ဂရုစိုက်လေးစားသင့်တယ်ဆိုတာကို KNC ပါတီအနေနဲ့ အဲ့ဒါကို သတိပေးလိုတယ်။ သက်ဆိုင်ရာအစိုးရအနေနဲ့လည်း ဒီကိစ္စမျိုးကို ထိန်းသိမ်းပြီးတော့မှ သေချာစီစစ်ဆောင်ရွက်သင့်တယ်။ မဟုတ်ဘူးဆိုရင်လည်းမဟုတ်တဲ့အတိုင်းဆောင်ရွက်ပေးပါ။ ဟုတ်တယ်ဆိုရင်လည်း ဘာကြောင့်ဟုတ်ဆိုတာကို ဖြေရှင်းပေးစေလိုတယ်။

မဆွတ်ဆိုင်းထွယ်
ကချင်လူငယ်အဖွဲ့

“စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရက်စီပြည်ထောင်စုကိုသွားနေတာဖြစ်သောကြောင့် စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်ဆိုရင် လူမျိုးကြီးဝါဒအသွင် ဘာသာကြီးဝါဒအသွင် သွတ်သွင်းတဲ့လုပ်ရပ်မျိုးလုံဝမလုပ်သင့်ဘူး။ အစိုးရက စီစစ်ရမှာဖြစ်တယ်။ အဲ့ကြောင့်မို့ ကျမတို့တွေက အင်ခိုင်ဘွမ့်သမိုင်းဝင် အမွေအနှစ်နေရာဖြစ်တယ်။ ပုံပြင်တွေထဲမှာလည်း အမြဲကြားနေရတာဖြစ်တယ်။ သီးချင်းတွေထဲမှာလည်း အမြဲကြားနေရတာဖြစ်တယ်။ ကချင်လူမျိုးတွေရဲ့အထင်ကရနေရာမှာ အဆင်မခြင် ဗုဒ္ဓရုပ်ပွားတော်တွေ လာစိုက်ထူမယ်ဆိုရင်က နိုင်ငံရေးစနစ် အရလည်း မသင့်တော်သလို ဘာသာရေး ရှု့ထောင့်ကနေကြည့်မယ်ဆိုရင်လည်းမသင့်တော်ဘူး။ နောက်ပြီးယဉ်ကျေးမှုမရှု့ထောင့်ကနေလည်း လုံးဝလက်ခံလို့မရတဲ့အရာဖြစ်တယ်”

အားဆာမီး
ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR အမျိုးသမီးအဖွဲ့

“အင်ခိုင်ဘွမ့်တောင်မှာ ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာသာရေးအရ ဘယ်ဘာသာကောင်းတယ် ဆိုးတယ်ဆိုတာကိုတော့ မပြောချင်ပါဘူး။ ဒါပေမယ့် အင်ခိုင်ဘွမ်တောင်ဆိုတာက ကျမတို့ ကချင်တွေရဲ့သမိုင်းအစဉ်လာကြီးမားခဲ့တဲ့တောင်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီအင်ခိုင်ဘွမ်တောင်မှာ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်မယ်ဆိုတာက ကျမတို့ ကချင်ပြည်သူတစ်ယောက်အနေနဲ့က ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးကို အသုံးချပြီး ကချင် ပြည်သူတွေကို ကချင်ဒေသကို ဗမာမှုပြုတယ်လို့ဘဲခံးယူပါတယ်။ ဒါကြောင့် ဒီအင်ခိုင်ဘွမ့်တောင်မှာ ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်နေတာကို ရပ်ပေးဖို့ကလည်း တစ်ခါတည်းတောင်းဆိုချင်ပါတယ်”

ဦးကွမ်ကရောင်အောင်ခမ်း
ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ဒု-ဥက္ကဋ္ဌ – ၂

“ဥပဒေအရပြုလုပ်တာကတော့ တရားဝင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ အင်ခိုင်ဘွမ့်ရဲ့ ကြိုးဝိုင်းနေရာလည်းဖြစ်တယ်။ အခုလိုမျိုးရပ်မျိုးကတော့ လက်ရှိအစိုးရဖြစ်တဲ့ NLD အပေါ်မှာလည်းတာဝန်ရှိတယ်။ ဗမာပြည်ရဲ့ ဗုဒ္ဓပေါ်မှာလည်းတာဝန်ရှိပါတယ်။ ဒီဟာမျိုးတွေလုပ်လာမယ်ဆိုရင်ကတော့ ပဋိပက္ခတွေက ပိုမိုကြီးထွားလာနိုင်ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရနဲ့ သာသနာရေးအဖွဲ့ကနေ အမြန်ဆုံးကိုင်သွယ်ဖြေရှင်းပေးရန်လိုပါတယ်”

ကိုဘရန်ဆိုင်း
ကချင်လူငယ်အဖွဲ့

“ဒီလိုမျိုးကစ္စက ခေတ်အဆက်ဆက် ဘာသာရေးတစ်ခုကဘဲ လွှမ်းမိုးထားတဲ့အစိုးရဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ စိတ်ပျက်အားငယ်မိပါတယ်။ ကျနော်တို့ဌာနယ်လူမျိုးတွေတ်ဖိုးထားတဲ့ အင်ခိုင်ဘွမ့်ထိတောင်မှ လာရောက်ပြုလုပ်တာကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒါကိုအစိုးရကလည်းတာဝန်ယူဖြေရှင်းသင့်တယ်”

Show More

Related Articles

Back to top button