သတင်း

ဖားကန့် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ

ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းကို ကျည်အစစ်ဖြင့်ပစ်ခတ်ဖြိုခွင်းလိုက်ပြီးနောက် ဒဏ်ရာပြင်းထန်သူများရှိနေပြီး၊ အဖမ်းခံရသူများလည်း ရှိနေကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့ ဖားကန့်မြို့တွင် အေးမြသာယာသပိတ်စစ်ကြောင်းနှင့် ဆိပ်မူအုပ်စု သပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့နဲ့စစ်သားများမှ အကြမ်းဖက်ဖြိုခွဲမူ ၂ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးနောက် လုံးခင်းဘက်မှသပိတ်စစ်ကြောင်းအား ထပ်မံဖြိုခွင်းခဲ့ရာ ဒဏ်ရာရသူ ၅ဦးထက်မနည်းရှိခဲ့ပြီး အသေးစိတ်မသိရသေးကြောင်း ဒေသခံများထံမှသိရသည်။

ကျည်အစစ်ထိမှန်ထားသောကြောင့် ဒဏ်ရာပြင်းထန်သူ ၂ ဦး စိုးရိမ်ရသည့်အခြေနေတွင်ရှိသောကြောင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်မြို့တွင် ယနေ့ စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများချီတက်လာစဉ် ရဲများနှင့် စစ်သားများမှ ရာဘာကျည်၊ သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယနေ့ ဖားကန့်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ပြည်သူ သုံးထောင်ဝန်းကျင်ခန့်ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

ဖားကန့်မြို့တွင် မတ်လ ၃ရက်နေ့တွင် ရဲတပ်ကြပ်တစ်ဦးပါဝင်လာပြီးနောက် ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းမူများ ရင်ဆိုင်ခဲ့ကြရသည်။

ပထမနေ့ သပိတ်စစ်ကြောင်းအား ပစ်ခတ်ဖြိုခွင်းမူတွင် ဒဏ်ရာရရှိသူ အနည်းအကျဉ်းသာရှိခဲ့သော်လည်း ယနေ့ ဒုတိယအကြိမ် ပစ်ခတ်ဖြိုခွင်းခံရမူတွင် လက်ရှိချိန်ထိ ဖမ်းဆီးခံ ၅ဦး၊ ဒဏ်ရာရရှိသူ ၁၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများစာရင်း ထိခိုက်ဒဏ်ရာရသူများစာရင်း အတိအကျ မဟုတ်သေးဘဲ ထပ်တိုးရှိနိုင်သေးကြောင်းလည်း ဒေသခံများကဆိုသည်။

Show More

Related Articles

Back to top button