သတင်း

ဝိုင်းမော် သပိတ်တွင် ဖမ်းဆီးခံရသော ဆရာမ အပါ ၂ ဦးကို တွေ့ခွင့်မပြု

ဝိုင်းမော်မြို့  စစ်အာဏာဆန့်ကျင်ရာတွင်ပါဝင်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖမ်းဆီးခံရသော ကျောင်းအုပ်ဆရာမ အပါ ၂ ဦးကို မည်သူတစ်ဦးတစ်ယောက်နဲ့မျှ တွေ့ခွင့်မပေးသေးကြောင်း ယင်းအမူလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောသည်။

“တွေ့ခွင့်ကို တောင်းတာတော့ ၃ကြိမ်ရှိပြီ။ ပထမအကြိမ်တော့ ဖမ်းဆီးခံရခြင်း ထောင်မရောက်ခင် ဝိုင်းမော်ထွေအုပ်ရုံးထဲမှာ ထိန်းသိမ်းထားတဲ့ချိန်တွေ့ဆုံခွင့်တောင်းတယ် မရခဲ့ဘူး။ ဒုတိယအကြိမ်ကတော့ ထောင်ကြီးမှာ ရောက်သွားတဲ့ချိန် တွေ့ဆုံခွင့်တောင်းတယ်။ မသဲကွဲဘူူးဘာမှမရခဲ့ဘူး။ တတိယအကြိမ်ကတော့ ဥပဒေကြောင်းအရ အကျဉ်းထောင်လက်စွဲဥပဒေအရတွေ့ဆုံခွင့်တောင်းတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်တဲ့ချိန်ကျတော့ ကိုယ်တွေပဲ မဟုတ်ဘူး။ ရှိသမျှသာမန်အကျဉ်းသားတွေကော ဘယ်သူမှ တွေ့ဆုံခွင့်မပေးဘူး။ ထောင်က ကွာရန်တင်းစင်တာမှာ သီးသန့်ထားတာဖြစ်တဲ့အတွက် အပြင်လူတွေနဲ့တွေ့ဆုံခွင့်မပေးတာပါဆိုပြီး ပြောပါတယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောသည်။

သို့သော် ကျောင်းအုပ်ဆရာမကြီးနှင့်အမျိုးသမီး ၂ဦးအမူအား ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ခွင့် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ပြပြီးဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးနှင့်အမျိုးသမီး ၂ဦးအား လာမည့် မတ်လ ၁၂ ရက်နေ့တွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး သဘာဝဘေးအန္တာရယ်စီမံခန့်ခွဲမူဥပဒေဖြင့် အမူစွဲဆိုထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

“မူလက သိထားတာတော့ ဘေးစီပုဒ်မ ၂၅ နဲ့စွဲထားတာဆိုတာဘဲ သိထားတယ်။ ဘယ်လိုပုံစံစွဲတယ် အမူကဘယ်သူကိုင်တယ် ဘာလုပ်တယ် အဲဒါတွေဘာမှမသိရသေးဘူး။ လူတောင်မှတွေ့ခွင့်မရသေးတာမို့ ဒီအမူအကြောင်းအရာကိုဘယ်လိုမှ သိနိုင်စရာအကြောင်းမရှိဘူး။ ဒီနေ့မှသူတို့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေကိုယ်စားလှယ်လွဲစာ တင်တာဖြစ်တယ်။” ဟု ဖမ်းဆီးခံရသည့်ဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောသည်။

အဆိုပါ ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီး ၂ဦးသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိပြည်သူများ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဆန္ဒဖော်ထုတ်နေစဉ်အတွင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းအုပ် ဆရာမကြီးဒေါ်လငန်လွမ်းနောနှင့် ဒေါ်ဇတန်းဇေညွယ်တို့ ဖြစ်ကြသည်။

အဆိုပါ အမျိုးသမီးဖမ်းဆီးခံရပြီးနောက် ဝိုင်းမော်ပြည်သူများ ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံထားရသည့် ဆရာမနှင့် အမျိုးသမီး ၂ဦးအား အမြန်ဆုံးပြန်လည် လွှတ်မြောက်ခွင့်ပေးရန်လည်း ထည့်သွင်းကြွေးကြော်လာကြသည်။

Show More

Related Articles

Back to top button