တိုက်ပွဲသတင်း

ရွှေကူ မြို့နယ် ရဲစခန်းကို KIA တိုက်ခိုက်ဖျက်စီး

ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အာဏာသိမ်းစစ်တပ်အောက် ကျောက်ကြီး ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၃ နာရီအချိန်တွင် တိုက်ခိုက်ကာ ဖျက်စီးပေးလိုက်သည်ဟု သိရသည်။

“တိုက်ပွဲ ဖြစ်တာတော့သေချာတယ်။ အိပ်လို့တောင်မရဘူး။ အစတုန်းကတော့ မိုးခြိမ်းသံလို့ဘဲထင်နေတယ်။ ၄နာရီခွဲလောက်မှာပြန်တိတ်သွားတယ်။ အခုချိန်ထိတော့ ဘာသံမှမကြားရသေးဘူး”ဟု ရွှေကူဒေသခံတစ်ဦးထံမှသိရသည်။

စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူလူထုကို ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမှူးအပါအဝင် ရဲ ၂ ဦးကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နံနက်ကလည်း ဖားကန့်မြို့အတွင်း ရဲတပ်ရင်းစခန်းများကို KIA က တိုက်ခိုက်ခဲ့သဖြင့် ရဲအင်အား ၃၀ ခန့် ကျဆုံးသွားကြောင်း သိရသည်။

Show More

Related Articles

Back to top button