,

Breaking News :

မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

မိုးညှင်းရဲစခန်းမှ အချုပ်သား ၇ ဦး ပိုးကူးစက်ခံရ

ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ

ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ

ဖားကန့်လမ်း ကာမိုင်း စစ်တပ်ဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ

ကသာမြို့အဝင် စစ်ကောင်စီ ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရ

မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ

ရှဒူးဇွပ်ကျေးရွာတွင် ၂ရက်အတွင်း Covid-19 အတည်ပြု လူနာ ၄၇ ဦးရှိ

ပူတာအိုတွင် နာရေးကူညီမှု ကားတစ်စီး လိုအပ်ကြောင်း မေတ္တာ နာရေးကူညီမှုအသင်းပြော

မိုင်းခွဲတိုက်ခိုက်ခံရသော အာဏာသိမ်းစစ်တပ်က ပြည်သူများကို ပြန်လည်ပစ်ခတ်

မိုးကောင်းမြို့

မိုးကောင်းမြို့နယ် ဆန်ပါလီကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေရှိနေကြောင်း သိရသည်။

ဧပြီလ ၈ ရက် ည ၇ နာရီခန့်က တနိုင်းမှ ဆင်းလာသော အာဏာသိမ်းစစ်တပ် စစ်ကားတစ်စီး ဆန်ပါလီကျေးရွာတွင် ရပ်ပြီး လမ်းမပေါ်ဖြတ်သွားသောကျေးရွာပြည်သူများကို စစ်ဆေးခဲ့ပြီးနောက် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“မနေ့ည တနိုင်းဘက်ကနေဆင်းခဲ့တဲ့ စစ်ကားတစ်စီးက ရပ်ပြီးတော့ သွားလာနေတဲ့သူတွေကို ရပ်ခိုင်းပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်။ ရပ်ပေးတဲ့သူတွေကိုတော့ ဘာမှမလုပ်ဘူး။ ရှောင်ပြီး ထွက်ပြေးတဲ့ သူတွေကို သေနတ်နဲ့ပစ်တယ်။ အဲ့မှာ တစ်ယောက်ကို ဦးခေါင်းမှာကျည်မှန်သွားတယ်။ သူတို့က ထပ်ပြီး ရွာထဲမှာ သေနတ်အချက် ၁၅ချက်လောက် ဖောက်တယ်။” ဟု ပြောဆိုသည်။

သေနတ်ကျည်ထိမှန်သွားသည့်အမျိုးသားမှာ အသက် ၃၀ကျော်အရွယ်ရှိ ဂေါ်ရခါးလူမျိုး ဟာရစ်ကစ်စနား ဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် မြစ်ကြီးနား စစ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထိုအဖြစ်အပျက်မတိုင်ခင်နာရီပိုင်းအလိုက အဆိုပါအာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် တနိုင်းမှဆင်းလာခြင်းဖြစ်ပြီး မရန်ကထောင်နှင့် လွယ်လီယန်ကျေးရွာကြားတွင် မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ဖြတ်သန်းသွားလာသူများကို မေးမြန်းပြီး ယခုလို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Read Previous

KIO ဌာနချုပ် နယ်မြေသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ပစ်ခတ်

Read Next

ပူတာအို စစ်အာဏာသိမ်းမှုဆန့်ကျင်သူ လူငယ်များကို ဝရမ်းထုတ်ထားသဖြင့် တိမ်းရှောင်နေရ

Leave a Reply

Your email address will not be published. Required fields are marked *