သတင်း

မြစ်ကြီးနားမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်တွင် ပါဝင်သူတစ်ဦး ယနေ့နံနက် ဖမ်းဆီးခံရ

မြစ်ကြီးနားတက္ကသိုလ် သမိုင်းအထူးပြု ဒုတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသား ကိုမျိုးထက်နိုင်လင်းအား ယနေ့နံနက် ၆နာရီဝန်းကျင်တွင် ၎င်းနေထိုင်သည့် ရှမ်းစုတောင် ကွန်ပျူတာတက္ကသိုလ်ဝန်ထမ်းအိမ်ယာမှ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုများထံမှ သိရသည်။

“မနက်အစောကြီး အိမ်စီးကား ၆စီး၊ ရဲကား ၂စီး ရောက်လာပြီးတော့ သူအိပ်နေတဲ့အခန်းကနေ လက်ထိပ်ခတ်ပြီး လာဖမ်းသွားပါတယ်။”ဆိုပြီး မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံသွားရသည့် ကိုမျိုးထက်နိုင်လင်းအား လက်ရှိချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း တိတိကျကျမသိရသေးချေ။

“ခုနတော့ ဖုန်းတစ်ခါဆက်လာတယ် ရဲစခန်းမှာတော့ မဟုတ်ဘူးလို့ပြောတယ် အနားမှာ ရဲတွေရှိနေလို့ထင်တယ်။ မစိုးရိမ်နဲ့ဘဲပြောပြီး ဖုန်းချသွားတယ်။

ဖမ်းဆီးခံရသည့် ကိုမျိုးထက်နိုင်လင်းသည် စစ်အာဏာသိမ်းသည့်နောက် မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူငယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။

ယခုရက်ပိုင်း မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ရဲနဲ့စစ်သားများ နေအိမ်များအထိ လိုက်လံဖမ်းဆီးမူများရှိနေကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button