သတင်း

စစ်တပ်ဆန့်ကျင်သောလူငယ်များကို ဖမ်းနိုင်လျှင် ငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့ ကြေညာ

ဝိုင်းမော်မြို့နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုက်တည်မြို့တွင် စစ်အာဏာရှင်ဆန့်တော်လှန်ရေး လှုပ်ရှားသော လူငယ်များကို ဖမ်းဆီးပေးနိုင်လျှင် မြန်မာငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့က ကြေညာထားကြောင်း သိရသည်။

မေလ ၅ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သည့် လူငယ်များက လူမဲ့သပိတ်ဖြင့်  ‘အာဏာရှင်ကျဆုံးပါစေ၊ ခွေးစကား နားမယောင်နဲ့ ၊ နွေဦးတော်လှန်ရေးအောင်မြင်ရမည် ၊ Join In CDM’ စသောစာသားများကို လမ်းမပေါ်နှင့် နံရံများတွင် ရေးသားဖော်ပြခဲ့ကြသည်။

ကန်ပိုင်တီမြို့တွင် ပထမဆုံးပြုလုပ်သော အဆိုပါစစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လှုပ်ရှားမှုတွင် ပါဝင်သောလူငယ်များကို ဖမ်းဆီးပေးရန် ဒလန်များကို ကြေညာထားကြောင်း သပိတ်တွင်ပါသူ လူငယ်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့ ဒေသက အစကနေ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးမှာ ဘယ်သူမှမလုပ်ကြဘူး။ ကျနော်တို့ လူငယ်တွေလည်း အရမ်းလုပ်ချင်တယ်။ ဒါပေမယ့် ဒီဘက်မှာက အရမ်းတင်းကြပ်တယ်။ ရဲ၊ စစ်သား၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အစုံရှိတော့ ဘာမှလုပ်လို့မရဘူး။ အခုတောင်မှ စာသားဘဲ လိုက်ရေးထားတယ်။ ဒါတောင် ပြည်သူ့စစ်က ဒလန်တွေကို ငွေ ၁၀သိန်းဆုချမယ်ဆိုပြီး ဖမ်းခိုင်းနေတယ်လို့ သတင်းကြားတယ်”ဟု ပြောဆိုသည်။

ကန်ပိုင်တီဒေသသည် ယခင် ဦးဇခုန် တိန့်ယိန်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA-K နယ်မြေ ဖြစ်ပြီး ယခုနောက်ပိုင်းတွင် နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ နယ်မြေဖြစ်သည်။

ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့များမှာ အာဏာသိမ်းစစ်တပ်ကို သစ္စာခံထားပြီး အရပ်သားပြည်သူများဘက် ရပ်တည်ခြင်းမရှိကြောင်း ဒေသခံများ၏ ဖွင့်ဟပြောဆိုမှုများလည်း ရှိနေသည်။

Show More

Related Articles

Back to top button