သတင်း

လိုင်စင်မဲ့ ကားများကို ဖမ်းဆီးနေ

အာဏာသိမ်း စစ်ကောင်စီက မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်နှင့် အခြားမြို့ဝင်နေရာများတွင် ကားများကို စစ်ဆေးဖမ်းဆီးနေကြောင်း သိရသည်။

ယနေ့ မေလ ၉ ရက်နေ့မှစပြီး ၂၁ မိုင်ဂိတ်တွင် လိုင်စင်မဲ့ကားများကို စစ်ဆေးကာ ဖမ်းဆီးနေသည့်အကြောင့် ခရီးသွားပြည်သူတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

“သူတို့ စစ်ဆေးဖမ်းနေတာက မြို့ပတ်လမ်း မြို့ဝင်ဆိုင်းဘုတ်နားနှင့် ၂၁ မိုင်ဂိတ်မှာဖြစ်တယ်။ ၄ ရက်ဆက်တိုက်ဖမ်းမယ်လို့ သိရတယ်။” ဟု ခရီးသွားပြည်သူတစ်ဦး ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ကချင်ပြည်နယ်အတွင်း ဆိုင်ကယ်အရောင်းစင်တာများတွင်လည်း ညအချိန် ဝင်ရောက်စစ်ဆေးကာ လိုင်စင်မဲ့များကို သိမ်းယူမှုများ ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button