လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ

လီဒိုလမ်းမပေါ်ရှိ ကျေးရွာများတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်လာသောသူများ၏ အမည်စာရင်းများကိုပေးရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူခဲ့သည်ဟု သိရသည်။

မေလ ၁၁ ရက်နေ့မှစတင်ပြီး တနိုင်း လီဒိုလမ်းမပေါ်တွင်ရှိကြသော ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန်၊ နောင်းမီနှင့်ဝါရာဇွပ် စသောကျေးရွာများတွင်လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို နီးစပ်ရာ တပ်စခန်းများတွင် ခေါ်ယူကာ အာဏာသိမ်းပြီးနောက်ပိုင်း KIA ထံ စစ်မှုထမ်းရန်သွားသော လူငယ်များ၏ အမည်စာရင်းပေးရန် တောင်းခံခဲ့သည်ဟု အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူများထံမှ သိရသည်။

“အာဏာသိမ်းယူလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျေးရွာအတွင်းက KIA ထဲဝင်သွားတဲ့သူတွေ၊ နောက်ပြီး KIA က လာခေါ်သွားတဲ့ သူတွေရဲ့ အမည်စားရင်းကိုတောင်းတယ်။” ဟု ပြောဆိုသည်။

လဝါး နှင့် နောင်းမီ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခလရ ၈၆ တပ်ရင်း ၊ ဒွမ်ဘန် အုပ်ချုပ်ရေးမှူးကို ခလရ ၂၉၈ တပ်ရင်း နှင့် ဝါရာဇွပ် အုပ်ချုပ်ရေးမှူးကကို ခလရ ၂၉၇ တပ်ရင်းတို့တွင် အသီးသီး ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ကျေးရွာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ နယ်မြေဖြစ်ကာ လက်ရှိတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ ရံဖန်ရံခါ ဖြစ်ပွားနေသော ဒေသဖြစ်သည်။

Show More

Related Articles

Back to top button