မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဖုန်အိန်ယန်ကျေးရွာတွင် ဥပဒေမဲ့ ရွှေတူးဖော်နေကြောင်း ဒေသခံများပြော

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် ရွှေတူးဖော်သူများက ကျေးရွာနယ်နမိတ်အတွင်းထိ ဥပဒေမဲ့ တူးဖော်လာကြသည်ဟု ဒေသခံများပြောသည်။

ဖုန်အိန်ယာန်ကျေးရွာသည် ဖုန်အိန်ချောင်းနှင့် ဖုန်ကျန်းခ ချောင်း ၂ခုဆုံသည့် ကုန်းကမ်းပါအလယ်တွင် တည်ရှိခြင်းဖြစ်ပြီး NLD အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းက ခွင့်ပြုထားသော စီမံကိန်းများဖြစ်သည်။

“ရွှေတူးဖော်တာက အရင်အစိုးရလက်ထက်ကတည်းက ခွင့်ပြုထားတဲ့နေရာတွေပဲ။ ဒါပေမယ့် အခု နောက်ပိုင်း ဖြစ်ပျက်လာတာက အရင်းက ချောင်းရဲ့ ပေ ၃၀၀ အကွာ တူးဖော်ခွင့်မပေးဘူး။ အခုကအဲ့လိုမဟုတ်တော့ဘူး။ ပေ ၃၀၀ အကွာထားတာလည်းမရှိတော့ဘူး။ အကုန်လုံးမြေလှန်တူးနေတော့တာဘဲ။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထိုသို့ ချောင်း ၂ခု၏ အထက်ပိုင်းချောင်ကမ်းပါးများ သတ်မှတ်ထားခြင်းမရှိဘဲ မြေလှန်တူးဖော်နေသည့်အတွက် ကျေးရွာအတွင်းရေကြီးရေလျှံဖြစ်ကို စိုးရိမ်နေပြီး ရေညစ်ညမ်းမှုများလည်း ရှိလာသည်ဟု သူကဆက်လက်ပြောဆိုခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီး ၁ လအကြာထိ ဖုန်အိန်ယန်ကျေးရွာက ရွှေတူးဖော်ရေးလုပ်ငန်းများရပ်နားခဲ့သော်လည်း ဧပြီလမှစတင်ပြီး လုပ်ငန်း ပုံမှန်ပြန်လည်လုပ်ကိုင်လာကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

လက်ရှိ ဖုန်ကျန်းခတွင် လုပ်ငန်းရှင် ၆ဦးခန့်နှင့် ဖုန်အိန်ချောင်းတွင် လုပ်ငန်းရှင် ၁၀ဦကျော်ခန့် စုစုပေါင်း လုပ်ငန်းရှင် ၂၀နီးပါခန့် ရွှေတူးဖော်နေကြသည်။

ရွေးကောက်ခံအစိုးရလက်ထက်တွင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တရားဝင် ခွင့်ပြုထားသည့် ရွှေလုပ်ကွက် ၁၃ ခုရှိခဲ့ပြီး ၎င်းတို့မှာ အင်ဇာဇွပ်အထက်ဖက်ရှိ ဂဖရန့်ခူး(ဒေသခေါ်) အနီးတဝိုက်၊ အင်ဘန်ခအနီးရှိ အင်လီဇွပ်ခူး၊ ဖုန်အိန်ခအနီးတဝိုက်၊ လက်ချောင်းဆုံ(ဖုန်ငိုင်ခ)နှင့် ဖုန်းကျန်းခ အထက်ဘက်တွင်ရှိသော ရှင်ဒန့်ခူးတွင် ၂နေရာ၊ အင်ဘန်ဇွပ်ဘက်ရှိ ဝါးတောမှော် စသောနေရာတွင်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button