လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်ကားဝင်တိုက်မှုကြောင့် ပူတာအို လူငယ်တစ်ဦးသေဆုံး

ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်လိုက်သော လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မေလ ၂၂ ရက်နေ့ ပူတာအို မူလာရှီးဒီး ကြိုးတံတားဘက်မှ စစ်တပ်အရာရှိစစ်ဗိုလ် ၃ဦး စီးလာသည့်ကားသည် လမ်းမကြီးပေါ်တွင် မောင်းနင်နေသော ဆိုင်ကယ်တစ်စီးကို ဝင်တိုက်လိုက်သဖြင့် လူငယ်တစ်ဦး သေဆုံးသွားခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

“စစ်သား ၃ယောက်က မူလာရှီးဒီးကြိုး တံတားဘက်ကနေပြန်လာတာတဲ့။ လူငယ်ကို ကားနဲ့ဝင်တိုက်လိုက်တယ်။ စစ်ကားတော့မဟုတ်ဘူး။ သူတို့စီးတဲ့ကားက ဘရိတ်မကောင်းဘူးလို့ ပြောတာဘဲ။ ဖြစ်ဖြစ်ချင်းဘဲ စစ်သားတွေက သူတို့ရဲ့စစ်ဆေးရုံးခေါ်သွားပေးတယ်။ စစ်ဆေးရုံမှာကုလို့မရတော့ မြစ်ကြီးနားကို ပို့ဖို့ သွားလိုက်တယ်။ ဆွမ်ပရာဘွမ့်လမ်းမကြီးမှာဘဲ ဆုံးသွားတယ်တဲ့” ဟု ပြောဆိုသည်။

သေဆုံးသွားသည့် လူငယ်မှာ အသက် ၃၀အရွယ် လဝက ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ပူတာအို လေယာဉ်ကွင်း ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်းသိရသည်။

ပူတာအိုမြို့ စစ်တပ်က ဒေသခံပြည်သူများကို ကားနှင့်ဝင်တိုက်သောကြောင့် နှစ်စဉ်နှစ်တိုင်း လူသေဆုံးမှုများ ကြုံနေရသည်ဟု သူဆက်ဆိုသည်။

စစ်တပ်၏ ကားတိုက်ခံရပြီး သေဆုံးသွားသော လူငယ်၏ရုပ်အလောင်း သဂြိုလ်သည့် ဆုတောင်းပွဲ အခမ်းအနားကို မေလ ၂၄ရက်နေ့ ယနေ့ ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button